Connect with us

Hi, what are you looking for?

သတင်း

ရွှေကုက္ကိုလ်​တွင်BGF စခန်းကုန်းငါးခုကိုပူး​ပေါင်းတပ်တိုက်ခိုက်ဖျက်ဆီး

ယခုတိုက်ခိုက် သိမ်းပိုက်သည့်နေရာသည် ရွှေကုက္ကိုလ်ဒေသအတွင်း ဒုစရိုက်လုပ်ငန်းများ၊မာဖီယား ဂိုဏ်းများနှင့်မူးယစ်ဆေးဝါးလုပ်ငန်းများအားလုပ်ကိုင်နေသည့်အကြမ်းဖက်​စစ်တပ်လက်အောက်ခံ BGF ထိန်းချုပ်ထားသောနယ်‌‌မြေဟုလည်း​ဖော်ပြထားသည်။

(စစ်တပ်နှင့်BGF ထံမှသိမ်းဆည်းရရှိ​သောလက်နက်အချို့နှင့် BGF စခန်းအချို့ကိုမီးရှို့ဖျက်ဆီးစဥ်။ ဓါတ်ပုံ-Lion Battalion)
(စစ်တပ်နှင့်BGF ထံမှသိမ်းဆည်းရရှိ​သောလက်နက်အချို့နှင့် BGF စခန်းအချို့ကိုမီးရှို့ဖျက်ဆီးစဥ်။ ဓါတ်ပုံ-Lion Battalion)

▪︎စစ်သားနှင့်BGF များ​သေဆုံးမှုများပြီး လက်နက်ခဲယမ်းများစွာရရှိဟု Lion Battalion ထုတ်ပြန်

ရွှေကုက္ကိုလ်မြို့သစ်တွင် စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းတပ်စွဲထားသည့် စခန်းကုန်းငါးခုကိုပူး​ပေါင်းတပ်က စီးနင်းတိုက်ခိုက်ဖျက်ဆီးခဲ့ပြီး စစ်သားနှင့် BGFတပ်ဖွဲ့ဝင် ၈၀​ကျော်သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရခဲ့သွားကြောင်း Lion Battalionကွန်မန်ဒိုစစ်​ကြောင်း က ယနေ့(ဧပြီလ ၆ရက်)ည ထုတ်ပြန်သည်။

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ရွှေကုက္ကိုလ်မြို့ထီးဝါးပလော |ထီးကော်ထောကျေးရွာများအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းစခန်းကုန်းငါးခုကို ဗိုလ်အယ်ဆေးဝါးဦးဆောင်သောLion Battalionဗျုဟာစစ်ကြောင်းနှင့်တော်လှန်းရေးပူးပေါင်တပ်များက ဧပြီလ ၅ရက် နံနက်မှစ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(စစ်တပ်နှင့်BGF ထံမှသိမ်းဆည်းရရှိ​သောလက်နက်အချို့နှင့် BGF စခန်းအချို့ကိုမီးရှို့ဖျက်ဆီးစဥ်။ ဓါတ်ပုံ-Lion Battalion)
(စစ်တပ်နှင့်BGF ထံမှသိမ်းဆည်းရရှိ​သောလက်နက်အချို့နှင့် BGF စခန်းအချို့ကိုမီးရှို့ဖျက်ဆီးစဥ်။ ဓါတ်ပုံ-Lion Battalion)

” အဆိုပါတိုက်ပွဲအတွင်း ရန်သူဘက်မှလက်တလောသိရှိရမှုအရစစ်​ေ-နှင့်BFGတပ်များမှသေဆုံး(၈၅)ယောက်ကျော်၊ ဒဏ်ရာရှိမှု(၆၀) ကျော်နှင့်ထိခိုက်ကျဆုံးများစွာဖြင့် ၎င်းတို့စခန်းကုန်း (၅) ကုန်းအားကျွန်ုပ်တို့ဘက်မှ သိမ်းပိုက်ရရှိနေလျှက်ရှိပြီးဆက်လက်ထိုးဖောက်တိုက်ခိုက်လျှက်ရှိပါသည်” ဟုLion Battalion က ယနေ့(ဧပြီလ ၆ရက်)ည ၈တွင် ထုတ်ပြန်ထားသည်။

ယခုတိုက်ခိုက် သိမ်းပိုက်သည့်နေရာသည် ရွှေကုက္ကိုလ်ဒေသအတွင်း ဒုစရိုက်လုပ်ငန်းများ၊မာဖီယား ဂိုဏ်းများနှင့်မူးယစ်ဆေးဝါးလုပ်ငန်းများအားလုပ်ကိုင်နေသည့်အကြမ်းဖက်​စစ်တပ်လက်အောက်ခံ BGF ထိန်းချုပ်ထားသောနယ်‌‌မြေဟုလည်း​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင်စစ်ကောင်စီတပ်နှင့် BGFထံမှလက်နက်မျိုးစုံ(၇၅) လက်ကျော်ရရှိခဲ့ပြီး ဖြစ်စဥ်အသေးစိတ်အား တိုက်ပွဲပြီးဆုံးမှသာအသေးစိတ်ထုတ်ပြန်မည်ဟု Lion Battalion က ထုတ်ပြန်ထားသည်။

