Connect with us

Hi, what are you looking for?

သတင်း

လေကြောင်းတိုက်ခိုက်ခံရ၍ ကရင်နီနယ်မှ ကယ်ဆယ်ရေးဆေးအဖွဲ့ဝင်နှစ်ဦး သေဆုံး

ဧပြီ ၇ရက်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့၍ ကျန်းမာရေးစောင့်ရှောက်ပေးနေသူ နှစ်ဦး အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်ရပ်အပေါ် လွန်စွာထိခိုက်ကြေကွဲ ဝမ်းနည်းရကြောင်း ဖော်ပြထားသည်။

(အကြမ်းဖက်စစ်ကောင်စီတပ်က အသုံးပြုတိုက်ခိုက်နေ သည့် Mi-35 ရဟတ်ယာဥ် တစ်စီးအား တွေ့ရစဥ်)
(အကြမ်းဖက်စစ်ကောင်စီတပ်က အသုံးပြုတိုက်ခိုက်နေ သည့် Mi-35 ရဟတ်ယာဥ် တစ်စီးအား တွေ့ရစဥ်)

▪️စစ်အာဏာရူးများ ကျဆုံးနိုင်ရေး အဆုံးထိတိုက်ပွဲဝင်မည်ဟု KSCC အသိပေး

ကရင်နီပြည်နယ်ရှိ ရှေ့တန်းစစ်မျက်နှာပြင်၌ အရေးပေါ် ကယ်ဆယ်ရေးဆေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုပေးနေစဉ် လေကြောင်း တိုက်ခိုက်ခံရ၍ အဖွဲ့ဝင် နှစ်ဦး မြေပြင်တွင် သေဆုံးခဲ့ရကြောင်း ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC) ကျန်းမာရေးကော်မတီက ယနေ့ ထုတ်ပြန်သည်။

ဧပြီ ၇ရက်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့၍ ကျန်းမာရေးစောင့်ရှောက်ပေးနေသူ နှစ်ဦး အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်ရပ်အပေါ် လွန်စွာထိခိုက်ကြေကွဲ ဝမ်းနည်းရကြောင်း ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

မြင့်မြတ်စွာကျဆုံးသွားသော ကယ်ဆယ်ရေးဆေးအဖွဲ့ဝင် နှစ်ဦးအား ကျန်းမာရေးအာဇာနည်များအဖြစ် မှတ်တမ်းတင် ဂုဏ်ပြုကြောင်း၊ ကျဆုံးအဖွဲ့ဝင် နှစ်ဦး၏ ကျန်ရစ်သူမိသားစုဝင်များထံ လိုအပ်သောအကူအညီများ ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများသည် အရပ်သားပြည်သူများကို အဓိကပစ်မှတ်ထား တိုက်ခိုက်နေသည်မှာ သိသာထင်ရှားနေပြီး တစတစပိုမိုဆိုးရွားလာသည်ကို တွေ့ရသည့်အပြင် စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လျက်ရှိကြောင်း KSCC ကျန်းမာရေးကော်မတီက ဆိုသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီ၏ စက်ဆုပ်ရွံရှာဖွယ်လူမဆန်သည့် နှိပ်စက်ညှင်းပန်းသတ်ဖြတ်မှုများသည် စစ်မှန်သော ငြိမ်းချမ်းမှုကိုလိုလားသည့် လူ့အသိုက်အဝန်းအတွက် လက်သင့်ခံနိုင်ဖွယ်ရာမရှိသကဲ့သို့စစ်ရာဇဝတ်မှု များကို ပြောင်ပြောင်တင်းတင်းပင် ကျူးလွန်ခြင်းဖြစ်၍ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့သည်။

ကော်မတီအနေဖြင့် လူ့အသိုက်အဝန်း၏ လုံခြုံရေးကို ခြိမ်းခြောက်ကာအကြမ်းဖက်နေသည့် စစ်အာဏာရူးများနှင့် အာဏာရှင်ဟူသမျှ ကျဆုံးနိုင်ရေး ပြည်သူလူထုနှင့်အတူအဆုံးတိုင်အောင်တိုက်ပွဲဝင်သွားမည်ဟု ကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။