Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေ

ဒီးမော့ဆိုအရှေ့ဖက်ခြမ်းရှိ ဒေါတမြေး ၊ ဒေါတငူး ၊ တနီးလာလဲ ကျေးရွာများအနီးတွင်စစ်ကြောင်း ထိုးနေသော စစ်ကောင်စီ၏တပ်ဖွဲ့များနှင့် KA ၊ KNDF တပ်ပေါင်းစုများအကြား မတ်လမှစ၍ ယနေ့ထိ နေ့စဥ်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသည်။

(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - KNDF)
(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - KNDF)

▪︎လက်နက်ခဲယမ်းများသိမ်းဆည်းရမိကြောင်း KNDF အသိပေး

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရမိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့ အသိပေးထုတ်ပြန်သည်။

တနီးလာလဲကျေးရွာ၏ အရှေ့ဖက် တောင်ပေါ်တစ်ကြောတွင် စစ်ကြောင်းထိုးလှုပ်ရှားနေသော စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီတပ်မတော် (KA)၊ KNDF ပူးပေါင်းတပ်များအကြား ဧပြီ ၄ရက် နှင့် ၅ရက်တို့တွင် တစ်နေကုန်နီးပါး ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့သည်ဟု ဆိုသည်။

(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - KNDF)
(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ – KNDF)

“တိုက်ပွဲရဲ့အခြေအနေအရ မြေပြင်မှာက စစ်ကောင်စီ စစ်ကြောင်းတွေ မထိုးနိုင်ဘူး။ဒါပေမယ့် လက် နက်ကြီး နဲ့လေယာဥ်ပစ်ကူ အဆမတန်သုံးနေတယ်။အဲဒါကြောင့် ကျွန်တော်တို့ရဲဘော်တစ်ဦး လက်နက်ကြီးကျည် ထိကျသွားခဲ့တာ။ကျန်တဲ့ မြေပြင်ထိတွေမှုကတော့ ကျွန်တော်တို့ဘက်က အသားစီးယူထားနိုင်တယ်”ဟု KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

နှစ်ရက်တာ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ငွေတောင်အခြေစိုက် ခလရ (၁၀၂)တပ်နှင့် လွိုင်ကော်မြို့နယ်အခြေစိုက်တပ်များဖက်မှ လက်နက်ကြီးများ အဆမတန်အသုံးပြုကာ ပစ်ကူပေးခဲ့ပြီး ဧပြီ ၄ရက် ညနေ ၃နာရီကျော်အချိန်တွင် တိုက်လေယာဥ်ဖြင့် (၆)ကြိမ် လာရောက်ပစ်ခက်ခဲ့သည်။

Public Service Announcement

Public Service Announcement

(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - KNDF)
(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ – KNDF)

ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ ၁၀ဦးကျော်သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများပြားပြီး စစ်ကောင်စီ၏ စစ်ကြောင်းထိုးနေသော တပ်ရင်းများထဲမှ ခမရ (၅၁၇)တပ်ရင်း အမှတ်တံဆိပ်ပါ MA-1 သေနတ် နှစ်လက် ၊ MA-3 သေနတ် တစ်လက်နှင့် ကျည်ဆံများ ၊ ဆက်စပ် ခဲယမ်းမီးကျောက်များ၊ အသုံးအဆောင်ပစ္စည်း အချို့တို့ အား သိမ်းဆည်းရရှိခဲ့သည်။

ရှမ်းပြည်နယ် မိုင်းပွန်အခြေစိုက် ခမရ (၅၁၇)တပ်သည် ယခင်လ တတိယပတ်အတွင်းက ဗိုလ်ကြီးအဆင့်အပါအဝင် တပ်သား အလောင်းများကို ကရင်နီပူးပေါင်းတပ်က သဂြိုလ်ပေးခဲ့ရသည်။

(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - KNDF)
(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ – KNDF)

ဧပြီ ၄ရက် တိုက်ပွဲအတွင်း KNDF B/06 တပ်ရင်းမှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရပြီး တိုင်းပြည်နှင့်လူမျိုးအတွက် မြင့်မြက်စွာကျဆုံးခဲ့ရသော ရဲဘော်အား အာဇာနည်သူရဲကောင်းအဖြစ် KNDF မှ မှတ်တမ်းတင်ထားသည်ဟု ဆိုသည်။

ဒီးမော့ဆိုအရှေ့ဖက်ခြမ်းရှိ ဒေါတမြေး ၊ ဒေါတငူး ၊ တနီးလာလဲ ကျေးရွာများအနီးတွင်စစ်ကြောင်း ထိုးနေသော စစ်ကောင်စီ၏တပ်ဖွဲ့များနှင့် KA ၊ KNDF တပ်ပေါင်းစုများအကြား မတ်လမှစ၍ ယနေ့ထိ နေ့စဥ်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသည်။

နှစ်လခန့်ကြာမြင့်နေပြီဖြစ်သော ကရင်နီဒေသတွင်း တိုက်ပွဲများကြောင့် စစ်ရှောင်ဒေသခံများ အပါအဝင် ကရင်နီတပ်ပေါင်းစုများအတွက် လိုအပ်ချက်များကို ပြည်တွင်း၊ပြည်ပရှိ ပြည်သူများအနေဖြင့် ယခုထက်ပိုမိုပါဝင်ကူညီပေးရန်လည်း KNDFက မေတ္တာရပ်ခံသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်