Connect with us

Hi, what are you looking for?

သတင်း

ပဇီကြီးရွာ လေးကြောင်းပစ်ခတ်ခံရ၍ သေဆုံးမှုတွင် (၆)လအရွယ်ကလေးငယ် ပါဝင်

အထက်ပါ သေဆုံးပြည်သူစာရင်းမှာ ပြုစုကောက်ယူနေဆဲဖြစ်ပြီး သေဆုံးသူဦးရေ ယခုထက်ပိုများနိုင်ကာ အပြောင်းအလဲရှိနိုင်ကြောင်း မြေပြင်ကယ်ဆယ်ရေးလုပ်ဆောင်နေသူများက ပြောကြားထားသည်။

(ပဇီကြီးရွာကိုစစ်တပ်က ​လေ​ကြောင်းမှ တိုက်ခိုက်ပြီး​​နောက်အပျက်အစီးများကို​တွေ့ရစဥ်။ဓာတ်ပုံ-CJ)
(ပဇီကြီးရွာကိုစစ်တပ်က ​လေ​ကြောင်းမှ တိုက်ခိုက်ပြီး​​နောက်အပျက်အစီးများကို​တွေ့ရစဥ်။ဓာတ်ပုံ-CJ)

▪️(၁၈)နှစ်အောက် ကလေးသေဆုံးမှု ၃၈ ဦးရှိဟု ကယ်ဆယ်ရေးအဖွဲ့ပြော

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာအား အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့၍ သေဆုံးပြည်သူများတွင် အသက်အငယ်ဆုံးကလေးမှာ (၆)လအရွယ် ကလေးငယ်တစ်ဦးဖြစ်ကြောင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူများက ပြောသည်။

ယမန်နေ့ (ဧပြီ ၁၅ ရက်)က ပဇီကြီးရွာ လေကြောင်းပစ် ခတ်ခံရမှုနှင့်စပ်လျဥ်းပြီး မြေပြင်တွင် ကယ်ဆယ် ရေးလုပ်ဆောင်နေသည့် ဒေါင်းနီအဖွဲ့မှ တာဝန်ရှိသူများက အွန်လိုင်းမှတဆင့် ရှင်းလင်းပွဲပြုလုပ်ရာ သတင်းသမားတစ်ဦး၏မေးမြန်းမှုကို အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“အခင်းဖြစ်တဲ့အထဲမှာ ပါသွားတဲ့ကလေးက နို့တိုက်ကလေးတွေပါ ပါတယ်ဗျ။ နို့တိုက်ကလေးတွေမှာမှ အငယ်ဆုံးကလေးက (၆)လအရွယ်ပါတယ်ဗျ။ နောက် (၃)နှစ်အရွယ်ကလေးတွေ၊ (၂)နှစ်အရွယ်ကလေးတွေ၊ ရင် ခွင်ပိုက်အရွယ်လေးတွေ ပါပါတယ်”ဟု ကယ်ဆယ်ရေးလုပ်ဆောင်နေသူတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ဧပြီ ၁၁ ရက်တွင် ပဇီကြီးရွာ ပြည်သူ့အုပ်ချုပ်ရေးရုံးဖွင့်ပွဲအား နံနက် ၇ နာရီ ၄၅ တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတစ်စင်းဖြင့် လေကြောင်းမှ ပစ်ခတ်သည့်အပြင် စစ်ဘက်သုံးရဟတ်ယာဥ် Mi-35 ဖြင့် ဗုံးကြဲခြင်း၊ စစ်သေနတ်များဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် ဒေသခံပြည်သူ ၁၇၄ ဦးရှိပြီး ယင်းအနက် ၁၈ နှစ်အောက်ကလေး ၃၈ ဦးပါဝင်ကြောင်း အထက်ပါ ကယ်ဆယ်ရေးလုပ်ဆောင်နေသူများက ပြောသည်။

Public Service Announcement

Public Service Announcement

သေဆုံးပြည်သူများတွင် အမျိုးသား ၁၁၂ ဦး၊ အမျိုးသမီး ၂၄ ဦးနှင့် ကလေး ၃၈ ဦးအသီးသီးရှိနေပြီး လေကြောင့်မှ ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာရရှိပြီး ဆေးကုသမှုခံယူနေရသူ ၂၄ ဦးရှိကြောင်း မြေပြင်ကယ်ဆယ်ရေးအဖွဲ့များ၏ ဧပြီ ၁၅ ရက် စာရင်းများအရ သိရသည်။

လက်ရှိတွင် ဒဏ်ရာရသူများအား လုံလောက်သည့် ဆေးကုသမှု ပေးထားနိုင်ပြီဖြစ်ပြီး စိုးရိမ်ရသည့်အခြေအနေတွင်ရှိမနေကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်နေသူ များက အသိပေးထားသည်။

အထက်ပါ သေဆုံးပြည်သူစာရင်းမှာ ပြုစုကောက်ယူနေဆဲဖြစ်ပြီး သေဆုံးသူဦးရေ ယခုထက်ပိုများနိုင်ကာ အပြောင်းအလဲရှိနိုင်ကြောင်း မြေပြင်ကယ်ဆယ်ရေးလုပ်ဆောင်နေသူများက ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။