Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲတွင် KNDFမှ ရဲဘော်နှစ်ဦး ကျဆုံး

ယခုလဆန်းပိုင်းကစ၍ ကရင်နီဒေသအနှံ့ထိုးစစ်ဆင်နေသော စစ်ကောင်စီတပ်မှာ အထိနာနေပြီး ဒီးမော့ဆို ၊ ဖယ်ခုံ ၊မိုးဗြဲနှင့် ပင်လောင်းမြို့နယ်တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ သေဆုံးသူ ၁၀၀ခန့်ရှိပြီး ခြောက်ဦး အရှင်ဖမ်းမိထားသည်။

(KNDF တပ်ရင်း (၁၀)မှရဲဘော်နှစ်ဦး၏ စျာပန အခမ်းအနားပြုလုပ်နေစဉ်။ ဓာတ်ပုံ - KNDF)
(KNDF တပ်ရင်း (၁၀)မှရဲဘော်နှစ်ဦး၏ စျာပန အခမ်းအနားပြုလုပ်နေစဉ်။ ဓာတ်ပုံ - KNDF)

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုအရှေ့ခြမ်း တိုက်ပွဲ၌ ရဲဘော်နှစ်ဦးကျဆုံးခဲ့ရကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း – ၁၀က ယနေ့ထုတ်ပြန်သည်။

မတ်လမှစ၍ ဒေါ​ညေးခူနှင့် ဒေါတမကြီးကျေးရွာဖက်သို့ စစ်ကြောင်း သုံးခုဖြင့် ထိုးစစ်ဆင်လာခဲ့သော အကြမ်းဖက်စစ်ကောင်စီအား ခုခံတိုက်ခိုက်နေသော တိုက်ပွဲများအတွင်း KNDF တပ်ရင်းအမှတ် (၁၀)မှ ရဲဘော် နှစ်ဦးသည် တိုင်းပြည်နှင့် လူမျိုးအတွက် မြင့်မြက်စွာကျဆုံးခဲ့ရခြင်းဟု အသိပေးထားသည်။

KNDF တပ်ရင်း အမှတ် (၁၀)၏ ရဲဘော်များဖြစ်သော ရဲဘော်ခူးဦးရယ်မှာ မတ်လ ၂၁ရက်တိုက်ပွဲအတွင်လည်ကောင်း ၊ ရဲဘော် နိုရယ်မှာ မတ်လ ၂၂ရက်တိုက်ပွဲတွင် လည်းကောင်း စစ်ကောင်စီအား ရဲရင့်စွာတိုက်ခိုက်ရင်း ကျဆုံးခဲ့ရကြောင်း အသိပေးသည်။

Public Service Announcement
Public Service Announcement

တိုင်းပြည်နှင့် လူမျိုးအတွက် အကြမ်းဖက်စစ်ကောင်စီအား ရဲရင့်စွာတိုက်ခိုက်ရင်း မြင့်မြတ်စွာကျဆုံးခဲ့ရသော ရဲဘော်ဦးရယ်နှင့် ရဲဘော်နိုရယ်တို့အား အာဇာနည်သူရဲကောင်းအဖြစ် ဂုဏ်ယူမှတ်တမ်းတင်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ယခုလဆန်းပိုင်းကစ၍ ကရင်နီဒေသအနှံ့ထိုးစစ်ဆင်နေသော စစ်ကောင်စီတပ်မှာ အထိနာနေပြီး ဒီးမော့ဆို ၊ ဖယ်ခုံ ၊မိုးဗြဲနှင့် ပင်လောင်းမြို့နယ်တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ သေဆုံးသူ ၁၀၀ခန့်ရှိပြီး ခြောက်ဦး အရှင်ဖမ်းမိထားသည်။

ထို့အတူ ကရင်နီပူးပေါင်းတပ်မှ ရဲဘော်ငါးဦးခန့် ကျဆုံးထားကာ နေ့စဥ်တိုက်ပွဲများ ခုခံနေရမှုကြောင့် ကျည်နှင့် ခဲယမ်းလိုအပ်ချက်များရှိနေ၍ ပြည်သူ့ကာ ကွယ်ရေးတပ်များက ပြည်သူများကို အကူအညီ တောင်းခံလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။