Connect with us

Hi, what are you looking for?

သတင်း

UWSA ၏ ငြိမ်းချမ်းရေးတည်ဆောက်မှု (၃၄) နှစ်ပြည့်သို့ NUG ကာကွယ်ရေး ဂုဏ်ပြုသဝဏ်လွှာပို့

လက်နက်နှင့် လူအင်အား ကြီးမားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် UWSA သည် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ငြိမ်းချမ်းရေးဆွေးနွေးနေသည့် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်သည်။

(ဝ လက်နက်ကိုင်တပ်ဖွဲ့မှ ရဲဘော်များ စစ်ရေးသရုပ်ပြနေစဉ်။ ဓာတ်ပုံ - ရိုက်တာ)
(ဝ လက်နက်ကိုင်တပ်ဖွဲ့မှ ရဲဘော်များ စစ်ရေးသရုပ်ပြနေစဉ်။ ဓာတ်ပုံ - ရိုက်တာ)

▪️ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုလက်တွဲပုံဖော် တည်ထောင်ရန် တိုက်တွန်း

အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို အတူလက်တွဲပုံဖော်ရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ၀လက်နက်ကိုင်အဖွဲ့ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP/UWSA)ထံ ဖိတ်ခေါ်လိုက်သည်။

ယမန်နေ့ ဧပြီ ၁၇ရက်က ကျရောက်သည် ၀ဒေသ ငြိမ်းချမ်းရေးတည်ဆောက်မှု (၃၄)နှစ်မြောက်နေ့ အခမ်းအနားသို့ NUG ကာကွယ်ရေးက ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ရာ၌ အထက်ပါအတိုင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

လက်ရှိ ပြည်သူလူထုတရပ်လုံး ကြုံတွေ့ခံစားနေရသည့် မတရားအာဏာသိမ်း အကြမ်းဖက် စစ်တပ်၏ အဆုံးစွန်သော ရက်စက်ကြမ်းကြုတ်မှုများနှင့် နှစ်ကာလပေါင်းများစွာသော မတရား ဖိနှိပ်မှုများကို အဆုံးသတ်အမြစ်ဖြတ်ရန်မှာ အကြမ်းဖက်စစ်တပ်အား အပြီးတိုင်ဖယ်ရှားပြီး ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတရပ်ကို အားလုံးအတူတကွ လက်တွဲထူထောင် ကြရမည်ဖြစ်ကြောင်း သဝဏ်လွှာ၌ ဖော်ပြထားသည်။

” ဝ ပြည်နယ်၏ ရရှိပြီးသော တည်ငြိမ်အေးချမ်းမှု၊ ဒေသဖွံဖြိုးမှု၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုများကို ဆက်လက်ခိုင်မာမြင့်မားတိုးတက်စေရန် ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ၊ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်၊ ဝ ပြည်နယ် ပြည်သူ့အစိုးရတို့သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်များနှင့်အညီ ဦးဆောင်ကြိုးပမ်း ဆောင်ရွက် နိုင်ပါစေကြောင်းနှင့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို အတူတကွ လက်တွဲပုံဖော် တည်ထောင်ကြရန် လေးစားစွာဖြင့် တိုက်တွန်းနှိုးဆော်လျက် ယနေ့ ၂၀၂၃ ခုနှစ် ဧပြီလ (၁၇) ရက်နေ့တွင် ကျရောက်သော ဝ ပြည်နယ်၏ ငြိမ်းချမ်းရေးတည်ဆောက်မှု (၃၄) နှစ်ပြည့် အခမ်းအနားသို့ ဤသဝဏ်လွှာကို ဂုဏ်ယူစွာဖြင့် ပေးပို့အပ်ပါသည်”ဟု ကာကွယ်ရေးဝန်ကြီးဌာန၏ သဝဏ်လွှာ၌ ရေးသားထားသည်။

Public Service Announcement

Public Service Announcement

လက်နက်နှင့် လူအင်အား ကြီးမားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် UWSA သည် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ငြိမ်းချမ်းရေးဆွေးနွေးနေသည့် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။