Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တတိယသက်တမ်း ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ ကနေဒါ ဝန်ကြီးချုပ်

ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင် ထရူဒူဟာ တတိယ သက်တမ်းအတွက် ရွေးကောက်ပွဲ ထပ်မံ အနိုင်ရှိသွားခဲ့ပါတယ်။

ထရူဒူ ဦးဆောင်တဲ့ လစ်ဘရယ်လ် ပါတီဟာ လွှတ်တော်ထဲမှာ အမတ်နေရာ ၁၅၆ ခု ရရှိပြီး ရွေးကောက်ပွဲ အနိုင်ရခဲ့တာပါ။ ဒါပေမဲ့ သောင်ပြိုကမ်းပြို ရလဒ်ဖြစ်တဲ့ လွှတ်တော်အမတ် နေရာ ၁၇၀ ရရှိတဲ့ အထိတော့ ရွေးကောက်ပွဲ အဖြေက မပြတ်သားခဲ့ပါဘူး။ ထရူဒူ ဦးဆောင်တဲ့ လစ်ဘရယ်လ် ပါတီဟာ ညွန့်ပေါင်း အစိုးရသစ် ဖွဲ့စည်းရေးအတွက် လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။

အတိုက်အခံတွေကတော့ ထရူဒူရဲ့ တောင်းဆိုမှုနဲ့အတူ အချိန်စော ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ အချိန်ဖြုန်းတာ သက်သက်ပဲ ဖြစ်တယ်လို့ ဝေဖန်ကြပါတယ်။ အဓိက အတိုက်အခံ အင်အားစုဖြစ်တဲ့ ကွန်ဆာဗေးတစ်တွေကတော့ ရွေးကောက်ပွဲမှာ အမတ်နေရာ ၁၂၂ ခုထိ ရရှိမယ်လို့ ခန့်မှန်းရပါတယ်။ ကနေဒါ ရွေးကောက်ပွဲဟာ ထရူဒူနဲ့ ထောက်ခံသူတွေ မျှော်လင့်ထားသလောက်တော့ ရလဒ် မပြတ်သားခဲ့ပါဘူး။ ထရူဒူကတော့ ကနေဒါ ပြည်သူတွေဟာ သူတို့အတွက် ကောင်းကျိုးချမ်းသာတွေ ယူဆောင်ပေးပြီး ဦးဆောင် တိုက်ပွဲဝင်ပေးနေမယ့် အစိုးရမျိုးကို မဲပေး ရွေးချယ်လိုက်တာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ကနေဒါဟာ ရွေးကောက်ပွဲဟာ နိုင်ငံမှာ ကိုဗစ် ကပ်ရောဂါ စတုတ္ထလှိုင်း ကူးစက်မှုတွေ ကြုံနေချိန်မှာ ပြုလုပ်ဖြစ်ခဲ့တာပါ။ ကပ်ရောဂါ ကူးစက်မှု တားဆီးရေး အပါအဝင် အထွေထွေ စရိတ်တွေကြောင့် ဒီနှစ် ရွေးကောက်ပွဲဟာ ကနေဒါ သမိုင်းမှာ အကုန်အကျ အများဆုံးအဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။ ရွေးကောက်ပွဲအတွက် ကနေဒါဒေါ်လာ သန်း ၆၀၀ (အမေရိကန် ဒေါ်လာ သန်းပေါင်း ၄၇၀ ဝန်းကျင်)လောက် သုံးစွဲခဲ့ရတာနဲ့ ပတ်သက်လို့ အတိုက်အခံတွေက အတော်လေး ဝေဖန်ခဲ့ကြပါတယ်။

ကနေဒါ မဲဆန္ဒရှင် ပြည်သူတွေဟာ အချိန်စော ကျင်းပတဲ့ ရွေးကောက်ပွဲကြောင့် ၂ နှစ်အတွင်း ဒုတိယအကြိမ် မဲရုံတွေဆီ သွားရောက်ခဲ့ကြရပါတယ်။ မဲရလဒ်တွေကို တရားဝင် မကြေညာသေးပေမယ့် အရင် ၂ နှစ် ရွေးကောက်ပွဲကအတိုင်း တသွေမတိမ်း နီးပါးလောက် တူညီနေပါတယ်။

Public Service Announcement

Public Service Announcement

ကွန်ဆာဗေးတစ် ပါတီခေါင်းဆောင် အာရင် အိုတူးလ်က ထရူဒူဟာ ရလဒ် ပြတ်သားမှု မရှိဘဲ နောက်တစ်ကြိမ် ရွေးကောက်ပွဲ နိုင်သွားခဲ့ကြောင်း၊ ဒီရွေးကောက်ပွဲကြောင့် ဒေါ်လာ သန်း ၆၀၀ လောက်နဲ့ အချိန်တွေ ကုန်သွားပြီး သဘောထား ကွဲလွဲမှုတွေ ပိုများပြားလာတာကလွဲလို့ ဘာအကျိုးမှ မရှိကြောင်း ဝေဖန်သွားပါတယ်။

အသက် ၄၉ နှစ်အရွယ် ထရူဒူဟာ ၂၀၁၅ ခုနှစ်ကတည်းက ကနေဒါ ဝန်ကြီးချုပ် ရာထူးကို ရယူထားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကနေဒါနိုင်ငံ၊ ဗန်ကူးဗား ဆာရီမြို့ရှိ ဟော်လန်ပန်းခြံမှာ ပြည်ပရောက်မြန်မာတွေ ပါဝင်တဲ့ BCSBC အဖွဲ့က ဦးဆောင်ပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံရေးဆန္ဒပြပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး "FREE HER" ကမ်ပိန်းကို စက်တင်ဘာ ၁၉ ရက်က ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံကြား ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုတွေ မြင့်တက်လာတဲ့နောက် ကနေဒါရဲ့ ပို့ကုန်အမျိုးအစား တချို့ကို အမေရိကန်က တင်သွင်းခွင့် ပိတ်ပစ်လိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် ကုန်စည်တွေအပေါ် လက်တုံ့ပြန်ပြီး အခွန်တိုးကောက်မယ့် အစီအစဉ်ဟာ စက်တင်ဘာ ၈ ရက်မှာ စတင် အသက်ဝင်လာပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လုပ်ငန်း အခြေမစိုက်ရင် လေယာဉ်တွေ ရောင်းချခွင့် ပြုတော့မှာ မဟုတ်ဘူးလို့ ကနေဒါ လေယာဉ်ကုမ္ပဏီ Bombardierကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ခြိမ်းခြောက်သွားခဲ့ပါတယ်။

Facebook