Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်း၊မ​ကွေး၊ ရှမ်းမြောက်တွင် ဖေဖော်ဝါရီလအတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ် ၆၄၀ကျော်သေဆုံးဟု NUG ကာကွယ်ရေးထုတ်ပြန်

အမှတ်(၁) စစ်ဒေသနယ်မြေများဖြစ်သည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် ဖေဖော်ဝါရီအတွင်း စစ်ရေးအခြေအနေကို ယနေ့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

(အညာဒေသနှင့် ရှမ်းမြောက်တွင် ဖေဖော်ဝါရီအတွင်း တိုက်ပွဲများ၌သိမ်းဆည်းရမိသော လက်လက်ခဲယမ်းများ။ ဓာတ်ပုံ - CJ)
(အညာဒေသနှင့် ရှမ်းမြောက်တွင် ဖေဖော်ဝါရီအတွင်း တိုက်ပွဲများ၌သိမ်းဆည်းရမိသော လက်လက်ခဲယမ်းများ။ ဓာတ်ပုံ - CJ)

အညာဒေသများဖြစ်သည့် စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရှမ်းမြောက်တို့တွင် ဖေဖော်ဝါရီအတွင်း တိုက်ပွဲ ၄၁၇ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၄၉ ဦးသေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အမှတ်(၁) စစ်ဒေသနယ်မြေများဖြစ်သည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် ဖေဖော်ဝါရီအတွင်း စစ်ရေးအခြေအနေကို ယနေ့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အဆိုပါ တိုက်ပွဲများကို အမှတ်(၁)စစ်ဒေသကွပ်ကဲမှုအောက်ရှိ PDF၊ ပကဖနှင့် EROs ပူးပေါင်းအဖွဲ့များက ဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

တိုက်ပွဲပေါင်း ၄၁၇ ကြိမ်အနက်ထိတွေ့တိုက်ပွဲ ၁၆၂ ကြိမ်၊ PDF ဘက်မှ ပစ်ခတ်တိုက်ခိုက်မှု ၁၄၆ ကြိမ်၊ မိုင်းဆွဲတိုက်ခိုက်မှု ၇၃ကြိမ်၊ ဒရုန်းဖြင့်တိုက်ခိုက်မှု ၂၇ ကြိမ်၊ စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု ၉ကြိမ် ရှိခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်က ၇၅၆ ဦးဒဏ်ရာရခဲ့ကြောင်းလည်း ဖော်ပြသည်။

ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော် ၃၃ဦး ကျဆုံးပြီး ၉၇ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

ရန်သူ့ထံမှ လက်နက်မျိုးစုံ ၃၀လက်နှင့် ကျည်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း အသိပေးထားသည်။

ယခုနှစ် ဇန်နဝါရီတွင် တိုက်ပွဲဖြစ်ပွားမှု၊ တိုက်ခိုက်မှုပေါင်း ၃၆၀ ဖြစ်ပွားခဲ့ရာ ဖေဖော်ဝါရီတွင် တိုက်ပွဲဖြစ်ပွားမှု၊ တိုက်ခိုက်မှုများ ယခင်လထက် ပိုများလာကြောင်း NUG ကာကွယ်ရေး၏ ထုတ်ပြန်ချက်အရ သိရသည်။ဇန်နဝါရီအတွင်း၌ စစ်ကောင်စီတပ်က ၄၄၀ နီးပါးသေဆုံးခဲ့ရာ ဖေဖော်ဝါရီလတွင် စစ်ကောင်စီတပ် သေဆုံးမှုမှာ ၂၀၀ ဦးပိုများကြောင်းတွေ့ရသည်။

ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် စစ်ရှိန်မြှင့်ဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိရာ စစ်ကောင်စီလက်အောက်ခံတပ်သားနှင့် ရဲများ ပြည်သူ့ဘက် အမြန်ဆုံးပူးပေါင်းရပ်တည်ကြရန် အထူးတိုက်တွန်းချက် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းက မြို့နယ်ပေါင်း ၁၀ ခုမှာ ရေလွှမ်းမိုးမှုဖြစ်နေပြီး လူဦးရေ ၂သိန်းကျော် ရေဘေးသင့်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ် အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၈)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။