Connect with us

Hi, what are you looking for?

သတင်း

မြန်မာလူထုအပေါ် စစ်ကောင်စီကျူးလွန်နေသည့်ရာဇဝတ်မှုများအမြန်အဆုံးသတ်နိုင်ရေးကူညီပေးရန် နိုင်ငံတကာ အား NUG၊ KSCCနှင့် PNFC တို့ တိုက်တွန်း

ပင်လောင်းမြို့နယ် နမ်းနိန်းရွာ၌ ပြည်သူ ၂၂ဦးကို စစ်ကောင်စီတပ်က အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့မှုနှင့်ပတ်သက်ပြီး ပူးတွဲကြေညာချက် ထုတ်ပြန်ပြီး ယခုကဲ့သို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာလူထုအပေါ် စစ်ကောင်စီကျူးလွန်နေသည့်ရာဇဝတ်မှုများအမြန်အဆုံးသတ်နိုင်ရေးကူညီပေးရန် နိုင်ငံ တကာ အား NUG၊KSCCနှင့် PNFC တို့ တိုက်တွန်း
မြန်မာလူထုအပေါ် စစ်ကောင်စီကျူးလွန်နေသည့်ရာဇဝတ်မှုများအမြန်အဆုံးသတ်နိုင်ရေးကူညီပေးရန် နိုင်ငံ တကာ အား NUG၊KSCCနှင့် PNFC တို့ တိုက်တွန်း

▪︎စစ်တပ်ကို နိုင်ငံအလိုက် အရေးယူနိုင်ရေး ဆောင်ရွက်ရန်၊ နိုင်ငံတကာတရားရေးအဖွဲ့များနှင့် ICC တို့က စုံစမ်းစစ်ဆေးမှုများ ချဲ့ထွင်ရန် တောင်းဆို

နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အပါအဝင် တိုင်းရင်းသားတော် လှန်ရေး အင်အားစု အားလုံးနှင့် အမြန်ဆုံးညှိနှိုင်းတိုင်ပင် ကူညီပံ့ပိုးခြင်းအားဖြင့် အကြမ်းဖက်စစ်အုပ်စု၏ မြန်မာပြည်သူလူထု တစ်ရပ်လုံးအပေါ် ကျူးလွန်လျက်ရှိသည့် ရာဇဝတ်မှုများကို လျင်မြန်စွာ အဆုံးသတ်နိုင်ရေး အစောတလျင် ဆောင်ရွက်ပေးရန် NUG၊ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ(KSCC)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) တို့က ပူးတွဲကြေညာချက် ထုတ်ပြန်၍ တိုက်တွန်းလိုက်သည်။

ပင်လောင်းမြို့နယ် နမ်းနိန်းရွာ၌ ပြည်သူ ၂၂ဦးကို စစ်ကောင်စီတပ်က အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့မှုနှင့်ပတ်သက်ပြီး ပူးတွဲကြေညာချက် ထုတ်ပြန်ပြီး ယခုကဲ့သို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ပေးနိုင်ရန် အတွက် ဆက်သွယ်ရေးဆိုင်ရာ နည်းပညာနှင့် ပစ္စည်းကိရိယာများ ကြိုတင်သတိပေးခြင်း စနစ်ဆိုင်ရာ ပစ္စည်းကိရိယာများ တို့ကို ထောက်ပံ့ပေးရန် NUG၊ KSCCနှင့် PNFC တို့က တောင်းဆိုခဲ့သည်။

အကြမ်းဖက် စစ်အုပ်စုနှင့် အပေါင်းအပါများအပေါ် စီးပွားရေး ပိတ်ဆို့မှု အပါအဝင် လက်နက်ခဲယမ်းတင်သွင်းရောင်းချမှု၊ စစ်ရေးတွင် အသုံးပြုနိုင်သည့် နည်းပညာပံ့ပိုးမှု၊ လေယာဉ်ဆီတင်သွင်းမှုနှင့် အကြမ်းဖက် စစ်တပ် အသုံးပြုလျက်ရှိသည့် စစ်ရေးဆိုင်ရာ ပစ္စည်းကိရိယာများ တင်သွင်းမှုများကို ပိတ်ပင်တားဆီးခြင်းများ ပြုလုပ်ပေးရန်လည်း တောင်းဆိုထားသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် နိုင်ငံတကာ တရားရေးအဖွဲ့အစည်းများ နှင့် ICC အနေဖြင့် စုံစမ်းစစ်ဆေးမှုများကို မြန်မာတစ်နိုင်ငံလုံးအနှံ့ ကျူးလွန်မှုများအထိ ချဲ့ထွင်စစ်ဆေးဆောင်ရွက်သွားရန် တိုက်တွန်းထားသည်။

ကမ္ဘာ့နိုင်ငံများအနေဖြင့်လည်း စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် မြန်မာ စစ်ကောင်စီနှင့် ယင်း၏ အကြမ်းဖက် စစ်တပ်ကို နိုင်ငံအလိုက် အရေးယူဆောင်ရွက်နိုင်မည့် Universal Jurisdiction တရားရုံးများ ဖော်ထုတ်ပြီး ထိရောက်စွာ လုပ်ဆောင်ခြင်းဖြင့် မြန်မာပြည်သူများအား အသက်ဘေးအန္တရာယ်မှ လွတ်မြောက်ပြီး ၎င်းတို့ လိုချင်သော လွတ်လပ်၍ တရားမျှတသည့် နိုင်ငံတော်သစ်တစ်ခုကို တည်ဆောက်နိုင်ရေး ပါဝင် ပံ့ပိုး ပေးရန် တိုက်တွန်းကြောင်း ထုတ်ပြန်ခဲ့သည်။

စစ်တပ်သည် အရပ်သားပြည်သူများသက်ကြီးရွယ်အို၊ အမျိုးသမီး၊ ကလေးသူငယ်နှင့် မသန်စွမ်းတို့ပါမချန် ရက်ရက်စက်စက် သတ်ဖြတ်လျက်ရှိ၍ ဒေသခံများ အနေဖြင့်အကြမ်းဖက် စစ်တပ်၏ လှုပ်ရှားဆောင်ရွက်မှုများအပေါ် အမြဲမပြတ် သိရှိစေနိုင်သည့် အစီအမံများ ဆောင်ရွက်ရန်နှင့် ဝင်ရောက်လာပါက ဘေးလွတ်ရာသို့ အလျင်အမြန် ထွက်ခွာရှောင်တိမ်းကြရန်လည်း မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

Telenor ဌာနချုပ်ကို​နော်​ဝေရဲတွေနဲ့ စုံထောက်တွေက ဝင်ရောက်စစ်ဆေးရှာဖွေ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။