Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အရာတော်ရှိ အမြောက်တပ်နှင့် စစ်ဆေးရေးဂိတ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

ယမန်နေ့ (ဧပြီ ၁၂ရက်) ညနေ ၃ နာရီကျော်ကလည်း အရာတော်မြို့နယ်ရှိ စစ်ကောင်စီ၏ (၅၀၀၄) အမြောက်တပ်အား (၈၀)မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိနိုင်ကြောင်း Danger Force LPDF အဖွဲ့က ပြောသည်။

(အရာတော်မြို့နယ်ရှိ စစ်ကောင်စီ၏ (၅၀၀၄) အမြောက်တပ်အား (၈၀)မမဖြင့် ပစ်ခတ်တိုက်ခိုက်နေစဥ်)
(အရာတော်မြို့နယ်ရှိ စစ်ကောင်စီ၏ (၅၀၀၄) အမြောက်တပ်အား (၈၀)မမဖြင့် ပစ်ခတ်တိုက်ခိုက်နေစဥ်)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ အမြောက်တပ်နှင့် စစ်ဆေးရေးဂိတ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား နှစ်ဦးထက်မနည်း သေဆုံးကြောင်း Danger Force LPDF အဖွဲ့က ပြောသည်။

ဧပြီ ၁၀ရက် ညနေ ၆နာရီခန့်က အရာတော်မြို့အနောက်ဘက်ရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်အား (၄၀)မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း Danger Force LPDF အဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဧပြီ ၁၂ရက်) ညနေ ၃ နာရီကျော်ကလည်း အရာတော်မြို့နယ်ရှိ စစ်ကောင်စီ၏ (၅၀၀၄) အမြောက်တပ်အား (၈၀)မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိနိုင်ကြောင်း Danger Force LPDF အဖွဲ့က ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ဆေးရေးဂိတ်အား (၆) ကြိမ်မြောက်၊ အမြောက်တပ်အား (၅)ကြိမ်မြောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဖြစ်စဥ်နှစ်ခုလုံးတွင် စစ်ကောင်စီဘက်က လက်နက်ငယ်များဖြင့် ​ပြန်လည်ပစ်ခတ်ခဲ့ကြောင်း Danger Force LPDF အဖွဲ့က ဆိုသည်။

Public Service Announcement

Public Service Announcement

“ဂိတ်ကို လေးလုံးပစ်တယ်။ လက်လုပ် (၄၀)နှစ်လုံး အားလုံး ခြောက်လုံးပစ်တယ်။ ပြည်သူတွေရှုပ်နေတဲ့အတွက် လက်နက်ငယ်တော့ မသုံးခဲ့ဘူး။ အမြောက်တပ်ကို (၈၁) ငါးလုံးပစ်ခဲ့တယ်။ ပစ်ပြီးတော့ ကင်းပုန်းတွေ ၃၅ ယောက်လောက်က လိုက်ပစ်တယ်။ ကျွန်တော်တို့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်။”ဟု Danger Force LPDFအဖွဲ့၏ တိုက်ခိုက်ရေးတာဝန်ခံ ကိုသူသူက ပြောသည်။

စစ်ဆေးရေးဂိတ်ကို မုံရွာခရိုင်ကွပ်ကဲရေးမှူး၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် Danger Force LPDF ၊ CD တပ်ဖွဲ့ ၊ မုံရွာခရိုင်တပ်ရင်း (၁၉) ၊ အရာတော်(ပကဖ)တို့ကလည်းကောင်း၊ အမြှောက်တပ်ကို Danger Force LPDF ၊ကြယ်နီတပ်ဦး၊ကြယ်နီတပ်ဖွဲ့ ၊ မဟိန်တပ်ဖွဲ့ ၊ Eagle တပ်ဖွဲ့ ၊ Seven Star တပ်ဖွဲ့တို့ကလည်းကောင်း တိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

ဆောင်းပါး

သင်္ကြန်အတက်နေ့ ချင်းတွင်းမြစ်ကမ်းဘေးအပူက အလျံတငြီးငြီးနဲ့ တောက်လောင်နေတယ်။ သဲတွေဟာ မီးကြီးခဲတွေ နုတ်နုတ်စင်းထားသလိုမျိုး ထိလိုက်တာနဲ့ မခံမရပ်နိုင်အောင် ပူလောင်လွန်းလှတယ်။

သတင်း

မတ်လ ၁၄ ရက်ကလည်း BWM နှင့် MKCDF အဖွဲ့တို့ပူးပေါင်း၍ တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးသေဆုံးခဲ့သည်။

သတင်း

စစ်ကောင်စီသည် မတ်လ ၂၇ရက်တွင် ညောင်ရွှေမြို့နယ် ထီခိုးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် အကြိမ် ၂၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြည်သူအချို့ ပိတ်မိနေကြောင်း အသိပေးသည်။