Connect with us

Hi, what are you looking for?

သတင်း

ဆောမြို့နယ် တေးကျေးရွာ စစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်၍ ပြည်သူတစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရ

ဧပြီ ၁၂ရက် ညနေ ၄နာရီတွင် ကျောက်ထုအမြှောက် တပ်မှ လက်နက်ကြီးများ အကြောင်းမဲ့ ရမ်းသမ်း ပစ်ခတ်သောကြောင့် တေးကျေးရွာအနီး လက်နက်ကြီးကျ ရောက်ပေါက်ကွဲ ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးအား တွေ့ရစဉ်။ ဓာတ်ပုံ - Yaw Mang)
(စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးအား တွေ့ရစဉ်။ ဓာတ်ပုံ - Yaw Mang)

မကွေးတိုင်း ဆောမြို့နယ် တေးကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ ဒေသခံ ပြည်သူ တစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့သည်ဟု ဒေသတွင်းသတင်းရင်းမြစ်က အသိပေးသည်။

ဧပြီ ၁၂ရက် ညနေ ၄နာရီတွင် ကျောက်ထုအမြှောက် တပ်မှ လက်နက်ကြီးများ အကြောင်းမဲ့ ရမ်းသမ်း ပစ်ခတ်သောကြောင့် တေးကျေးရွာအနီး လက်နက်ကြီးကျ ရောက်ပေါက်ကွဲ ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“အပစ်မဲ့ပြည်သူ တစ်ဦးလက်နက်ကြီးကျည်ထိမှန် သေဆုံးကာ၊ သုံးဦးထိခိုက်ဒဏ်ရာရတယ်လို့ ကြားသိရပါတယ်။ တိုက်ပွဲမရှိဘဲ အမြှောက်တပ်မှ ယောကျေးရွာ ဘက်တွေကို အကြောင်းမဲ့ရမ်း သမ်းပစ်ခတ်နေတာပါ။ ကျေးရွာနေ သက်ကြီးရွယ်အိုများ၊ ခလေးငယ်များ၊ကိုယ်ဝန် သည်များ ကြောက်လန့်ပြီး ဘေးလွတ်ရာသို့ ထွက်ပြေးပုန်းရှောင်နေရတယ်လို့ ကြားသိရပါတယ်”ဟု ဒေသတွင်း သတင်းရင်းမြစ်က ၎င်း၏ လူမှုကွန်ရက် တွင် အသိပေး ရေးသားထားသည်။

Public Service Announcement
Public Service Announcement

ယမန်နေ့ ညပိုင်းကလည်း စစ်ကောင်စီတပ်သည် ဆောနှင့် နယ်မြေခြင်းဆက်စပ်နေသည့် မင်းတပ် မြို့နယ် တိုက်နယ် (၁)ဘက်ကို တိုက်လေယာဉ်ဖြင့် ဗုံး လေးလုံး ကြဲချတိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ခိုက်မှုတွင် လူထိခိုက်မှုမရှိသော်လည်း နေအိမ်အချို့နှင့် ကျေးရွာဘုန်းကြီးကျောင်း ပျက်စီးမှု ရှိခဲ့သည်ဟု မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)က ထုတ်ပြန်ထားသည်။

အဆိုပါတိုက်နယ် အမှတ်(၁) နယ်မြေရှိနေရာ ပြည်သူများအနေဖြင့် တောင်ယာခင်းများသို့ သွားလာရာ၌ သတိထားရန်၊ မပေါက်ကွဲသေးသည့် လက်နက်ကြီး ဗုံးဆံများ တွေ့ပါက ကိုင်တွယ်ခြင်းမပြုဘဲ နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့သို့ သတင်းပိုရန် မင်းတပ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ ဆလိုင်းယောမာန်က လူမှုကွန်ရက်မှတဆင့် အသိပေးထားသည်။

မင်းတပ်မြို့နယ်တွင် ယခု ဧပြီလအတွင်း မင်းတပ် CDF၊ ယောဒေသကာကွယ်ရေးတပ်တို့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်ရှိခဲ့သည်ဟု မင်းတပ် CDFက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေမှာ တိုက်ပွဲဖြစ်နေချိန် စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းထဲနဲ့ စံပြရပ်ကွက်ထဲကို ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ် ၁ဦးသေဆုံးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ပါတယ်။

Facebook