Connect with us

Hi, what are you looking for?

သတင်း

ဆောင်းပြောင်းဒေသတွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေ

အဆိုပါစစ်ကြောင်းကို ကရင်နီတပ်မတော် (KA) ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) နှင့် အလယ်ပိုင်းတိုင်းတပ်ဖွဲ့များက ပူးပေါင်းတိုက် ခိုက်နေသည်။

(စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော ရဲဘော်အား ဆေးကုသမှုပေးနေစဥ်။ ဓာတ်ပုံ - MPRT)
(စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော ရဲဘော်အား ဆေးကုသမှုပေးနေစဥ်။ ဓာတ်ပုံ - MPRT)

▪️PDF ရဲဘော်သုံးဦး ကျဆုံး၊ ဒဏ်ရာရသူများလည်းရှိဟုဆို

ရှမ်း-ကယား(ကရင်နီ)နယ်စပ် ပင်လောင်းမြို့နယ် ဆောင်းပြောင်းဒေသတွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေကြောင်း MOBYE PDF Rescue Teamက ယနေ့ ထုတ်ပြန်သည်။

အင်အားအလုံးအရင်းဖြင့် စစ်မျက်နှာဖွင့် ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ၎င်း​၏ လက်ပါးစေ ပအိုဝ်းပြည်သူ့စစ်(PNO)တို့ကို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ယနေ့အထိ ခုခံတိုက်ခိုက်နေဆဲဟု ဆိုသည်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်အုပ်စုက ရဟတ်ယာဉ်များနှင့် လက်နက်ကြီးများအသုံးပြု တိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်သုံးဦး တိုက်ပွဲတွင် မြင့်မြတ်စွာကျဆုံးဆုံးပြီး ပြင်းထန်ထိခိုက်ဒဏ်ရာရသူများလည်း ရှိနေကြောင်း အသိပေးသည်။

ထို့အပြင် MOBYE PDF Rescue Team-MPRT အတွက် အရေးပါသောအဖွဲ့ဝင်တစ်ဦးသည်လည်း အကြမ်းဖက်စစ်အုပ်စု၏ လက်နက်ကြီးများကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

Public Service Announcement

Public Service Announcement

“မနေ့ကဆို တိုက်လေယာဥ်နဲ့ပါ လာပစ်တာ။စခ (စစ်ကောင်စီတပ်)တွေဘက်က သေတဲ့သူများတယ်။ဒါပေမယ့် လက်ရှိစစ်ရေးအရ အတိအကျ မပြောနိုင်သေးဘူး။မြေပြင်မှာတော့ ကျွန်တော်လိုအပ်ချက်တွေများနေလို့ ကူညီပေးကြဖို့ တိုက်တွန်းပါတယ်”ဟု မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement
Public Service Announcement

လက်ရှိတိုက်ပွဲအတွင်း ကရင်နီပူးပေါင်းတပ်မှ သေနတ်တစ်လက်နှင့် ရှေ့ပြေးလူနာဆွဲကားတစ်စီးပျက်စီးခဲ့ရသည်။

တိုက်ပွဲကာလကြာမြင့်ပြီ ဖြစ်သည့်အတွက် ပြန်လည်ဖြည့်ဆည်းရန် လိုအပ်သော ဆေးနှင့် ပျက်စီးသွားသော ရှေ့ပြေးလူနာဆွဲကားအား ပြန်လည်ပြုပြင်ရန် လိုအပ်ချက်များစွာ ရှိနေကြောင်း MPRက ဆိုသည်။

ထို့ကြောင့် ပြည်တွင်း၊ ပြည်ပမှ ထောက်ပို့ပြည်သူများအနေဖြင့် ကူညီပေးရန် ထုတ်ပြန်ချက်၌ မေတ္တာရပ်ခံထားသည် ။

ဖေဖော်ဝါရီ ၂၄ရက်ကစ၍ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာမှတဆင့် ဖယ်ခုံမြို့ ဘက်ခြမ်း သို့ စစ်ကောင်စီနှင့် ပအိုဝ်း ပြည်သူ့စစ်PNO ပူးပေါင်းတပ်က စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်သည်။

အဆိုပါစစ်ကြောင်းကို ကရင်နီတပ်မတော် (KA) ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) နှင့် အလယ်ပိုင်းတိုင်းတပ်ဖွဲ့များက ပူးပေါင်းတိုက် ခိုက်နေသည်။

ထို့အပြင် ကရင်နီ(ကယား)ပြည်နယ် အတွင်းသို့ ပင်လောင်းမြို့နယ်၊ ရှားတောမြို့နယ်၊ ဒီးမော့ဆိုမြို့နယ်နှင့် ဘောလခဲမြို့နယ်အသီးသီးတို့မှ စစ်ကောင်စီတပ်က စစ်မျက်နှာ လေးခုဖွင့်ကာ စုစုပေါင်း စစ်ကြောင်း ၁၂ကြောင်းဖြင့် အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းအနီးအ၀တောင်ကျေးရွာဝန်းကျင်တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ဘက်က လက်နက်ချအလင်းဝင်လာသူတွေ ဆက်တိုက်ရှိနေပြီး အခုရက်ပိုင်းအတွင်းမှာလည်း တဆယ်လောက်ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မြောက်ခြမ်းမှာ တိုက်ပွဲတွေ ဖြစ်နေတာမို့ နွားထိုးကြီး-ပြင်စည်လမ်းပိုင်းကို မနက် ၅နာရီကနေ ည ၇နာရီအချိန်အထိသာ အသုံးပြုသွားလာရန် မြင်းခြံခရိုင်တပ်ရင်း(၄-၁၀)က ထုတ်ပြန်ထားပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်က စစ်တောင်မြစ်အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ နေ့စဉ်ဗုံးကြဲနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တိုက်ပွဲမှာ စစ်တပ်က ဆုတ်ခွာသွားပေမယ့် အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့ အနေအထားဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။