Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရဲ့ အဆိုးရွားဆုံး လေကြောင်းတိုက်ခိုက်မှု

အမေရိကန်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ကလေးငယ်တွေနဲ့ အရပ်သားအများအပြား အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရတဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန်ဝေဖန်ထားကြပါတယ်။

စစ်ကောင်စီရဲ့ အဆိုးရွားဆုံး လေကြောင်းတိုက်ခိုက်မှု
စစ်ကောင်စီရဲ့ အဆိုးရွားဆုံး လေကြောင်းတိုက်ခိုက်မှု

စစ်ကောင်စီဟာ အာဏာသိမ်း ၂ နှစ်ကျော်ကာလအတွင်း ၉ ဦးထက်မနည်းသေကြေရတဲ့ လေကြောင်းတိုက်ခိုက်မှု ၇ ကြိမ် ကျုးလွန်ခဲ့ပါတယ်။

အဲဒီဖြစ်စဉ်တွေဟာ စစ်ကိုင်းတိုင်း ထဲမှာ ၂ကြိမ် ၊ ကချင်ပြည်နယ် မှာ ၂ ကြိမ် ၊ ချင်းပြည်နယ် ၂ ကြိမ်နဲ့ မကွေးတိုင်းမှာ ၁ ကြိမ်ဖြစ်ခဲ့တာဖြစ်ပြီး စုစုပေါင်းသေဆုံးခဲ့ရသူဟာ ၂၀၀ ကျော်ရှိပါတယ်။

NUG အစိုးရရဲ့စာရင်းအရ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ အာဏာသိမ်း ၂ နှစ်တာကာလအတွင်း လေကြောင်းတိုက်ခိုက်ခံရမှု ၆၅၀ ကျော်ရှိခဲ့ပြီး သေဆုံးသူ ၄၆၀ ကျော်ရှိခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေအတွင်းသေဆုံးသူအများစုဟာအရပ်သားတွေနဲ့ ကလေးသူငယ်တွေဖြစ်ကြတယ်လို့ NUG အစိုးရက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မနေ့က မနက်ပိုင်း စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ၊ပဇီကြီးရွာ ကို ဂျက်တိုက်လေယာဉ်နဲ့ဗုံးကြဲပြီး တိုက်ခိုက်ရေးရဟတ်ယာဉ် နဲ့ မိနစ်ပိုင်းကြာ ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်အတွင်း သေဆုံးသူဟာ စာရင်းအရ ၁၂၀ ကျော်ရှိလာပြီး ကလေး ၂၀ ဦးဝန်းကျင် ပါဝင်နေတယ်လို့ NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။

ပဇီကြီးရွာဖြစ်စဉ်ဟာ အာဏာသိမ်း စစ်ကောင်စီ လက်ချက်နဲ့ အရပ်သားတွေ အများဆုံးသေကြေရတဲ့ ဖြစ်ရပ်ဆိုးကြီးဖြစ်ပြီး “အစုလိုက်အပြုံလိုက်သတ်ပွဲကြီး” လို့ NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ဆိုပါတယ်။

ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုကို စစ်ကောင်စီက ဝန်ခံပေမယ့် NUG ရုံးကို တိုက်ခိုက်တာလို့ ထိန်းချုပ်ထားတဲ့သတင်းစာတွေကနေတဆင့် သတင်းထုတ်ထားပါတယ်။

လူအစုလိုက်အပြုံလိုက်သေဆုံးရတာကတော့ လက်နက်ခဲယမ်းထားတဲ့နေရာတည့်တည့် ဗုံးကျလို့ ပေါက်ကွဲပြီး သေဆုံးသူဦးရေများပြားတာလို့လည်း စစ်ကောင်စီက အကြောင်းပြပါတယ်။

ဒါအပြင် ရုံးဖွင့်ပွဲ လုပ်မယ့် နေရာနဲ့ အချိန်ကို သတင်းအတိအကျ ရလို့ သွားရောက်တိုက်ခိုက်တာလို့လည်း စစ်ကောင်စီက ဆိုပါတယ်။

အရပ်သားနဲ့ လက်နက်ကိုင်မခွဲခြားဘဲ တိုက်ခိုက်တဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ စစ်ရာဇဝတ်မှုကျုးလွန်တာလို့ NUG ဘက်က ကြေညာချက်ထုတ်ပါတယ်။

အမေရိကန်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ကလေးငယ်တွေနဲ့ အရပ်သားအများအပြား အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရတဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန်ဝေဖန်ထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook