Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

မြောက်ကိုရီးယား ဒုံးကျည်ကြောင့် ဂျပန် မြောက်ပိုင်းမှာ အရေးပေါ် ရွှေ့ပြောင်းအမိန့်တွေ ထုတ်ပြန်ခဲ့ရ

မြောက်ကိုရီးယားက ပြိုင်ဘက် မဟာမိတ် နှစ်နိုင်ငံရဲ့ စစ်ရေးလေ့ကျင့်မှုတွေဟာ ကျူးကျော်စစ်အတွက် ပြင်ဆင်မှုတွေလို့ အစဉ်တစိုက် စွပ်စွဲလေ့ရှိပြီး အဲဒီအတွက်လည်း ကိုယ့်နိုင်ငံကိုယ် ကာကွယ်ဖို့ နျူကလီးယား လက်နက် စွမ်းရည်ကို မြှင့်တင်မယ်လို့ ကြုံးဝါးထားပါတယ်။

မြောက်ကိုရီးယား ဒုံးကျည်ကြောင့် ဂျပန် မြောက်ပိုင်းမှာ အရေးပေါ် ရွှေ့ပြောင်းအမိန့်တွေ ထုတ်ပြန်ခဲ့ရ
People watch a television screen showing a news broadcast with file footage of a North Korean missile test, at a railway station in Seoul on April 13, 2023. - North Korea fired a ballistic missile on April 13, Seoul's military said, prompting Japan to briefly issue a seek shelter warning to residents of the northern Hokkaido region. (Photo by Jung Yeon-je / AFP)

မြောက်ကိုရီးယားရဲ့ ဒုံးကျည် ပစ်လွှတ်မှု တစ်ခုကြောင့် ဂျပန်နိုင်ငံ မြောက်ပိုင်းမှာ အရှုပ်အထွေးတွေ ဖြစ်ပေါ်ခဲ့ပြီး အရေးပေါ် ရွှေ့ပြောင်းဖို့ အမိန့်တွေပါ ထုတ်ပြန်ခဲ့ရပါတယ်။

ဟော့ကိုင်ဒိုး ကျွန်းမှာ နေထိုင်သူတွေဟာ ဧပြီ ၁၃ ရက်မှာ လေကြောင်း အန္တရာယ် သတိပေး ဥဩသံတွေ မြည်ဟည်းလာချိန်မှာ ဗုံးခိုဖို့ သတ်မှတ်ထားတဲ့ နေရာတွေဆီ စုဝေး သွားရောက်ခဲ့ရပါတယ်။ ဒါပေမဲ့ မိနစ် ၃၀ အကြာမှာတော့ လေကြောင်း အန္တရာယ် သတိပေးချက်ကို ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။ ဒီလို ဖြစ်ရတာဟာ ဂျပန်ဖက်ကို ချိန်ရွယ်ပြီး မြောက်ကိုရီးယား ဒုံးကျည်တစ်စင်း ပစ်ခတ်ခဲ့တာကြောင့်ပါ။

မြောက်ကိုရီးယားရဲ့ ဒုံးကျည်ဟာ ဂျပန်ပိုင်နက်ထဲ ကျရောက်မှု မရှိဘူးလို့ အတည်ပြုပြီးတဲ့နောက် လေကြောင်း အန္တရာယ် သတိပေးချက်ကို ပြန်ရုပ်သိမ်းခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ဒုံးကျည်ဟာ တာလတ်စပ်၊ ဒါမှမဟုတ် တာဝေးပစ် အမျိုးအစားလို့ ယူဆရပြီး ဒီနှစ်ထဲမှာ မြောက်ကိုရီးယား လွှတ်တင်တဲ့ ၂၇ စင်းမြောက် ဒုံးကျည်လည်း ဖြစ်ပါတယ်။ အခုဒုံးကျည်နဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

Public Service Announcement

Public Service Announcement

ဂျပန်အပြင် တောင်ကိုရီးယားနဲ့ အမေရိကန်တို့က အဲဒီ ဒုံးကျည် ပစ်ခတ်မှုကို ချက်ချင်း ကန့်ကွက်ခဲ့ကြပါတယ်။ ဂျပန် ကာကွယ်ရေး ဝန်ကြီး ယာဆူကာဇူ ဟာမာဒါက မြောက်ကိုရီးယားရဲ့ ဒုံးကျည်ဟာ ဂျပန်ရဲ့ အထူးစီးပွားရေးဇုန် သတ်မှတ် ဧရိယာပေါ်က ဖြတ်ပျံသွားသလား ဆိုတာကို အတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွေ အရှိန်မြှင့် လုပ်ဆောင်ခဲ့သလို မြောက်ကိုရီးယားကလည်း ဒုံးကျည် စမ်းသပ်မှုတွေနဲ့ တုံ့ပြန်ခဲ့တာကြောင့် ကိုရီးယား ကျွန်းဆွယ်ရဲ့ အခြေအနေက တင်းမာမှုတွေ မြင့်တက်နေပါတယ်။

မြောက်ကိုရီးယားက ပြိုင်ဘက် မဟာမိတ် နှစ်နိုင်ငံရဲ့ စစ်ရေးလေ့ကျင့်မှုတွေဟာ ကျူးကျော်စစ်အတွက် ပြင်ဆင်မှုတွေလို့ အစဉ်တစိုက် စွပ်စွဲလေ့ရှိပြီး အဲဒီအတွက်လည်း ကိုယ့်နိုင်ငံကိုယ် ကာကွယ်ဖို့ နျူကလီးယား လက်နက် စွမ်းရည်ကို မြှင့်တင်မယ်လို့ ကြုံးဝါးထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတကာ

ကင်မ်က အဲဒီ တက္ကသိုလ်မှာ မြောက်ကိုရီးယား စစ်ဘက် အရာရှိတွေကို ခေတ်မီ စစ်ရေး မဟာဗျူဟာတွေ၊ နည်းပညာတွေနဲ့ အကျွမ်းတဝင် ရှိလာအောင် ဘယ်လို လေ့ကျင့် သင်ကြားပေးနေသလဲ ဆိုတာကိုလည်း စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

သတင်း

ငွေကြေး လဲလှယ်မှု အခက်အခဲတွေနဲ့ ဆက်သွယ်ရေး ကဏ္ဍမှာ အရှုံးပေါ်မှုတွေကို ကာမိစေဖို့ ယန်းငွေ ၁၀၅ ဘီလီယံ (ဒေါ်လာ သန်းပေါင်း ၆၉၀)လောက်ကို ဖြစ်နိုင်ခြေငွေအဝင် စာရင်းကနေ ယာယီ ချန်လှပ်ထားရတယ်လို့ KDDIက ဆိုပါတယ်။

နိုင်ငံတကာ

ကင်မ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း မြောက်ကိုရီးယား စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ် လေ့ကျင့်မှု အစီအစဉ် တစ်ခုကို ကိုယ်တိုင် ကြီးမှူးခဲ့သေးကြောင်း သိရပါတယ်။