Connect with us

Hi, what are you looking for?

သတင်း

ထိုင်းနိုင်ငံတွင် မြန်မာနှင့် ကမ္ဘောဒီယားလုပ်သားလိုက်ပါသည့်ယာဥ်တိုက်မှုဖြစ်ရာ ၈ ဦးသေဆုံး

ယနေ့(ဧပြီ ၈ရက်) နံနက် ၅နာရီခန့်က ချွန်ဘူရီခရိုင် နောင်ခမ့်ခေါ့ကျေးရွာအုပ်စု၊ ၇ ဖတ်ထရာအဝင် အဝေးပြေးလမ်းမကြီးပေါ်တွင် ယာဥ်တိုက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

(ယာဥ်တိုက်မှုဖြစ်ပြီးနောက် မြင်တွေ့ရစဥ်။ ဓာတ်ပုံ - ခေါင်စွတ်)
(ယာဥ်တိုက်မှုဖြစ်ပြီးနောက် မြင်တွေ့ရစဥ်။ ဓာတ်ပုံ - ခေါင်စွတ်)

ထိုင်းနိုင်ငံအရှေ့ပိုင်း ချွန်ဘူရီပြည်နယ်တွင် မြန်မာနှင့် ကမ္ဘောဒီယားရွှေ့ပြောင်းလုပ်သား ၁၂ဦးလိုက်ပါလာသည့်ယာဥ် တိုက်မှုဖြစ်ပွားရာ ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ၈ဦးသေဆုံးကြောင်း မဲဆောက်မြို့အခြေစိုက် မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA)ဥက္ကဌ ဦးမိုးကြိုးက ပြောသည်။

ယနေ့(ဧပြီ ၈ရက်) နံနက် ၅နာရီခန့်က ချွန်ဘူရီခရိုင် နောင်ခမ့်ခေါ့ကျေးရွာအုပ်စု၊ ၇ ဖတ်ထရာအဝင် အဝေးပြေးလမ်းမကြီးပေါ်တွင် ယာဥ်တိုက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဘန်ကောက်မြို့တွင် အလုပ်လုပ်ကိုင်ကြသော အဆိုပါ မြန်မာနှင့် ကမ္ဘောဒီယားရွှေ့ပြောင်းလုပ်သားများသည် အလုပ်သမားကတ်သက်တမ်းတိုးရန် ကျန်ထဘူရီပြည်နယ်သို့ သွားရောက်ရာတွင် ယာဥ်တိုက်မှုကြုံခဲ့ရခြင်း ဖြစ်သည်။

(ယာဥ်တိုက်မှုဖြစ်ပြီးနောက် မြင်တွေ့ရစဥ်။ ဓာတ်ပုံ - ခေါင်စွတ်)
(ယာဥ်တိုက်မှုဖြစ်ပြီးနောက် မြင်တွေ့ရစဥ်။ ဓာတ်ပုံ – ခေါင်စွတ်)

၎င်းတို့လိုက်ပါလာသောမှန်လုံယာဉ်က ဖတ်ထယာအဝင် အဝေးပြေးလမ်းမကြီးပေါ်တွင် အရှိန်မထိန်းနိုင်ဘဲ ရှေ့မှမောင်းနှင်နေသည့်တွဲကားအား ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အခင်းဖြစ်နေရာတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် လေးဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရရှိသော အမျိုးသမီးငါးဦးအား ချွန်ဘူရီဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး အဆိုပါ ဆေးရုံး၌ လေးဦးထပ်မံသေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာန ခေါင်းစွတ်က ဖော်ပြထားသည်။ သို့သော် သေဆုံးသူများတွင် မြန်မာလုပ်သားများပါဝင်ခြင်းရှိ၊မရှိနှင့် အရေအတွက်မည်မျှပါဝင်နေသည်ကို ဖော်ပြမထားပေ။

“ဘတ်သက်တမ်းတို့ဖို့ သွားကြတာလို့ သိရတယ်။သူတို့က မူလပြည်နယ်မှာ သက်တမ်းတို့ဖို့ သွားကြတာပေါ့။ စိတ်မကောင်းစရာကတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ပါတာပဲ။ “ဟု မဲဆောက်မြို့အခြေစိုက် မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)ဥက္ကဌ ဦးမိုးကြိုးက ပြောသည်။

သေဆုံးသူများသည် အထောက်အထားပြည့်စုံစွာရှိပါက သဂြိုလ်စရိတ်အဖြစ် ဦးစွာ ဘတ်နှစ်သောင်းရရှမည်ဖြစ်ပြီး အသက်အာမခံကြေး နစ်နာကြေးအဖြစ် ဘတ်ငါးသိန်းမှ ၁၅သိန်းအထိ ရရှိနိုင်သည်ဟု ထိုင်းဥပဒေတွင် ပြဌာန်းထားကြောင်း ဦးမိုးကြိုးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကနေဒါ၊ ချက်နဲ့ ဂျပန်နိုင်ငံရောက် မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဇွန်လ ၁၉ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

၂၀၂၁ ကတည်းက မြန်မာနိုင်ငံက ကလေးတွေ ဖြတ်သန်းနေရတဲ့ အကြောင်းအရာတွေကို တစ်ကွက်ကာတွန်းအနေနဲ့ ထုတ်ဝေထားတဲ့ WART CARTOON စာအုပ်က ဂျပန်ကာတွန်းပညာရှင်များအသင်းရဲ့ ၅၅ကြိမ်မြောက် ဆုပေးပွဲမှာ ကာတွန်းကဏ္ဍ အထူးဆုဆွတ်ခူးရရှိခဲ့ပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖယ်ရှားဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် မြန်မာပြည်သူတွေရဲ့ ရဲဝံ့သော ကြိုးပမ်း ဆောင်ရွက်မှုတွေကို အပြည့်အဝပံ့ပိုးကူညီပေးဖို့ ကမ္ဘာ့အသိုက်အဝန်းကို ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

သုံးသပ်ဆောင်းပါး

-ခါကာဘို ရေးသားသည်။ ကမ္ဘာ့ဘဏ်(World Bank)ရဲ့ ဇွန်၁၆ရက် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုက၂၀၂၆ ခုနှစ်အတွင်း၂၅ရာခိုင်နှုန်းနီးပါး အထိ မြင့်တက်လာနေကြောင်း ဖော်ပြထားပါတယ်။ အမေရိကန်-အီရန် စွမ်းအင် တင်းမာမှုကြောင့် ဖြစ်ပေါ်လာတဲ့ အရှေ့အလယ်ပိုင်း အကျပ်အတည်း၊ ပြည်တွင်းစစ်နှင့် စစ်အာဏာရှင်အောက်က နိုင်ငံရေး–စီးပွားရေး မတည်ငြိမ်မှုတွေရဲ့ ပေါင်းစပ် သက်ရောက်မှုတွေက...