Connect with us

Hi, what are you looking for?

သတင်း

မြဝတီမြို့အနီး စစ်ဆင်ရေးများအတွင်း စစ်ကောင်စီနှင့် BGF ၃၀နီးပါးသေ၊ အရာရှိအပါအဝင်ဒဏ်ရာရသူ ၃၀ကျော်ရှိဟု ကော်ဘရာအသိပေး

ဧပြီ ၄ရက်မှ ဧပြီ ၉ရက်တွင်း စစ်ရေးအခြေအနေများကိုထုတ်ပြန်ခဲ့ရာ တိုက်ပွဲများအတွင်း စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ်ဖွဲ့(BGF)ဘက်က ၂၈ဦးသေဆုံးပြီး ၃၆ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေး ရဲဘော် သုံးဦးကျဆုံးကာ ခြောက်ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - Cobra Column)
(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - Cobra Column)

▪︎တော်လှန်ရေးရဲဘော် သုံးဦးကျဆုံး အချို့ဒဏ်ရာရ၊ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

ကရင်ပြည်နယ် မြ၀တီမြို့နှင့်အနီး နေရာအများအပြားကို ဖြန့်ကျက်နေရာယူပြီး စစ်ဆင်ရေး ဆက်လက်လုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ဧပြီ ၄ရက်မှ ဧပြီ ၉ရက်တွင်း စစ်ရေးအခြေအနေများကိုထုတ်ပြန်ခဲ့ရာ တိုက်ပွဲများအတွင်း စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ်ဖွဲ့(BGF)ဘက်က ၂၈ဦးသေဆုံးပြီး ၃၆ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေး ရဲဘော် သုံးဦးကျဆုံးကာ ခြောက်ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါတိုက်ခိုက်မှုကို ကော်ဘရာစစ်ကြောင်း၊ တပ်မဟာ(၆) KNU/KNLA၊ ကျားသစ်နက်စစ်ကြောင်း၊ Golden Eagle၊ ရောင်နီ၊ Federal Wings ပူးပေါင်းတပ်ဖွဲ့တို့က ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - Cobra Column)
(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ – Cobra Column)

ဧပြီ ၄ရက်တွင် ရန်သူစစ်ကောင်စီလက်အောက်ခံ စခန်းကုန်းအား သွားရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရဲဘော် တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ရဲဘော် သုံးဦး ပျောက်ဆုံးခဲ့ရာ နောက်နေ့တွင် တစ်ဦး ပြန်လာနိုင်ပြီး နှစ်ဦးကျဆုံးခဲ့ကြောင်း အသိပေးသည်။ အဆိုပါ တိုက်ပွဲ၌ စစ်ကောင်စီလက်အောက်ခံ BGF တစ်ဦးနှင့် သတင်းပေး နှစ်ဦးအား ဖမ်းမိခဲ့ကြောင်း၊ ရန်သူ ၈ဦးသေဆံးကာ ခလရ(၁၀၂)မှ ဗိုလ်ကြီးတစ်ဦးနှင့် အခြားအဆင့် ၁၀ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဧပြီ ၅ရက်တွင် ပူးပေါင်းတပ်က နယ်မြေရှင်းလင်းရာ နင်းမိုင်း နှစ်လုံး၊ လက်နက်ကြီးကျည် တစ်လုံး၊ လက်နက်ငယ်ကျည် ၂၀၀ တောင့်အား သိမ်းဆည်းရမိသည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

ဧပြီ ၆ ရက်တွင်လည်း စစ်ကောင်စီတပ်က မြ၀တီမြို့အနီး မဲကနယ်ရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ လူနေအိမ်ဆုံးရှုံးမှုများ ရှိကြောင်း၊ ရန်သူအား ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

စစ်ကောင်စီနှင့် BGFတပ်များသည် ဧပြီ ၇ရက်တွင် မဲကနယ်ရွာအား အင်အားအလုံးအရင်းဖြင့် နေရာသုံးနေရာမှာ တိုးဝင်လာရာ ပူးပေါင်းတပ်ဖွဲ့များ၏ ပစ်ခတ်ချေမှုန်းမှုကြောင့် ရန်သူ ၆ ဦးသေဆုံးကာ ခလရ(၂၀၇)တပ်မှ ၉ ဦး ဒဏ်ရာရခဲ့ကြောင်း၊ တော်လှန်ရေး ပူးပေါင်းတပ်မှ လေးဦး ထိခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။ ပူးပေါင်းတပ်ဖွဲ့၏ Drone (၁) စီး ပျက်ကျခဲ့သည်ဟု အသိပေးသည်။

(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - Cobra Column)
(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ – Cobra Column)

ထို့အပြင် ဧပြီ ၈ရက်တွင် ရန်သူဘက်မှ လက်နက်ကြီးပစ်ကူ အကြိမ်ရေ (၁၀၀)အထက် ပစ်ခတ်ပြီး အင်အားအလုံးအရင်းဖြင့် မဲကနယ်အား စစ်ကြောင်းထိုးလာခဲ့၍ တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁၁ဦးသေဆုံးပြီး ဗိုလ်ကြီး၊ ဗိုလ်မှူးအပါအဝင် ၁၃ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

ပူးပေါင်းတပ်ဖွဲ့က BGFကျော်စိုးစခန်းအားတိုက်ခိုက်ခဲ့ရာ တော်လှန်ရေး ရဲဘော် တစ်ဦး ကျဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

ယမန်နေ့ (ဧပြီ ၉ရက်)တွင်လည်း စစ်ကောင်စီက လက်နက်ကြီးများပစ်ခတ်ပြီး စစ်ကြောင်းထိုးတက်လာရာ ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ တပ်ရင်းမှူးနှင့် အခြားအဆင့် ငါးဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

ထို့အပြင် BGFကျော်စိုးစခန်းကုန်းအား မိမိတို့ဘက်မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရန်သူ သုံးဦး သေဆုံးခဲ့ကြောင်း၊ AK (၁)လက် အပါအဝင် ကျည်များစွာ သိမ်းဆည်းရရှိခဲ့ကြောင်း အသိပေးထားသည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီနှင့် BGFက လက်နက်ကြီးအများအပြား အသုံးပြု ပစ်ခတ်ခဲ့၍ ပြည်သူများ၏နေအိမ်များ၊ ပိုင်ဆိုင်မှုများ ထိခိုက်ဆုံးရှုံးခဲ့ရပြီး နွား၊ ဝက် စသည့် တိရစ္ဆာန်များလည်း သေကျေပျက်စီးခဲ့ရသည်ဟု ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့အခြေစိုက် စစ်တပ်လက်အောက်ခံကရင်နယ်ခြားစောင့်တပ်(BGF)အမှတ်(၄)တပ်နယ်မှူး ဗိုလ်မှူးကြီးစောမုတ်သုန်ကို လူကုန်ကူးမှု နဲ့ ထိုင်းရာဇဝတ်တရားရုံးက ဖမ်း၀ရမ်းအမိန့် ထုတ်ပြန်လိုက်ပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

နိုင်ငံတကာ

လတ်တလော အီရန်အပေါ် တိုက်ခိုက်မှုတွေဟာ ကျဆုံး အမေရိကန် စစ်သည်တွေကို ဂုဏ်ပြုခြင်းလည်း ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

Facebook