Connect with us

Hi, what are you looking for?

သတင်း

ကျောက်စိမ်းများသယ်လာ​သော စစ်တပ်ကားတန်းအတွက် ကသာနှင့် ထီးချိုင့်ကြား စစ်တပ်ကကင်းပုန်းများချ

ကားအစီးရေ ၃၀ထက်မနည်းပါဝင်သော စစ်ကောင်စီယာဉ်တန်းသည် ယမန်နေ့က အင်းတော်မြို့ကို ကျော်ပြီးနောက် မတ်လ ၂၃ရက်တွင် ကသာနှင့်ထီးချိုင့်မြို့ကြားသို့ရောက်ရှိလာခြင်းဖြစ်သည်။

(ကချင်နှင့် စစ်ကိုင်တိုင်းအစပ်တစ်​နေရာတွင် စစ်ကားများအနားယူ​နေစဥ်။ဓါတ်ပုံ- CJ)
(ကချင်နှင့် စစ်ကိုင်တိုင်းအစပ်တစ်​နေရာတွင် စစ်ကားများအနားယူ​နေစဥ်။ဓါတ်ပုံ- CJ)

ကချင်ပြည်နယ်ဘက်မှ ဆင်းလာသော စစ်ကောင်စီယာဉ်တန်းတွင် ကျောက်စိမ်းများသယ်ဆောင်လာ‌ကြောင်း သတင်းရရှိထားပြီး ကသာ-ထီးချိုင့်လမ်းတလျှောက် စစ်ကောင်စီကင်းပုန်းများ ချထားကြောင်း ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ကားအစီးရေ ၃၀ထက်မနည်းပါဝင်သော စစ်ကောင်စီယာဉ်တန်းသည် ယမန်နေ့က အင်းတော်မြို့ကို ကျော်ပြီးနောက် မတ်လ ၂၃ရက်တွင် ကသာနှင့်ထီးချိုင့်မြို့ကြားသို့ရောက်ရှိလာခြင်းဖြစ်သည်။

” ကချင်ဘက်ကို တက်သွားတဲ့ကားတန်းက အခု ပြန်ဆင်းလာပြီ။ ကျောက်စိမ်းတွေသယ်လာတယ်လို့ကြားတယ်။ ဒီနေ့ဆို ကသာနဲ့ထီးချိုင့်ကြားမှာကင်းပုန်းတွေ အများကြီး ချထားတယ်”ဟု ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

အဆိုပါယာဉ်တန်းသည် ယနေ့( မတ်လ ၂၄ရက်)နံနက်အထိ ကသာမြို့တ‌နေရာတွင် လုံခြုံရေးအများအပြားချ၍ ရပ်တန့်ထားဆဲဟု သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီကားအစီးရေ ၃၀အနက်ငါးစီးတွင် ကျောက်စိမ်းများတင်ဆောင်လာပြီး မကြာမီ ထီးချိုင့်မြို့သို့ ဆင်းလာနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတင်းရရှိထားသည်။

အထက်ပါ ယာဉ်တန်းသည် အင်းတော်နှင့် ကသာမြို့ကြားတွင် ရှိနေစဉ် မတ်လ ၂၀ရက်နှင့် ၂၁ရက်က KIA၊PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့သည်။ နှစ်ရက်ဆက် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ဆယ်ဦးထက်မနည်းသေဆုံးကြောင်း Indaw Revolution – IR ကသတင်းထုတ်ပြန်ထားသည်။

ကချင်ပြည်နယ်မှ ယခုပြန်ဆင်းလာသော ယာဉ်တန်းသည် မတ်လ ပထမလလယ်က သပိတ်ကျင်းမြို့နယ်မှ စတင်ထွက်ခွာလာကာ တကောင်း၊ ထီးချိုင့်၊ ကသာနှင့် အင်းတော်မြို့များကိုဖြတ်ပြီး ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းသို့ အင်အားတိုးခဲ့သည့် ယာဉ်တန်းဖြစ်သည်။ အဆိုပါယာဉ်တန်းကို သပိတ်ကျင်းနှင့် ထီးချိုင့်မြို့ကြား တကောင်းနယ်၊ထီးချိုင့်နှင့်ကသာကြား စသည့်နေရာတို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်အထိနာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

CNO/CNDFဟာ​တော်လှန်​ရေးကိုဆက်လုပ်ဆဲဖြစ်ပြီး အနာဂါတ်တွင်လည်းဆက်လက်​တော်လှန်မည်ဖြစ်သလို မကြာခင်သတင်းထုတ်ပြန်မည်ဟု ​တာဝန်ရှိသူအသိ​ပေး

သတင်း

အာဏာသိမ်းစစ်တပ်က သံတွဲမြို့နယ်၊ရွှေလှေ နဲ့ လင်းသီကျေးရွာတို့ကိုဒီက​​နေ့ ဂျက်ဖိုက်တာနဲ့ ဗုံးသုံးလုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့်အရပ်သားလူနေအိမ်ပေါ် တည့်တည့်ကျပြီး ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၁ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။