Connect with us

Hi, what are you looking for?

သတင်း

ရွှေကုက္ကိုလ်​တွင်BGF စခန်းကုန်းငါးခုကိုပူး​ပေါင်းတပ်တိုက်ခိုက်ဖျက်ဆီး

ယခုတိုက်ခိုက် သိမ်းပိုက်သည့်နေရာသည် ရွှေကုက္ကိုလ်ဒေသအတွင်း ဒုစရိုက်လုပ်ငန်းများ၊မာဖီယား ဂိုဏ်းများနှင့်မူးယစ်ဆေးဝါးလုပ်ငန်းများအားလုပ်ကိုင်နေသည့်အကြမ်းဖက်​စစ်တပ်လက်အောက်ခံ BGF ထိန်းချုပ်ထားသောနယ်‌‌မြေဟုလည်း​ဖော်ပြထားသည်။

(စစ်တပ်နှင့်BGF ထံမှသိမ်းဆည်းရရှိ​သောလက်နက်အချို့နှင့် BGF စခန်းအချို့ကိုမီးရှို့ဖျက်ဆီးစဥ်။ ဓါတ်ပုံ-Lion Battalion)
(စစ်တပ်နှင့်BGF ထံမှသိမ်းဆည်းရရှိ​သောလက်နက်အချို့နှင့် BGF စခန်းအချို့ကိုမီးရှို့ဖျက်ဆီးစဥ်။ ဓါတ်ပုံ-Lion Battalion)

▪︎စစ်သားနှင့်BGF များ​သေဆုံးမှုများပြီး လက်နက်ခဲယမ်းများစွာရရှိဟု Lion Battalion ထုတ်ပြန်

ရွှေကုက္ကိုလ်မြို့သစ်တွင် စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းတပ်စွဲထားသည့် စခန်းကုန်းငါးခုကိုပူး​ပေါင်းတပ်က စီးနင်းတိုက်ခိုက်ဖျက်ဆီးခဲ့ပြီး စစ်သားနှင့် BGFတပ်ဖွဲ့ဝင် ၈၀​ကျော်သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရခဲ့သွားကြောင်း Lion Battalionကွန်မန်ဒိုစစ်​ကြောင်း က ယနေ့(ဧပြီလ ၆ရက်)ည ထုတ်ပြန်သည်။

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ရွှေကုက္ကိုလ်မြို့ထီးဝါးပလော |ထီးကော်ထောကျေးရွာများအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းစခန်းကုန်းငါးခုကို ဗိုလ်အယ်ဆေးဝါးဦးဆောင်သောLion Battalionဗျုဟာစစ်ကြောင်းနှင့်တော်လှန်းရေးပူးပေါင်တပ်များက ဧပြီလ ၅ရက် နံနက်မှစ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(စစ်တပ်နှင့်BGF ထံမှသိမ်းဆည်းရရှိ​သောလက်နက်အချို့နှင့် BGF စခန်းအချို့ကိုမီးရှို့ဖျက်ဆီးစဥ်။ ဓါတ်ပုံ-Lion Battalion)
(စစ်တပ်နှင့်BGF ထံမှသိမ်းဆည်းရရှိ​သောလက်နက်အချို့နှင့် BGF စခန်းအချို့ကိုမီးရှို့ဖျက်ဆီးစဥ်။ ဓါတ်ပုံ-Lion Battalion)

” အဆိုပါတိုက်ပွဲအတွင်း ရန်သူဘက်မှလက်တလောသိရှိရမှုအရစစ်​ေ-နှင့်BFGတပ်များမှသေဆုံး(၈၅)ယောက်ကျော်၊ ဒဏ်ရာရှိမှု(၆၀) ကျော်နှင့်ထိခိုက်ကျဆုံးများစွာဖြင့် ၎င်းတို့စခန်းကုန်း (၅) ကုန်းအားကျွန်ုပ်တို့ဘက်မှ သိမ်းပိုက်ရရှိနေလျှက်ရှိပြီးဆက်လက်ထိုးဖောက်တိုက်ခိုက်လျှက်ရှိပါသည်” ဟုLion Battalion က ယနေ့(ဧပြီလ ၆ရက်)ည ၈တွင် ထုတ်ပြန်ထားသည်။

ယခုတိုက်ခိုက် သိမ်းပိုက်သည့်နေရာသည် ရွှေကုက္ကိုလ်ဒေသအတွင်း ဒုစရိုက်လုပ်ငန်းများ၊မာဖီယား ဂိုဏ်းများနှင့်မူးယစ်ဆေးဝါးလုပ်ငန်းများအားလုပ်ကိုင်နေသည့်အကြမ်းဖက်​စစ်တပ်လက်အောက်ခံ BGF ထိန်းချုပ်ထားသောနယ်‌‌မြေဟုလည်း​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင်စစ်ကောင်စီတပ်နှင့် BGFထံမှလက်နက်မျိုးစုံ(၇၅) လက်ကျော်ရရှိခဲ့ပြီး ဖြစ်စဥ်အသေးစိတ်အား တိုက်ပွဲပြီးဆုံးမှသာအသေးစိတ်ထုတ်ပြန်မည်ဟု Lion Battalion က ထုတ်ပြန်ထားသည်။

