Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ထိုင်းနိုင်ငံတွင် မြန်မာနှင့် ကမ္ဘောဒီယားလုပ်သားလိုက်ပါသည့်ယာဥ်တိုက်မှုဖြစ်ရာ ၈ ဦးသေဆုံး

ယနေ့(ဧပြီ ၈ရက်) နံနက် ၅နာရီခန့်က ချွန်ဘူရီခရိုင် နောင်ခမ့်ခေါ့ကျေးရွာအုပ်စု၊ ၇ ဖတ်ထရာအဝင် အဝေးပြေးလမ်းမကြီးပေါ်တွင် ယာဥ်တိုက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

(ယာဥ်တိုက်မှုဖြစ်ပြီးနောက် မြင်တွေ့ရစဥ်။ ဓာတ်ပုံ - ခေါင်စွတ်)
(ယာဥ်တိုက်မှုဖြစ်ပြီးနောက် မြင်တွေ့ရစဥ်။ ဓာတ်ပုံ - ခေါင်စွတ်)

ထိုင်းနိုင်ငံအရှေ့ပိုင်း ချွန်ဘူရီပြည်နယ်တွင် မြန်မာနှင့် ကမ္ဘောဒီယားရွှေ့ပြောင်းလုပ်သား ၁၂ဦးလိုက်ပါလာသည့်ယာဥ် တိုက်မှုဖြစ်ပွားရာ ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ၈ဦးသေဆုံးကြောင်း မဲဆောက်မြို့အခြေစိုက် မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA)ဥက္ကဌ ဦးမိုးကြိုးက ပြောသည်။

ယနေ့(ဧပြီ ၈ရက်) နံနက် ၅နာရီခန့်က ချွန်ဘူရီခရိုင် နောင်ခမ့်ခေါ့ကျေးရွာအုပ်စု၊ ၇ ဖတ်ထရာအဝင် အဝေးပြေးလမ်းမကြီးပေါ်တွင် ယာဥ်တိုက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဘန်ကောက်မြို့တွင် အလုပ်လုပ်ကိုင်ကြသော အဆိုပါ မြန်မာနှင့် ကမ္ဘောဒီယားရွှေ့ပြောင်းလုပ်သားများသည် အလုပ်သမားကတ်သက်တမ်းတိုးရန် ကျန်ထဘူရီပြည်နယ်သို့ သွားရောက်ရာတွင် ယာဥ်တိုက်မှုကြုံခဲ့ရခြင်း ဖြစ်သည်။

(ယာဥ်တိုက်မှုဖြစ်ပြီးနောက် မြင်တွေ့ရစဥ်။ ဓာတ်ပုံ - ခေါင်စွတ်)
(ယာဥ်တိုက်မှုဖြစ်ပြီးနောက် မြင်တွေ့ရစဥ်။ ဓာတ်ပုံ – ခေါင်စွတ်)

၎င်းတို့လိုက်ပါလာသောမှန်လုံယာဉ်က ဖတ်ထယာအဝင် အဝေးပြေးလမ်းမကြီးပေါ်တွင် အရှိန်မထိန်းနိုင်ဘဲ ရှေ့မှမောင်းနှင်နေသည့်တွဲကားအား ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အခင်းဖြစ်နေရာတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် လေးဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရရှိသော အမျိုးသမီးငါးဦးအား ချွန်ဘူရီဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး အဆိုပါ ဆေးရုံး၌ လေးဦးထပ်မံသေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာန ခေါင်းစွတ်က ဖော်ပြထားသည်။ သို့သော် သေဆုံးသူများတွင် မြန်မာလုပ်သားများပါဝင်ခြင်းရှိ၊မရှိနှင့် အရေအတွက်မည်မျှပါဝင်နေသည်ကို ဖော်ပြမထားပေ။

“ဘတ်သက်တမ်းတို့ဖို့ သွားကြတာလို့ သိရတယ်။သူတို့က မူလပြည်နယ်မှာ သက်တမ်းတို့ဖို့ သွားကြတာပေါ့။ စိတ်မကောင်းစရာကတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ပါတာပဲ။ “ဟု မဲဆောက်မြို့အခြေစိုက် မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)ဥက္ကဌ ဦးမိုးကြိုးက ပြောသည်။

သေဆုံးသူများသည် အထောက်အထားပြည့်စုံစွာရှိပါက သဂြိုလ်စရိတ်အဖြစ် ဦးစွာ ဘတ်နှစ်သောင်းရရှမည်ဖြစ်ပြီး အသက်အာမခံကြေး နစ်နာကြေးအဖြစ် ဘတ်ငါးသိန်းမှ ၁၅သိန်းအထိ ရရှိနိုင်သည်ဟု ထိုင်းဥပဒေတွင် ပြဌာန်းထားကြောင်း ဦးမိုးကြိုးက ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

သူ့နုတ်ထွက်မှုဟာ ဒုတိယ ဝန်ကြီးချုပ် ရာထူးအတွက် တခြားတစ်ဦးကို ခန့်အပ်နိုင်ဖို့ လမ်းဖွင့်ပေးတဲ့ အဓိပ္ပါယ် ဖြစ်တယ်လို့လည်း ဝန်ကြီးက ဆိုပါတယ်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။