Connect with us

Hi, what are you looking for?

သတင်း

ဆောမြို့နယ် တေးကျေးရွာ စစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်၍ ပြည်သူတစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရ

ဧပြီ ၁၂ရက် ညနေ ၄နာရီတွင် ကျောက်ထုအမြှောက် တပ်မှ လက်နက်ကြီးများ အကြောင်းမဲ့ ရမ်းသမ်း ပစ်ခတ်သောကြောင့် တေးကျေးရွာအနီး လက်နက်ကြီးကျ ရောက်ပေါက်ကွဲ ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးအား တွေ့ရစဉ်။ ဓာတ်ပုံ - Yaw Mang)
(စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးအား တွေ့ရစဉ်။ ဓာတ်ပုံ - Yaw Mang)

မကွေးတိုင်း ဆောမြို့နယ် တေးကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ ဒေသခံ ပြည်သူ တစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့သည်ဟု ဒေသတွင်းသတင်းရင်းမြစ်က အသိပေးသည်။

ဧပြီ ၁၂ရက် ညနေ ၄နာရီတွင် ကျောက်ထုအမြှောက် တပ်မှ လက်နက်ကြီးများ အကြောင်းမဲ့ ရမ်းသမ်း ပစ်ခတ်သောကြောင့် တေးကျေးရွာအနီး လက်နက်ကြီးကျ ရောက်ပေါက်ကွဲ ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“အပစ်မဲ့ပြည်သူ တစ်ဦးလက်နက်ကြီးကျည်ထိမှန် သေဆုံးကာ၊ သုံးဦးထိခိုက်ဒဏ်ရာရတယ်လို့ ကြားသိရပါတယ်။ တိုက်ပွဲမရှိဘဲ အမြှောက်တပ်မှ ယောကျေးရွာ ဘက်တွေကို အကြောင်းမဲ့ရမ်း သမ်းပစ်ခတ်နေတာပါ။ ကျေးရွာနေ သက်ကြီးရွယ်အိုများ၊ ခလေးငယ်များ၊ကိုယ်ဝန် သည်များ ကြောက်လန့်ပြီး ဘေးလွတ်ရာသို့ ထွက်ပြေးပုန်းရှောင်နေရတယ်လို့ ကြားသိရပါတယ်”ဟု ဒေသတွင်း သတင်းရင်းမြစ်က ၎င်း၏ လူမှုကွန်ရက် တွင် အသိပေး ရေးသားထားသည်။

Public Service Announcement
Public Service Announcement

ယမန်နေ့ ညပိုင်းကလည်း စစ်ကောင်စီတပ်သည် ဆောနှင့် နယ်မြေခြင်းဆက်စပ်နေသည့် မင်းတပ် မြို့နယ် တိုက်နယ် (၁)ဘက်ကို တိုက်လေယာဉ်ဖြင့် ဗုံး လေးလုံး ကြဲချတိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ခိုက်မှုတွင် လူထိခိုက်မှုမရှိသော်လည်း နေအိမ်အချို့နှင့် ကျေးရွာဘုန်းကြီးကျောင်း ပျက်စီးမှု ရှိခဲ့သည်ဟု မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)က ထုတ်ပြန်ထားသည်။

အဆိုပါတိုက်နယ် အမှတ်(၁) နယ်မြေရှိနေရာ ပြည်သူများအနေဖြင့် တောင်ယာခင်းများသို့ သွားလာရာ၌ သတိထားရန်၊ မပေါက်ကွဲသေးသည့် လက်နက်ကြီး ဗုံးဆံများ တွေ့ပါက ကိုင်တွယ်ခြင်းမပြုဘဲ နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့သို့ သတင်းပိုရန် မင်းတပ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ ဆလိုင်းယောမာန်က လူမှုကွန်ရက်မှတဆင့် အသိပေးထားသည်။

မင်းတပ်မြို့နယ်တွင် ယခု ဧပြီလအတွင်း မင်းတပ် CDF၊ ယောဒေသကာကွယ်ရေးတပ်တို့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်ရှိခဲ့သည်ဟု မင်းတပ် CDFက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မန္တလေးမှာ ရာသီဥတုပူပြင်းလွန်းတာကြောင့် ကြောက်ကြောက်နဲ့ မျှော်ခဲ့ရတဲ့မိုးဟာ မေလ ၁ဝ ရက် ညနေပိုင်းမှာ တအုန်းအုန်းနဲ့ ချလာခဲ့ပါတယ်။ ကြောက်ကြောက်နဲ့ ဆိုတာက ငလျင်ကြီးကြောင့် ယိုင်နဲ့နေတဲ့အဆောက်အအုံတွေ မိုးရွာလို့ ပြိုကျမှာကို ကြောက်ကြတာပါ။ ထင်တဲ့အတိုင်းပါပဲ။

သတင်း

စစ်ကောင်စီက အပစ်ရပ်မည်ဟုသက်တမ်း တစ်လတိုးထားသော်လည်း နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေသောကြောင့် လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုရန်မှ ရှောင်ရှားနိုင်ရေး ပြည်သူများအနေဖြင့် စစ်ရေးသတိအမြဲရှိရန်လိုအပ်ကြောင်း တအာင်းတပ်မတော်(TNLA)က ယနေ့ မေလ ၁၁ရက်တွင် သတင်းထုတ်ပြန်သည်။

သတင်း

ဗန်းမော်မြို့၊ ညောင်ပင်ရပ်ကွက်မှ စစ်ဘေးရှောင်များခ်ိုလှုံနေသည့်တောင်လေးလုံဘုန်းကြီးကျောင်းကို စစ်ကောင်စီကပြီးခဲ့သည့် မေလ ၈ရက်တွင်ဗုံးဖြင့်ကြဲချခဲ့သည့်ရုပ်သံမှတ်တမ်းယနေ့ထွက်ပေါ်လာသည်။

ဘာသာပြန်ဆောင်းပါး

အာဏာသိမ်း စစ်ကောင်စီကြောင့် နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ် ယိမ်းယိုင် ပြိုကျနေခဲ့ရခြင်းက ငလျင်ဘေးသင့်ချိန်မှာ မြန်မာနိုင်ငံအတွက် သေကြေပျက်စီးမှုတွေကို ပိုမို ဆိုးရွားသွားစေခဲ့ကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်းတွေ၊ ကျန်းမာရေး ပညာရှင်တွေနဲ့ နိုင်ငံတကာ လေ့လာ စောင့်ကြည့်သူတွေက ပြောပါတယ်။

Facebook