Connect with us

Hi, what are you looking for?

သတင်း

နေပြည်တော်ကိုပါ အလှည့်ကျမီးဖြတ်မည်

စစ်အစိုးရက စတင်တည်​ဆောက်ခဲ့​သော ၂၀၀၄ ခုနှစ်ဝန်းကျင်မှ စ၍ ​နေပြည်​တော်သည် အမြဲဦးစား​ပေးဖြစ်ခဲ့ပြီး ကျန်​ဒေသများမီပျက်လျှင်ပင် မပြတ်ဘဲ မီးရရှိခဲ့​သော​ဒေသဖြစ်သည်။

(စစ်တပ်အာဏာမသိမ်းခင် ၂၀၁၇ ခုနှစ်က​နေပြည်​တော် ညပိုင်းမြင်ကွင်းကို အ​ပေါ်စီးမှမြင်​တွေ့ရမှု။ ဓါတ်ပုံ-Myanmar Skylines)
(စစ်တပ်အာဏာမသိမ်းခင် ၂၀၁၇ ခုနှစ်က​နေပြည်​တော် ညပိုင်းမြင်ကွင်းကို အ​ပေါ်စီးမှမြင်​တွေ့ရမှု။ ဓါတ်ပုံ-Myanmar Skylines)

အာဏာသိမ်းစစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကိုပါ အလှည့်ကျ မီးဖျက်​​တော့မည်ဖြစ်ကြောင်း စစ်ကောင်စီ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှသတင်းရရှိသည်။

စစ်အုပ်စုက အာဏာသိမ်းယူပြီးနောက် နိုင်ငံတွင်း လျှပ်စစ်ထုတ်လုပ်နှင့်ဖြန့်ဖြူးမှုလျှော့ကျလာခဲ့ပြီး နိုင်ငံတစ်ဝန်းမီးပြတ်​တောက်မှုများပိုမိုဆိုးရွားလာရာ ယခုအခါ စစ်ကောင်စီရုံးစိုက်ရာနေပြည်​တော်တွင်ပင် လျှပ်စစ်မီးလုံလောက်စွာမဖြန့်ဖြူးနိုင်​တော့ခြင်းဖြစ်သည်။စစ်အစိုးရက စတင်တည်​ဆောက်ခဲ့​သော ၂၀၀၄ ခုနှစ်ဝန်းကျင်မှ စ၍ ​နေပြည်​တော်သည် အမြဲဦးစား​ပေးဖြစ်ခဲ့ပြီး ကျန်​ဒေသများမီပျက်လျှင်ပင် မပြတ်ဘဲ မီးရရှိခဲ့​သော​ဒေသဖြစ်သည်။

သို့​သော် ယခုအခါစစ်ကောင်စီက နေပြည်တော်အတွင်းရှိ ရပ်ကွက်များကိုအုပ်စုလေးစုခွဲပြီး အုပ်စုတစုလျှင် တရက်ကို အနည်းဆုံး ၇နာရီခွဲမှ ၈နာရီအထိလျှပ်စစ်မီးပြတ်တောက်မည်ဟု စစ်ကောင်စီ၏ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ထုတ်ပြန်ထားသည်။

အလှည့်မီးပေးစနစ်ကို မတ် ၂၂ ရက်တွင် စတင်မည်ဟု စစ်ကောင်စီဝန်ကြီးဌာနကထုတ်ပြန်ထားသည်။ စစ်​ကောင်စီကအလှည့်ကျမီး​ပေးမည်ဟုဆိုသော်လည်း အဓိပ္ပါယ်မှာ အလှည့်ကျမီးဖြတ်​တော့မည်ဟုဆိုလိုခြင်းဖြစ်​ကြောင်း​ဒေသခံတစ်ဦးက​ပြောသည်။

Public Service Announcement

Public Service Announcement

နွေရာသီတွင် ရေအားလျှပ်စစ်များထုတ်လုပ်မှုနည်းချိန်နှင့် စစ်ကောင်စီလက်ထက်တွင် သဘာဝဓာတ်ငွေ့စက်ရုံများလည်ပတ်နိုင်ခြင်းမရှိတော့ခြင်းကြောင့် မီးပြတ်မှုပိုဆိုးရွားလာခြင်းဖြစ်သည်ဟု လျှပ်စစ်အင်ဂျင်နီယာတစ်ဦးကမှတ်ချက်ပေးသည်။

“ နေပြည်တော် မီးပျက်တာတော့တစ်လလောက်ရှိပြီ ၃နာရီပေါ့ ခုတော့ နေ့တစ်ဝက်လောက်ထိ မီးပျက်မယ်ဆိုတဲ့ အချိန်ဇယားတွေထွက်လာတာပေါ့။ နေပြည်တော်မှာ လျှပ်စစ်အားပေးစခန်း ငါးခုလောက် ဆောက်ပြီး ဒီလို မီးတွေပျက်လာတာပဲ။ အခြေခံပြည်သူရဲ့ လိုအပ်ချက် လျှပ်စစ်မီးကိုတောင်လုံလုံလောက်လောက်မပေးနိုင်ဘဲသူ(အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အေညင်လှိုင်)လုပ်ချင်တဲ့လျှပ်စစ်ကားတွေကို တင်သွင်းနေတာ တိုင်းပြည်နဲ့ ပြည်သူအပေါ် မကြည့်တာစေတနာမရှိတာသိသာတဲ့အချက်ပဲ။ ဒီမီးပုံမှန်မပေးနိုင်တဲ့အချက်က ကျွန်တော်တို့တိုင်းပြည်က လွန်ခဲ့တဲ့ နှစ်၃၀ကစစ်အာဏာရှင်လက်ထက်ကို ပြန်ရောက်ပြီး ဆုတ်ယုတ်သွားတဲ့လက္ခာဏာပဲ။ နောက်ထပ်ကျွန်တော်တို့ပြည်သူတွေက မီးပုံမှန်မလာတာကနေ ဆိုးရွားတဲ့ အခြေနေဆိုးတွေကို ဆက်ကြုံဖို့ပဲရှိပါတော့တယ်” ဟု နေပြည်တော် ဒေသခံတစ်ဦးက​ပြောသည်။

ရန်ကုန်မြို့တွင် တစ်ရက်လျှင် လျှပ်စစ်မီးကို မတ်လစတင်ပြီး ၁၂ နာရီသာပေးနိုင်တော့ပြီး ထို၁၂နာရီကိုလည်း တကြိမ်လျှင် ၄နာရီပြတ်တောက်ပြီး ၃နာရီ အလှည့်ကျပေးနေခြင်းဖြစ်သည်။

“လျှပ်စစ်မီးက အလှည့်ကျဆိုပေ့မယ့် ပျက်ချင်တဲ့ အချိန်ပြတ်တာပါပဲ”ဟု ရန်ကုန်မြို့ခံတစ်ဦးကပြောသည်။

စစ်ကောင်စီက မတ် ၁ ရက်မှစတင်ပြီး စီးပွားရေးလုပ်ငန်းနှင့်စက်မှုလုပ်ငန်းများကို ညနေ ၅နာရီနောက်ပိုင်းမှ စတင်ပြီး လျှပ်စစ်မီး ပေးမှုကို ဖြတ်တောက်ထားသည်။

တစ်ဖက်တွင်အာဏာသိမ်း​ခေါင်း​ဆောင်သည် လျှပ်စစ်ကားများ ၊လျှပ်စစ်ရထားများ တင်သွင်းထုတ်လုပ် ​ပြေးဆွဲရန် ကိုမကြာခဏထုတ်​ပြောပြီး ၊ရခိုင်ပြည်နယ်တွင် ​လေအားလျှပ်စစ်ဓါတ်အား​ပေးစက်ရုံများ​ဆောက်မည်ဟု စစ်​ကောင်စီဝါဒဖြန့်မီဒီယာများတွင်တစ်ခမ်းတနား​ဖော်ပြခဲ့သည်။ထို့အပြင် စစ်​ကောင်စီနှင့် ရင်းနှီး​သော လုပ်ငန်းရှင်များက လျှပ်စစ်ကားများတင်သွင်း၍ အသုံးပြုရန်ဆိုကာ လျှပ်စစ်အားသွင်း​သော ​နေရာများဖွင့်ပွဲကို ယခုရက်ပိုင်း၌ တစ်ခမ်းတနားပြုလုပ်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီကလုပ်မယ့်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဟာမြန်မာနိုင်ငံကို သွားရောက်မယ်လို့ မလေးရှား အစိုးရကထုတ်ပြန်ပါတယ်။

သတင်း

နေပြည်တော်လုံခြုံရေးနဲ့ စစ်ဆင်ရေးတွေကို တာဝန်ယူရတဲ့ အမှတ်(၆)စစ်ဆင်ရေးအထူးအဖွဲ့ (ကစထ-၆)ကို အာဏာသိမ်းစစ်တပ်က ဖျက်သိမ်းလိုက်တယ်လို့ သိရပါတယ်။

သတင်း

နေပြည်တော်အနီးကိုဗဟိုပြု၍ ရစ်ခ်ျတာစကေး ၄.၇ အဆင့်ရှိ​သောငလျင်တစ်ခုယ​နေ့ညတွင် လှုပ်ရှားသွားပြီး မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်မှမြို့နယ်များပါ မြေလွှာလှုပ်ရှားသွားသည်။

သတင်း

နေပြည်တော်တွင် ဆိုင်ကယ်ဖြင့် ပလုံကောက်သော မိသားစုအား ကားတစ်စီးက တိုက်မိရာ ကလေးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရသွားသည်။