Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်းအတွင်း ပြည်သူများ​၏ မီးရှို့ခံနေအိမ် များပြန်လည်တည်ဆောက်ပေးမှု အိမ်အလုံးရေ ၆၀၀ ပြည့်မြောက်

စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် လေးမြို့နယ်မှ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းခံရသော ကျေးရွာပေါင်း ၃၈ ရွာ​၏ နေအိမ်အလုံးရေ ၆၀၀ ကို တည်ဆောက်ပေးနိုင်ခဲ့ကြောင်း S&Cအဖွဲ့က ပြောသည်။

မီးရှိို့ခံ ပြည်သူများအတွက်ဆောက်လုပ်လှူဒါန်းထားသော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-S&C
မီးရှိို့ခံ ပြည်သူများအတွက်ဆောက်လုပ်လှူဒါန်းထားသော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-S&C

စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခံရသော ဒေသခံပြည်သူများ​၏ နေအိမ်များပြန်လည်တည်ဆောက်ပေးမှု အလုံးရေ ၆၀၀ ပြည့်မြောက်ခဲ့ကြောင်း S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ပြောသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် လေးမြို့နယ်မှ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းခံရသော ကျေးရွာပေါင်း ၃၈ ရွာ​၏ နေအိမ်အလုံးရေ ၆၀၀ ကို တည်ဆောက်ပေးနိုင်ခဲ့ကြောင်း S&Cအဖွဲ့က ပြောသည်။

“အိမ်လေးတွေ တည်ဆောက်ရာမှာ အဓိက ကျတဲ့ ငွေကြေးအခက်အခဲများ၊သွားလာရခက်ခဲတဲ့နေရာတွေ၊ အသက်ဘေးအန္တရာယ် အခက်အခဲတွေ၊ သယ်ယူပို့ဆောင်ရေး အခက်အခဲတွေ စသည်ဖြင့် အခက်အခဲ မျိုးစုံ ကြားကနေပြီး ဒုက္ခရောက်နေရတဲ့ မီးရှို့ခံ ပြည်သူများအတွက် နားခိုစရာ အရိပ်အဖြစ် အိမ်လေးတွေ တည်ဆောက်ပေးနိုင်ခဲ့ပါပြီ။”ဟု S&C အဖွဲ့က အသိပေးသည်။

“လေးလအတွင်းတည်​ဆောက်ပေးခဲ့တာပါ။ တစ်ထောင်ရည်မှန်းထားတော့ ကျန်တာတွေကို နှစ်လအတွင်း အပြီးဆောက်မယ်လို့မျှော်မှန်းထားပါတယ်။ ဆောက်ရမယ်ဆိုရင်တော့ တစ်ထောင်ကျော်မှာ။ ဘဏ္ဍာရေးအခြေအနေကြောင့်သာအတိအကျမပြောနိုင်တာပါ။ တစ်​ထောင်ကတော့သေချာပေါက်ပြည့်မှာပါ။”ဟု S&C အဖွဲ့တာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

နေအိမ်များအား ပြည်သူသို့အပ်နှံသည့်အခါတွင် အိမ်ရှင်က သစ်ပင် ၅ပင် မဖြစ်မနေ စိုက်ပေးရန် မေတ္တာရပ်ခံခဲ့ပြီး အညာမြေပြန်လည် စိမ်းလန်းစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း S&Cအဖွဲ့က ပြောသည်။

ထို့အပြင် နေအိမ်လှူဒါန်းလိုပါက S&C အဖွဲ့ထံ ဆက်သွယ်နိုင်ပြီး တစ်အိမ်လျှင် ကျပ်နှစ်သိန်းသုံးသောင်းနှုန်းဖြင့် လှူဒါန်းနိုင်သည်။

S&C မီးဘေးစစ်ဘေး ပညာရေးကူညီ စောင့်ရှောက်ရေးအဖွဲ့သည် ယခုလက်ရှိတွင် စစ်ကိုင်းတိုင်းရှိ မြို့နယ် ၄မြို့နယ်၊ ကျေးရွာ ၁၈ရွာ၊ အိမ်​ထောင်စု စုစုပေါင်း၃၅၀စုတွက် ဆန်ဆီဆားများပါ ပေးအပ်လှူဒါန်းခဲ့ပြီး ပြန်လည်ထူထောင်ရေးအတွက် နေအိမ်များ၊ စာသင်ဆောင်များ ဆောက်လုပ်လှူဒါန်းပေးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းများ ဆောင်ရွက်ပေးနေသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။