Connect with us

Hi, what are you looking for?

သတင်း

ထန်တလန် ခွာဖိုရွာ လေကြောင်းတိုက်ခိုက်ခံရမှု ကလေးငယ်အပါအဝင် ၁၀ဦးသေဆုံး၊ ၂၀ကျော်ဒဏ်ရာရ

အရပ်သား ပြည်သူများ နေထိုင်ရာ ခွာဖိုရွာအတွင်းသို့ စစ်ကောင်စီက မတ်လ ၃၀ ရက် နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများ သေဆုံးဒဏ်ရာရခဲ့မှု အပေါ် လွန်စွာ ဝမ်းနည်းကြေကွဲရသည်ဟု ဖော်ပြသည်။

(ခွာဖိုရွာယခင်ကမြင်​တွေ့ရမှုနှင့် စစ်ကောင်စီတပ်ကခွာဖိုရွာကိုဗုံးကြဲသဖြင့်သေဆုံးသွား​သော ဒေါ်ငွန်ဒေါသ့်ခဲန် (ဝဲ) နဲ့ ဒေါ်ဆုန်လှေကြွယ် (ယာ) တို့ကို​တွေ့ရစဥ်။ ဓာတ်ပုံ-The Chin Journal)
(ခွာဖိုရွာယခင်ကမြင်​တွေ့ရမှုနှင့် စစ်ကောင်စီတပ်ကခွာဖိုရွာကိုဗုံးကြဲသဖြင့်သေဆုံးသွား​သော ဒေါ်ငွန်ဒေါသ့်ခဲန် (ဝဲ) နဲ့ ဒေါ်ဆုန်လှေကြွယ် (ယာ) တို့ကို​တွေ့ရစဥ်။ ဓာတ်ပုံ-The Chin Journal)

▪️လက်နက်မဲ့ပြည်သူများအား ဗုံးကြဲတိုက်ခိုက်သည့် စစ်ကောင်စီလုပ်ရပ် CNO/CNDF ပြင်းထန်စွာ ကန့်ကွက်

ထန်တလန်မြို့နယ်ရှိ ခွာဖိုကျေးရွာကို အာဏာသိမ်းစစ်ကောင်စီက ယနေ့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် အရပ်သား ပြည်သူ ၁၀ဦး အသက်ဆုံးရှုံးခဲ့ရပြီး ၂၀ဦး ကျော်ဒဏ်ရာရခဲ့ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)က အသိပေးထုတ်ပြန်သည်။

အရပ်သား ပြည်သူများ နေထိုင်ရာ ခွာဖိုရွာအတွင်းသို့ စစ်ကောင်စီက မတ်လ ၃၀ ရက် နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများ သေဆုံးဒဏ်ရာရခဲ့မှု အပေါ် လွန်စွာ ဝမ်းနည်းကြေကွဲရသည်ဟု ဖော်ပြသည်။

(ခွာဖိုရွာယခင်ကမြင်​တွေ့ရမှုနှင့် စစ်ကောင်စီတပ်ကခွာဖိုရွာကိုဗုံးကြဲသဖြင့်သေဆုံးသွား​သော ဒေါ်ငွန်ဒေါသ့်ခဲန် (ဝဲ) နဲ့ ဒေါ်ဆုန်လှေကြွယ် (ယာ) တို့ကို​တွေ့ရစဥ်။ ဓာတ်ပုံ-The Chin Journal)
(ခွာဖိုရွာယခင်ကမြင်​တွေ့ရမှုနှင့် စစ်ကောင်စီတပ်ကခွာဖိုရွာကိုဗုံးကြဲသဖြင့်သေဆုံးသွား​သော ဒေါ်ငွန်ဒေါသ့်ခဲန် (ဝဲ) နဲ့ ဒေါ်ဆုန်လှေကြွယ် (ယာ) တို့ကို​တွေ့ရစဥ်။ ဓာတ်ပုံ-The Chin Journal)

အကြမ်းဖက်စစ်ကောင်စီမှ လက်နက်မဲ့အရပ်သားပြည်သူများအပေါ် တိုက်လေယာဉ်များအသုံးပြုပြီး ရက်စက်ယုတ်မာစွာ ဗုံးကြဲချမှုသည် လူမဆန်သည့် စစ်ရာဇဝတ်မှုဖြစ်ကြောင်း၊ စစ်ကောင်စီ၏ လုပ်ရပ်အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

လူမဆန်သည့် လုပ်ရပ်များ အကြိမ်ကြိမ်ကျူးလွန်နေသော စစ်ကောင်စီနှင့် ၎င်း၏ ထောက်တိုင်များကို နိုင်ငံတကာနှင့် ပြည်တွင်းရှိ ပြည်သူများက ဘုံရန်သူအဖြစ်သတ်မှတ်ပြီး အမြစ်ပြတ်သည်အထိ ချေမှုန်းကြရန် CNO/CNDFက တိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

ယခု လေကြောင်း တိုက်ခိုက်ခံရ၌ သေဆုံးသူများတွင် အမျိုးသမီးများလည်း ပါဝင်ကြောင်း ချင်းအမျိုးသား တပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားထားပြီး ဒဏ်ရာပြင်းထန်သူများ ထပ်မံအသက်ဆုံးနိုင်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။