Connect with us

Hi, what are you looking for?

သတင်း

သင်္ကြန်အကြိုနေ့မတိုင်ခင် လုံခြုံရေးတင်းကြပ်ထားတဲ့ရန်ကုန်

တော်လှန်ရေးအင်အားစုတွေကတော့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ သင်္ကြန်မှာ ပူးပေါင်းပါဝင်ခြင်းမပြုဖို့ မေတ္တာရပ်ခံထားပါတယ်။

သင်္ကြန်အကြိုနေ့မတိုင်ခင် လုံခြုံရေးတင်းကြပ်ထားတဲ့ရန်ကုန်
သင်္ကြန်အကြိုနေ့မတိုင်ခင် လုံခြုံရေးတင်းကြပ်ထားတဲ့ရန်ကုန်

ရန်ကုန်မြို့မှာရှိတဲ့ သင်္ကြန်ဗဟိုမဏ္ဍပ်တွေနဲ့ ရေကစားမဏ္ဍပ်တွေမှာ စစ်ကောင်စီ တပ် အင်အားအများအပြားစောင့်ကြပ်နေတာကိုတွေ့ရပါတယ်။

မြို့တော်ခန်းမရှေ့က ရန်ကုန် မြို့တော်ဝန်မဏ္ဍပ်မှာ အကတိုက်နေတာတွေကိုတွေ့ရပြီး အဲဒီနေရာအနီးမှာ စစ်ကားတွေနဲ့ အင်အားအများအပြားစောင့်နေကြပါတယ်။

ပြည်သူ့ရင်ပြင်ဝန်းထဲမှာလည်း နံနက် ၁၁ နာရီလောက်မှာ လူကြီးလမ်းကြောင်း နဲ့ ဝင်ရောက်စစ်ဆေးခဲ့တာတွေ့ရပါတယ်။

ပြည်သူ့ရင်ပြင်ထဲမှာတော့ ဝင်ပေါက်မှာ ရဲတပ်ဖွဲ့ဝင်တွေကို တွေ့ရပြီး နေရာတော်တော်များများမှာ လက်နက်အပြည့်အစုံနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စောင့်ကြည့်နေတာပါ။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ပြည်သူ့ရင်ပြင်ဝင်းထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရွက်ဖျင်အဆောက်အဦးတွေနဲ့ အထိုင်ချထားပါတယ်။

သင်္ကြန်မဏ္ဍပ်ကြီးတွေတင်မဟုတ်ဘဲ ရေကစားမဏ္ဍပ်လေးတွေမှာလည်း အကြမ်းလုံခြုံရေးချထားတာဖြစ်ပါတယ်။

ဘိုကလေးဈေးလမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်က မဏ္ဍပ်ရှေ့မှာဆိုရင် DC နှစ်စီးထက်မနည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ယာဉ်ထိန်းရဲတွေကိုလည်းတွေ့ခဲ့ရပါတယ်။

မနေ့က စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က ပဇီကြီးကျေးရွာမှာ လေကြောင်းကနေ ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတစ်ရာခန့် အသက်‌ဆုံးရှုံးခဲ့ရပါတယ်။

ဒါပေမယ့်လည်း စစ်ကောင်စီကတော့ နိုင်ငံပုံမှန်‌လည်ပတ်အေးချမ်းနေတယ်ဆိုတဲ့ ပြသချင်တာကြောင့် သင်္ကြန်ပွဲကိုစည်ကားအောင်ပြင်ဆင်နေတာပါ။

တော်လှန်ရေးအင်အားစုတွေကတော့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ သင်္ကြန်မှာ ပူးပေါင်းပါဝင်ခြင်းမပြုဖို့ မေတ္တာရပ်ခံထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်း​ပေါ်ရှိတဲ့ ကား​တွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ စားအုန်းဆီဈေးတွေ သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်နေပြီး ရပ်ကွက်တွေမှာလည်း စာအုန်းဆီ ခွဲတမ်းဝယ်ယူရတာ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။

သတင်း

ပျက်ကျတယ်လို့ယူဆရတဲ့နေရာကို KIA ပူးပေါင်းတပ် လိုက်လံရှာ​ဖွေ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။