Connect with us

Hi, what are you looking for?

သတင်း

နေပြည်တော်သင်္ကြန်စည်ကားစေရန်ဝန်ကြီးဌာနတစ်ခုလျှင်လူ ၆၀ ဦးမဖြစ်မနေတက်ရမည်ဟုစစ်ကာင်စီဖိအား​ပေး

အာဏာသိမ်းပြီး နှစ်နှစ်ကျော်ကာလအတွင်း သင်္ကြန်ကာလနှစ်ကြိမ်၌ စစ်ကောင်စီက လမ်းလျှောက်ရေပက်ခံနေရာများနှင့် ၎င်းတို့ စီစဥ်ခဲ့သည့် ရေပက်ခံကားအချို့ဖြင့် စည်ကားစေရန် ပုံဖော်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

(ရေပက်ခံထွက်သူ အနည်းငယ်သာတွေ့ရသော ပြီးခဲ့သည့်နှစ် နေပြည်တော်သင်္ကြန်မြင်ကွင်းအား တွေ့ရစဥ်။ဓာတ်ပုံ - CJ)
(ရေပက်ခံထွက်သူ အနည်းငယ်သာတွေ့ရသော ပြီးခဲ့သည့်နှစ် နေပြည်တော်သင်္ကြန်မြင်ကွင်းအား တွေ့ရစဥ်။ဓာတ်ပုံ - CJ)

နေပြည်တော်သင်္ကြန်မဏ္ဍပ်များ၌ စည်ကားစေရန် ဝန်ကြီးဌာနတစ်ခုလျှင် လူဦးရေ ၆၀ မဖြစ်မနေတက်ရောက်ရန် စစ်ကောင်စီကညွှန်ကြားလာကြောင်း နေပြည်တော်အခြေစိုက်ဝန်ထမ်းအချို့က ပြောသည်။

ထို့အပြင် လိုက်နာခြင်းမရှိပါက ရုံးတွင်းပြစ်ဒဏ် သို့မဟုတ် ဒဏ်ငွေပေးဆောင်ရန် စစ်ကောင်စီက အမိန့်ပေးထားသည်ဟုလည်း ဆိုသည်။

“ပေးရမယ့် ဦးရေအရ ကျား၊မ တော့မခွဲဘူး။ဒါပေမယ့် အမျိုးသမီးတွေတော့ အများစုပါဖို့လိုတယ်လို့ပြောတယ်”ဟု သစ်တောဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက ရှင်းပြသည်။

လက်ရှိတွင် နေပြည်တော်မြို့တော်ခန်းမရှေ့တွင် သင်္ကြန်မဏ္ဍပ်ကို စစ်ကောင်စီက တည်ဆောက်ပြီးစီးနေပြီ ဖြစ်သည်။

Public Service Announcement

Public Service Announcement

“တချို့ကြတော့ မလိုက်ချင်တော့ အပြင်ကနေတစ်ယောက်တစ်သောင်းခွဲနဲ့ ငှားလိုက်တယ်။အခုက လူစည်နေဖို့ဆိုတာပဲ ပြချင်တာလေ”ဟု အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက ရှင်းပြသည်။

ထို့အပြင် ရန်ကုန်၊မန္တလေးအစရှိသည့် မြို့ကြီးများတွင်လည်း ဖျော်ဖြေရေးမဏ္ဍပ်များဆောက်ရန် စစ်ကောင်စီက စည်းရုံးမှုရှိနေသည်။

အာဏာသိမ်းပြီး နှစ်နှစ်ကျော်ကာလအတွင်း သင်္ကြန်ကာလနှစ်ကြိမ်၌ စစ်ကောင်စီက လမ်းလျှောက်ရေပက်ခံနေရာများနှင့် ၎င်းတို့ စီစဥ်ခဲ့သည့် ရေပက်ခံကားအချို့ဖြင့် စည်ကားစေရန် ပုံဖော်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

အကြမ်းဖက်စစ်ကောင်စီတပ်က ယခုနှစ်အတွင်း ပြည်သူများအား အကြမ်းဖက်သတ်ဖြတ်မှုများပိုမိုလုပ်ဆောင်နေချိန်တွင် သင်္ကြန်ပွဲတော်အကြောင်းပြကာ ပျော်ပွဲ၊ရွှင်ပွဲပြုလုပ်ရန် စီစဉ်နေမှုအပေါ် ပြည်သူများပူးပေါင်းပါဝင်ခြင်းမပြုလုပ်ရန် တော်လှန်ရေးအင်အားစုများကလည်း သတိပေးမှုများပြုလုပ်ထားသည်။

အလားတူ ပြည်တွင်း၌ တော်လှန်ရေးအခြေအနေများကိုဖုံးကွယ်ရန် စစ်ကောင်စီက မကြာခဏ ကြိုးပမ်းနေပြီး ပြီးခဲ့သည့် နှစ်သစ်ကူးတွင် ပျော်ပွဲရွှင်ပွဲများကျင်းပရန် ညမထွက်ရအမိန့်သတ်မှတ်ချက်ကိုပင် ခေတ္တပယ်ဖျက်ခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။