Connect with us

Hi, what are you looking for?

သတင်း

လောင်စာခဲ နည်းပညာသုံး ဒုံးကျည်ကို မြောက်ကိုရီးယား ပထမဆုံးအကြိမ် အောင်အောင်မြင်မြင် ပစ်လွှတ်

၂၀၂၁ တုန်းက ကင်မ်ကိုယ်တိုင် ကြေညာခဲ့တဲ့ စစ်လက်နက် မြှင့်တင်ရေး ၅ နှစ် စီမံကိန်းမှာ လောင်စာခဲတောင့် နည်းပညာသုံး ICBMတွေ ထုတ်လုပ်ရေးလည်း ပါဝင်နေပါတယ်။

လောင်စာခဲ နည်းပညာသုံး ဒုံးကျည်ကို မြောက်ကိုရီးယား ပထမဆုံးအကြိမ် အောင်အောင်မြင်မြင် ပစ်လွှတ်
လောင်စာခဲ နည်းပညာသုံး ဒုံးကျည်ကို မြောက်ကိုရီးယား ပထမဆုံးအကြိမ် အောင်အောင်မြင်မြင် ပစ်လွှတ်

မြောက်ကိုရီးယားဟာ လောင်စာခဲကို အသုံးပြုတဲ့ တိုက်ချင်းပစ် ဒုံးကျည် (ICBM) တစ်စင်းကို နိုင်ငံရဲ့ သမိုင်းတလျှောက်မှာ ပထမဆုံး အကြိမ်အဖြစ် အောင်အောင်မြင်မြင် စမ်းသပ် လွှတ်တင်ခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ ရှိရင်းစွဲ ICBMတွေထက် ပိုပြီး အားကောင်းတဲ့၊ ပိုပြီး ခေတ်မီတဲ့ ဒုံးကျည်တွေ ထုတ်လုပ်ဖို့ အာသီသ ပြင်းပြနေတဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းအတွက် အခုကိစ္စက အရေးပါတဲ့ အောင်မြင်မှု ခြေလှမ်းတစ်ခုလို့ သတ်မှတ်နိုင်ပါတယ်။

Hwasong-18လို့ နာမည်ပေးထားတဲ့ ဒုံးကျည်ကို ဧပြီ ၁၃ ရက် မနက်ပိုင်းမှာ ပစ်လွှတ်ခဲ့ကြောင်း မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနကလည်း အတည်ပြုခဲ့ပါတယ်။ ဒုံးကျည် ပစ်လွှတ်မှုကို မြောက်ကိုရီးယားရဲ့ ခေါင်းဆောင်ကြီး ကင်မ်က သမီးဖြစ်သူနဲ့အတူ တက်ရောက်ကြည့်ရှုခဲ့သလို ကိုယ်တိုင် ကွပ်ကဲခဲ့ကြောင်း KCNAက ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားရဲ့ ဒုံးကျည် စမ်းသပ်မှုကို ဂျပန်နဲ့ တောင်ကိုရီးယားတို့က ထောက်လှမ်း စောင့်ကြည့်ခဲ့ကြသလို ဂျပန်အစိုးရဟာ မြောက်ပိုင်း ဟော့ကိုင်းဒိုးကျွန်းမှာ နေထိုင်တဲ့ ဒေသခံ တချို့ကိုပါ ယာယီ ရွှေ့ပြောင်းဖို့ အရေးပေါ် ညွှန်ကြားခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

KCNAက ICBM အမျိုးအစားသစ်ကို ဧပြီ ၁၃ ရက် မနက်ပိုင်းမှာ စမ်းသပ် အောင်မြင်ခဲ့ပြီး မဟာဗျူဟာ စစ်ရေး ခွန်အားသစ် တစ်ခုကို ယူဆောင်လာနိုင်ခဲ့ပြီလို့ ညွှန်းဆိုသွားခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ အရင်ကတည်းက ဒုံးကျည် အမျိုးအစားပေါင်းစုံ စမ်းသပ် ပစ်ခတ်ခဲ့ဖူးပေမယ့် အားလုံးက လောင်စာ အရည်ကို အသုံးပြုထားတဲ့ အမျိုးအစားတွေပါ။ လောင်စာခဲ နည်းပညာကတော့ ပစ်လွှတ်ဖို့ စီစဉ်တဲ့အချိန် အများကြီး ယူစရာ မလိုတော့သလို ဒုံးကျည်ရဲ့ ကွေ့ဝိုက်ပျံသန်းနိုင်စွမ်းကိုပါ မြှင့်တင်ပေးတဲ့ အားသာချက်မျိုးတွေ ပိုင်ဆိုင်ထားပါတယ်။

၂၀၂၁ တုန်းက ကင်မ်ကိုယ်တိုင် ကြေညာခဲ့တဲ့ စစ်လက်နက် မြှင့်တင်ရေး ၅ နှစ် စီမံကိန်းမှာ လောင်စာခဲတောင့် နည်းပညာသုံး ICBMတွေ ထုတ်လုပ်ရေးလည်း ပါဝင်နေပါတယ်။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာရဲ့ ဖိအားပေး ပိတ်ဆို့မှုတွေ ရှိနေတဲ့တိုင် မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ဒုံးကျည် စမ်းသပ်မှုတွေကို အရေအတွက် အမြောက်အမြား ပြုလုပ်နေဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဂျပန်ရဲ့ လက်နက်ပြန်လည် တပ်ဆင်နေမှုအတွက် စစ်ရေးအရ ရွေးချယ်စရာ အစီအမံ အသစ်တွေကို ပြင်ဆင်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် တပ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ကြိုးစားခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို အပြင်းအထန် တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသမှာရှိတဲ့ အမေရိကန် တပ်တွေကို အီရန်က အငိုက်ဖမ်း တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။