Connect with us

Hi, what are you looking for?

သတင်း

လေကြောင်းကာကွယ်ရေးစီမံကိန်းမှရသည့် ကန်ဒေါ်လာ ၂သန်းကျော်အနက် ဒေါ်လာ ၈သိန်းကို တန်ပြန်လေကြောင်းတိုက်ခိုက်ရေးအတွက်သုံးစွဲဟု NUG အသိပေး

အမျိုးသားညီညွတ်ရေးအစိုးရ၏ ဘဏ္ဍာငွေရှာဖွေရေးအစီအစဉ်များတွင် အတတ်ပညာ၊ အသိပညာ၊ ငွေကြေးအားဖြင့် ပါဝင်ကူညီအားဖြည့်ပေးနေကြသူ တစ်ဦးချင်းစီတိုင်း၏ ကြိုးစားအားထုတ်မှုများကို လေးစားစွာဖြင့် အသိအမှတ်ပြုကြောင်း ထုတ်ပြန်ခဲ့သည်။

▪️စစ်ဆင်ရေးအောင်မြင်မှုများကို သင့်တော်သည့်အချိန် ထုတ်ပြန်သွားမည်ဟု ဖော်ပြ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာ Fundraiser များထံမှတဆင့် Project DragonFly အတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ သန်း လက်ခံရရှိသုံးစွဲလျက်ရှိရာ တန်ပြန်လေကြောင်း တိုက်ခိုက်ရေးကဏ္ဍအတွက် ဒေါ်လာ ၈သိန်း လျာထားသုံးစွဲနေကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်သည်။

ရရှိထားသော ရန်ပုံငွေများကို လေကြောင်းရန်ကာကွယ်ရေးကဏ္ဍအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄သန်း လျာထား သုံးစွဲလျက်ရှိသည်ဟု ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာ Fundraiser များနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့သည့် ရန်ပုံငွေရှာဖွေရေးစီမံချက်များမှ ရရှိလာသော ရန်ပုံငွေများကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် စနစ်တကျစီမံခန့်ခွဲနေပြီး အလေအလွင့်မရှိ လက်ခံရရှိခဲ့ကြောင်း ဖော်ပြသည်။

လေကြောင်းကာကွယ်ရေးစီမံကိန်းမှရသည့် ကန်ဒေါ်လာ ၂သန်းကျော်အနက် ဒေါ်လာ ၈သိန်းကို တန်ပြန်လေကြောင်းတိုက်ခိုက်ရေးအတွက်သုံးစွဲဟု NUG အသိပေး
လေကြောင်းကာကွယ်ရေးစီမံကိန်းမှရသည့် ကန်ဒေါ်လာ ၂သန်းကျော်အနက် ဒေါ်လာ ၈သိန်းကို တန်ပြန်လေကြောင်းတိုက်ခိုက်ရေးအတွက်သုံးစွဲဟု NUG အသိပေး

Project DragonFly မှ ရရှိခဲ့သော ရန်ပုံငွေများဖြင့်ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးအောင်မြင်မှုများကို လုံခြုံရေး အရ သင့်လျော်သည့်အချိန်များတွင် ထုတ်ပြန်သွားမည်ဖြစ်ပါကြောင်းလည်း အသိပေးခဲ့သည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ ပြည်သူလူထုတွေရဲ့ ထည့်ဝင်ငွေဟာ အဟောသိကံမဖြစ်ဘူးဆိုတာ အတိအလင်းပြောနိုင်ပါတယ်။ ဆက်လက်ပြီးတော့လည်း ပြည်သူလူထုတွေ မြင်ချင်တဲ့ မြင်ကွင်းမျိုးတွေ မကြာခင်အချိန်မှာ မြင်တွေ့နိုင်အောင် ကျွန်တော်တို့တတွေဆက်လက်ပြီးတော့ အခက်အခဲကြားထဲကနေ ဆက်လက်ကြိုးစားသွားမှာဖြစ်ပါတယ်ဗျ” ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

လက်ရှိအချိန်အထိ စစ်ကောင်စီတပ်၏ ရဟတ်ယာဥ်များ၊ တိုက်လေယာဥ်များကို ပစ်ချနိုင်ခြင်း မတွေ့ရသေးသော်လည်း တော်လှန်ရေးအင်အားစုများ၏ လေကြောင်းကာကွယ်ရေး၊ တန်ပြန်တိုက်ခိုက်ရေး လက်နက်ရန်ကို စစ်ကောင်စီတပ်က ကြောက်ရွံ့နေ၍ အမြင့်ပေ မြှင့်ပျံသန်းခြင်းမျိုး အခြေအနေရှိလာကြောင်း NUG ပြောခွင့်ရပုဂ္ဂိိုလ်က ပြောသည်။

“အောက်မြေပြင်အထိဆင်းသက်ပြီးတော့ ရိက္ခာချတဲ့ ရဟတ်ယာဥ်အချို့ကိုလည်း ထိထိမိမိ ပစ်ခတ်နိုင်ခဲ့တာတွေကိုလည်း ပြီးခဲ့တဲ့ ကာလတွေမှာ တွေ့မြင်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ကျေနပ်အားရတဲ့အခြေအနေတော့မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။

အထက်ပါ Dragonfly ရန်ပုံငွေရှာဖွေမှုကို ပြီးခဲ့တဲ့ ၂၀၂၂ နှစ်ဆန်းတွင် ပြုလုပ်ခဲ့ပြီး အဆိုပါအစီအစဥ်မှ ရရှိသော ငွေကြေးများနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှု မရှိခဲ့သဖြင့် စစ်ကောင်စီနှင့် ယင်းကို ထောက်ခံသူများက ပြည်သူလူထုထည့်ဝင်သော ငွေကြေးများ ပျောက်ပျက်သွားပြီဖြစ်ကြောင်း ဝါဒဖြန့်မှုများရှိခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ ဘဏ္ဍာငွေရှာဖွေရေးအစီအစဉ်များတွင် အတတ်ပညာ၊ အသိပညာ၊ ငွေကြေးအားဖြင့် ပါဝင်ကူညီအားဖြည့်ပေးနေကြသူ တစ်ဦးချင်းစီတိုင်း၏ ကြိုးစားအားထုတ်မှုများကို လေးစားစွာဖြင့် အသိအမှတ်ပြုကြောင်း ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။