Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးတွင် ကင်းထောက်ရဲဘော်တစ်ဦး ဖမ်း​ဆီးသတ်ဖြတ်ခံရ

စစ်ကောင်စီတပ်သည် သင်္ကြန်အကြတ်နေ့က ညောင်ပင်ကြီးရဲစခန်းအနီးရှိ ထန်းတောရွာကို မီးရှို့ခဲ့ပြီးနောက် ရဲဘော်တစ်ဦးကို ပစ်ခတ်သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

(ဆားလင်းကြီးနယ်သို့ ကူးသန်းရန်ပြင်ဆင်နေသည့် စစ်ကားများအား မုံရွာဘက်ခြမ်းတွင် တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ဆားလင်းကြီးနယ်သို့ ကူးသန်းရန်ပြင်ဆင်နေသည့် စစ်ကားများအား မုံရွာဘက်ခြမ်းတွင် တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

▪️ယင်းမာပင်မြို့ပေါ်ရှိ စုပေါင်းရုံးနှင့် ရဲစခန်းကို ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် သင်္ကြန်အကြတ်နေ့က ကင်းထောက်ရဲဘော်တစ်ဦး ဖမ်း​ဆီးသတ်ဖြတ်ခံရပြီးနောက် ညပိုင်းတွင် ယင်းမာပင်မြို့ပေါ်ရှိ စစ်အုပ်စုတပ်စွဲရာ စုပေါင်းရုံးနှင့် ရဲစခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း PDF အဖွဲ့များက ပြောသည်။

ဧပြီ ၁၅ ရက် သင်္ကြန်အကြတ်နေ့က ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်း တပ်စွဲထားသော စစ်ကောင်စီတပ်ကို ကင်းထောက်သွားခဲ့သည့် မဟာမိတ် YPFတပ်ဖွဲ့့မှရဲဘော် အပုလေး (ခ) နေရဲလင်းသည် စစ်ကောင်စီတပ်၏ ပစ်ခတ်ခြင်းခံခဲ့ရကြောင်း ဆားလင်းကြီးအခြေစိုက် SGZ PDFအဖွဲ့က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် သင်္ကြန်အကြတ်နေ့က ညောင်ပင်ကြီးရဲစခန်းအနီးရှိ ထန်းတောရွာကို မီးရှို့ခဲ့ပြီးနောက် ရဲဘော်တစ်ဦးကို ပစ်ခတ်သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ရဲဘော်တစ်ဦးက မီးရှို့နေချိန် ရောက်လာတော့ ပစ်သတ်သွားတာလို့ ကြားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထိုနေ့ညပိုင်းတွင် ဒေသတွင်းမဟာမိတ်များပူးပေါင်းကာ ယင်းမာပင်စုပေါင်းရုံးနှင့် ရဲစခန်းအား (၆၀)မမ ၊(၈၀)မမ နှင့် (၁၂၀)မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Salingyi Border Task Force – SBTF အဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို ယင်းမာပင် – ဆားလင်းကြီးလက်နက်ကြီးမဟာမိတ်တပ်ပေါင်းစုများဖြစ်သော Salingyi Border Task Force – SBTF၊ Eagle Defense Force-EDF၊ Fighter Brotherhood Guerrilla Army၊ Black Shadow၊ Real Hero၊ ချင်းတွင်းညီနောင်စသည့်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ စစ်ကောင်စီတပ်သည် ဧပြီ ၁၂ရက်က ညောင်ပင်ကြီးစခန်းသို့ ရောက်ရှိလာပြီး ထိုနေ့ညပိုင်းကတည်းက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ ဆားလင်းနယ်ရှိ ကျေးရွာများမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ဧပြီ ၁၃ ရက် ညတွင်လည်း ဒေသတွင်းPDFများနှင့် ပစ်ခတ်တိုက်ခိုက်မှုများရှိခဲ့ပြီး စစ်အုပ်စုအထိအခိုက်ရှိကာ နယ်မြေခံPDFအဖွဲ့က တပ်သားတစ်ဦးဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံတော်လှန်ပြည်သူတွေ စုပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ကျဥ်းအားလုံး လွှတ်ပေးဖို့ ဆန္ဒပြတဲ့ လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၂၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဆားလင်းကြီးနဲ့ ဂန့်ဂေါမြို့နယ်က သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားနဲ့ ကျန်းကျန်းမာမာရှိကြောင်း ခိုင်လုံတဲ့ သက်သေပြပေးဖို့ "Proof of Life" လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၂၅) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်က သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း ခိုင်လုံတဲ့ သက်သေပြပေးဖို့ "Proof of Life" လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

ဧပြီလဆန်းလေပြီ။မကြာခင်သင်္ကြန်ကာလရောက်တော့မည်မို့ ရပ်ဝေးက သားတွေသမီးတွေ အလုပ်တွေနားလို့ မိဘအိမ် ပြန်လာကြလေပြီ။ ဖားကန့်မြို့နယ်၊ကျေးရွာတစ်ရွာက ဒေါ်စိုး(အမည်လွှဲ)တစ်ယောက်လည်း သူ့သားလေး ပြန်အလာကို မျှော်လေပြီ။