(စစ်တပ်နှင့်BGF ထံမှသိမ်းဆည်းရရှိ​သောလက်နက်အချို့နှင့် BGF စခန်းအချို့ကိုမီးရှို့ဖျက်ဆီးစဥ်။ ဓါတ်ပုံ-Lion Battalion)
(စစ်တပ်နှင့်BGF ထံမှသိမ်းဆည်းရရှိ​သောလက်နက်အချို့နှင့် BGF စခန်းအချို့ကိုမီးရှို့ဖျက်ဆီးစဥ်။ ဓါတ်ပုံ-Lion Battalion)

သတင်းထုတ်ပြန်ချက်နှင့်အတူ ၅ မိနစ်​ကျော်​သော ရုပ်သံမှတ်တမ်းကိုပါ​ဖော်ပြရာ BGF ဂိတ်အချို့ကို မီးရှို့ဖျက်ဆီး​နေပုံ ၊BGF ကားအချို့ကို သိမ်းပိုက်လာပုံ နှင့် BGF များထံမှ သိမ်းဆည်းရရှိ​သောလက်နက်များကို ပြရာ တစ်​နေရာတည်းတွင် လက်နက်မျိုးစုံ ၁၃ လက်​ကျော်နှင့် ခဲယမ်းများသိမ်းဆည်းရရှိသည်ကိုလည်းပြသထားသည်ကို​တွေ့ရသည်။

စစ်​တပ်နှင့် BGF များ​သေဆုံးမှုများသည်မှာမှန်ကန်​ကြောင်း​ဒေသခံအချို့က​ပြောသည်။ BGF နှင့်စစ်သားများ အများအပြား​သေဆုံး​နေ​သော သတင်းဓါတ်ပုံများလည်း ​ဖေစ်ဘွခ်တွင်ပျံ့နှံ့လာသည်။

စစ်သားနှင့် BGF မည်မျှ​သေဆုံးသည်ကို People’s Spring ကသီးခြားအတည်မပြုနိုင်​သေးပါ။

” အနာဂတ်ဒီမိုကရေစီတိုက်ပွဲအတွက်ဆက်လက်တိုက်ပွဲဝင်ပေးကျရန်နှင့် ရန်သူမှရန်သူပီသချိန်တွင် ကျွန်ုပ်တို့သည်လည်း ပြတ်သားစွာ ဆောင်ရွက်ကြပါရန်လည်းတိုက်တွန်းနှိုးဆော်အပ်ပါသည်” ဟုထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

(စစ်တပ်နှင့်BGF ထံမှသိမ်းဆည်းရရှိ​သောလက်နက်အချို့နှင့် BGF စခန်းအချို့ကိုမီးရှို့ဖျက်ဆီးစဥ်။ ဓါတ်ပုံ-Lion Battalion)
(စစ်တပ်နှင့်BGF ထံမှသိမ်းဆည်းရရှိ​သောလက်နက်အချို့နှင့် BGF စခန်းအချို့ကိုမီးရှို့ဖျက်ဆီးစဥ်။ ဓါတ်ပုံ-Lion Battalion)

​ရွှေကုက္ကို​ဒေသတိုက်ပွဲတွင်KNLA ၏ နာမည်​ကြီးစစ်​ကြောင်းဖြစ်​သော Cobra Column အပါအဝင် ကရင်ပူးပါင်းတပ်များက ၂ ရက်ဆက်အပြင်းအထန်တိုက်ခိုက်​နေသည်။

□စစ်တပ်နှင့် BGF ရုပ်အ​လောင်းများထံမှ လက်နက်များသိမ်းဆည်း​နေ​သောရုပ်သံဖိုင်များကို တယ်လီဂရန်တွင်ကြည့်ရူနိုင်ပါသည်။ https://t.me/PeopleSpring

ဆက်စပ်သတင်းများ

သတင်း

ကရင်နယ်ခြားစောင့်တပ် (BGF) ရဲ့ ကွ​ယ်သူးအထူးတပ်ဖွဲ့သင်တန်းဖွင့်ပွဲကို ကရင်ပြည်နယ် ၊ ရွှေကုက္ကိုလ်မြိုင်ဒေသမှာ ဒီနေ့ (ဇွန်လ ၂၉ ရက်) စတင်ဖွင့်လှစ်လိုက်တယ်လို့ BGF နဲ့ နီးစပ်သူတွေထံကသိရပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ နျူကလီးယား ပစ်မှတ်တွေကို စတင်တိုက်ခိုက်ပြီလို့ အစ္စရေးက ထုတ်ပြန် ကြေညာခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ အီရန်ရဲ့ မြို့တော် တဟီရန် အပါအဝင် နိုင်ငံအနှံ့မှာ ပေါက်ကွဲသံတွေ ဆူဆူညံညံ ကြားနေခဲ့ရပါတယ်။

သတင်း

ကရင်ပြည်နယ်မြို့တော် ဘားအံမှာ လိုင်စင်မဲ့ ကားတွေကို စစ်ကောင်စီက ဖမ်းဆီးနေပေမယ့် အပစ်ရပ်ထားကြတဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ လိုင်စင်မဲ့ကားတွေကိုတော့ ဖမ်းဆီးတာမရှိဘူးလို့ မြို့ခံတွေဆီကသိရပါတယ်။

သတင်း

စစ်ကူစစ်​ကြောင်းကိုပါဖြတ်​တောက်တိုက်ခိုက်ပြီး ​သေနတ် ၈ လက်ရရှိ