(စစ်တပ်နှင့်BGF ထံမှသိမ်းဆည်းရရှိ​သောလက်နက်အချို့နှင့် BGF စခန်းအချို့ကိုမီးရှို့ဖျက်ဆီးစဥ်။ ဓါတ်ပုံ-Lion Battalion)
(စစ်တပ်နှင့်BGF ထံမှသိမ်းဆည်းရရှိ​သောလက်နက်အချို့နှင့် BGF စခန်းအချို့ကိုမီးရှို့ဖျက်ဆီးစဥ်။ ဓါတ်ပုံ-Lion Battalion)

သတင်းထုတ်ပြန်ချက်နှင့်အတူ ၅ မိနစ်​ကျော်​သော ရုပ်သံမှတ်တမ်းကိုပါ​ဖော်ပြရာ BGF ဂိတ်အချို့ကို မီးရှို့ဖျက်ဆီး​နေပုံ ၊BGF ကားအချို့ကို သိမ်းပိုက်လာပုံ နှင့် BGF များထံမှ သိမ်းဆည်းရရှိ​သောလက်နက်များကို ပြရာ တစ်​နေရာတည်းတွင် လက်နက်မျိုးစုံ ၁၃ လက်​ကျော်နှင့် ခဲယမ်းများသိမ်းဆည်းရရှိသည်ကိုလည်းပြသထားသည်ကို​တွေ့ရသည်။

စစ်​တပ်နှင့် BGF များ​သေဆုံးမှုများသည်မှာမှန်ကန်​ကြောင်း​ဒေသခံအချို့က​ပြောသည်။ BGF နှင့်စစ်သားများ အများအပြား​သေဆုံး​နေ​သော သတင်းဓါတ်ပုံများလည်း ​ဖေစ်ဘွခ်တွင်ပျံ့နှံ့လာသည်။

စစ်သားနှင့် BGF မည်မျှ​သေဆုံးသည်ကို People’s Spring ကသီးခြားအတည်မပြုနိုင်​သေးပါ။

” အနာဂတ်ဒီမိုကရေစီတိုက်ပွဲအတွက်ဆက်လက်တိုက်ပွဲဝင်ပေးကျရန်နှင့် ရန်သူမှရန်သူပီသချိန်တွင် ကျွန်ုပ်တို့သည်လည်း ပြတ်သားစွာ ဆောင်ရွက်ကြပါရန်လည်းတိုက်တွန်းနှိုးဆော်အပ်ပါသည်” ဟုထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

(စစ်တပ်နှင့်BGF ထံမှသိမ်းဆည်းရရှိ​သောလက်နက်အချို့နှင့် BGF စခန်းအချို့ကိုမီးရှို့ဖျက်ဆီးစဥ်။ ဓါတ်ပုံ-Lion Battalion)
(စစ်တပ်နှင့်BGF ထံမှသိမ်းဆည်းရရှိ​သောလက်နက်အချို့နှင့် BGF စခန်းအချို့ကိုမီးရှို့ဖျက်ဆီးစဥ်။ ဓါတ်ပုံ-Lion Battalion)

​ရွှေကုက္ကို​ဒေသတိုက်ပွဲတွင်KNLA ၏ နာမည်​ကြီးစစ်​ကြောင်းဖြစ်​သော Cobra Column အပါအဝင် ကရင်ပူးပါင်းတပ်များက ၂ ရက်ဆက်အပြင်းအထန်တိုက်ခိုက်​နေသည်။

□စစ်တပ်နှင့် BGF ရုပ်အ​လောင်းများထံမှ လက်နက်များသိမ်းဆည်း​နေ​သောရုပ်သံဖိုင်များကို တယ်လီဂရန်တွင်ကြည့်ရူနိုင်ပါသည်။ https://t.me/PeopleSpring

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့အခြေစိုက် စစ်တပ်လက်အောက်ခံကရင်နယ်ခြားစောင့်တပ်(BGF)အမှတ်(၄)တပ်နယ်မှူး ဗိုလ်မှူးကြီးစောမုတ်သုန်ကို လူကုန်ကူးမှု နဲ့ ထိုင်းရာဇဝတ်တရားရုံးက ဖမ်း၀ရမ်းအမိန့် ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းက မင်းလက်ပံနဲ့ ဖလူးကျေးရွာကြီးတွေကို ထိန်းချုပ်ဖို့စစ်တပ်က DKBA နဲ့ BGF ခေါ်ပြီး တကျော့ပြန်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လူထု​နွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

Facebook