Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတွင် ဒေသခံများ​၏ ဂျုံခင်းများ မီးရှို့ဖျက်ဆီးသည့် ပျူများအားတိုက်ခိုက်

ရွှေကြွယ်ပုံကျေးရွာရှိ ပျူများသည် စစ်ကောင်စီတပ်၏ လက်နက်ချထားပေးသော ရွာတစ်ရွာဖြစ်ပြီး စစ်အုပ်စုနှင့်ပူးပေါင်းကာ အနီးဝန်းကျင်ကျေးရွာများအား ဝင်ရောက်ဖျက်ဆီးမီးရှို့ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်နေသည်။

(ရွှေကြွယ်ပုံရွာမှ ပျူစောထီးများအား ဗုံးသီးချတိုက်ခိုက်နေစဉ်)
(ရွှေကြွယ်ပုံရွာမှ ပျူစောထီးများအား ဗုံးသီးချတိုက်ခိုက်နေစဉ်)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် ဒေသခံပြ​ည်သူများ၏ ဂျုံခင်းများ မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီလက်အောက်ခံ ပျုစောထီးများကို ပစ်ခတ်တိုက်ခိုက်ရာ တစ်ဦးသေဆုံးကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

မတ်လ ၂၉ ရက် နံနက် ၁၀ နာရီခန့်က စစ်ကိုင်းမြို့နယ်၊ ရွှေကြွယ်ပုံရွာမှ ပျူများသည် ၎င်းတို့၏ ကြက်သွန်ခင်းများကို သိမ်းဆည်းရင်း အခြားရွာသားများပိုင် ဂျုံခင်းများကို မီးလိုက်ရှို့ခဲ့ကြောင်း၊ ထို့ကြောင့် အဆိုပါပျူများအား ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များပူးပေါင်းကာ ဒရုန်းဖြင့် ဗုံးသီး ခုနစ်လုံးကြဲချခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပါ တိုက်ခိုက်ခဲ့ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ရွာမှာက စကစနဲ့ပျူ ၄၀ လောက်ရှိမယ်။ သူတို့စိုက်ထားတဲ့ ကြက်သွန်ခင်းကို သိမ်းရင်း တခြားရွာက ဂျုံခင်းတွေကို မီးလိုက်ရှို့နေတာ။ အဲဒါနဲ့ ဒရုန်းရော၊လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ရော သွားတိုက်ခဲ့တာ၊ အဲဒီရွှေကြွယ်ပုံဆိုတာ တစ်ရွာလုံး ပျူတွေပဲ။ စစ်ကိုင်းတိုင်း တိုင်းမှူးဟောင်း ဗိုလ်ချုပ်ခင်မောင်မြင့်ရွာ၊ တစ်ကောင်သေပြီး သုံးကောင်ဒဏ်ရာရတယ်လို့အတွင်းသတင်းရတယ်။”ဟု အထက်ပါတာဝန်ခံက ဆိုသည်။

ယင်းတိုက်ခိုက်မှုကို ယူနီကွန်းပြောက်ကျားတပ်ဖွဲ့၊ စစ်ကိုင်းမြို့နယ် ပကဖ၊ Phoenix SGG ၊ Fight for Fedreal ၊ စစ်ကိုင်းခရိုင်တပ်ရင်း (၇)တပ်ခွဲ ၄ ၊ Zero Power ၊ Danger Force ။ Young Wolf အဖွဲ့တို့ပူးပေါင်တိုက်ခိုက်ခဲ့ပြီး ရဲဘော်များအထိအခိုက်မရှိကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ရွှေကြွယ်ပုံကျေးရွာရှိ ပျူများသည် စစ်ကောင်စီတပ်၏ လက်နက်ချထားပေးသော ရွာတစ်ရွာဖြစ်ပြီး စစ်အုပ်စုနှင့်ပူးပေါင်းကာ အနီးဝန်းကျင်ကျေးရွာများအား ဝင်ရောက်ဖျက်ဆီးမီးရှို့ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ ဦးဂျင်မီ၊ဦးဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ကိုအောင်သူရဇော် ကြိုးပေးခံရမှု (၄) နှစ်ပြည့်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၃) မှာ ပြုလုပ်ခဲ့ပါတယ်။