Connect with us

Hi, what are you looking for?

သတင်း

လေကြောင်းတိုက်ခိုက်နေသည့်လေယာဉ်မောင်းများကို အပြစ်ပေးစီရင်နိုင်သည့်အဖွဲ့အား ကျပ်သိန်း ၅၀၀တန်မြေကွက် ဆုချီးမြင့်မည်ဟု CDF ကြေညာ

ယခုနှစ် ဇန်နဝါရီ ပထမအပတ်မှစ၍ စစ်ကောင်စီတပ်သည် မင်းတပ်မြို့နယ်ရှိ ပြည်သူများကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ကျူးလွန်လျက်ရှိရာ ပြည်သူလူထု သေဆုံးထိခိုက်မှုများရှိလာနေပြီး နေအိမ်များစွာ ပျက်စီးမှုများ ရှိနေသည်ဟု အသိပေးသည်။

(အကြမ်းဖက်စစ်ကောင်စီက မင်းတပ်မြို့နယ်၊တိုက်နယ် (၁) ပန်းပါကျေးရွာကို ဧပြီ ၁၆ရက်က လေကြောင်းတိုက်ခိုက်နေစဥ်။ ဓာတ်ပုံ - CDF-Mindat)
(အကြမ်းဖက်စစ်ကောင်စီက မင်းတပ်မြို့နယ်၊တိုက်နယ် (၁) ပန်းပါကျေးရွာကို ဧပြီ ၁၆ရက်က လေကြောင်းတိုက်ခိုက်နေစဥ်။ ဓာတ်ပုံ - CDF-Mindat)

ချင်းပြည်နယ် မင်းတပ်မြို့နယ်ရှိ ကျေးရွာများအတွင်းသို့ ရည်ရွယ်ချက်ရှိရှိဖြင့် အပြစ်မဲ့ ပြည်သူများအား ပစ်မှတ်ထား လေကြောင်း ၏တိုက်ခိုက်နေသည့် လေယာဉ်မောင်းသူများကို အပြစ်ပေးစီနိုင်သည့် မည်သည့်အဖွဲ့ကိုမဆို ကျပ်သိန်း ၅၀၀ တန်ဖိုးရှိသည့်မြေကွက် ဆုချီးမြှင့်မည်ဟု မင်းတပ်ချင်းကာကွယ်ရေးတပ်(CDF)က ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။

ယခုနှစ် ဇန်နဝါရီ ပထမအပတ်မှစ၍ စစ်ကောင်စီတပ်သည် မင်းတပ်မြို့နယ်ရှိ ပြည်သူများကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ကျူးလွန်လျက်ရှိရာ ပြည်သူလူထု သေဆုံးထိခိုက်မှုများရှိလာနေပြီး နေအိမ်များစွာ ပျက်စီးမှုများ ရှိနေသည်ဟု အသိပေးသည်။

လာရောက်တိုက်ခိုက်သည့် လေယာဉ်မောင်းသူများအား စုံစမ်းဖော်ထုတ်ခဲ့ရာ စုံစမ်းမှုအရ မင်းတပ်မြို့နယ် ပန်းပါကျေးရွာ ဂျက်ဖိုက်တာ နှစ်စင်းဖြင့် တိုက်ခိုက်သည့် Pilot (လေယာဉ်မောင်းသူ) နှစ်ဦးမှာ ဗိုလ်မှူး နေဝင်းကျော်နှင့် ဗိုလ်မှူး သက်လင်းမောင်တို့ဖြစ်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင် အထူးအားကိုးသည့် လေယာဉ်မောင်းသူများဖြစ်ကြောင်း ကြားသိရသည်ဟု ဖော်ပြသည်။ ပန်းပါကျေးရွာ တိုက်ခိုက်မှုတွင် ကလေးငယ်နှင့် အမျိုးသမီးနှစ်ဦး အသက်ဆုံးရှုံးခဲ့ရပြီး ပြည်သူများစွာ ဒဏ်ရာရခဲ့သည်။

Public Service Announcement
Public Service Announcement

အဆိုပါ လေယာဉ်မောင်းသူနှစ်ဦးသည် Yak အုပ်စစ်ဆင်ရေး တံတားဦး၊ နေပြည်တော်၊ မှော်ဘီ သုံးနေရာ ဦးဆောင်လျက်ရှိသည့် ဒုဗိုလ်မှူးကြီး ရဲဇော်နိုင်အုပ်ချုပ်မှုလက်အောက်နှင့် ဒုဗိုလ်မှူးကြီး ရဲဇော်နိုင်မှာမူ အုပ်မှူးအဖြစ် တံတားဦး လေတပ်စခန်းတွင် တာဝန်ယူနေကြောင်း သိရသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် မင်းတပ်မြို့နယ်ကျေးရွာများအတွင်း ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေသော ဒုဗိုလ်မှူးကြီးရဲဇော်နိုင်နှင့် လေယာဉ်မောင်းသူနှစ်ဦး သို့မဟုတ် ၎င်းနှစ်ဦးနှင့် အလိုတူ အလိုပါ ပူးပေါင်းသူများအား အပြစ်ပေး စီရင်ကာ သက်သေပြနိုင်သည့် မည်သည့်အဖွဲ့အစည်းကိုမဆို ကျပ်သိန်း ငါးရာတန်ဖိုးရှိ မြေတစ်ကွက်အား ချီးမြှင့်သွားမည်ဖြစ်ကြောင်း မင်းတပ် CDFက ကြေညာခဲ့သည်။

အဆိုပါ မြေကွက်သည် မည်သည့်ဒေသမှဖြစ်သည်ကိုမူ ဖော်ပြမထားပေ။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအမည်ခံတင်မြှောက်ပြီး ရက် ၁၀၀ စီမံကိန်း အပူတပြင်း ပုံဖော်နေပေမဲ့ စစ်တပ်ဟာ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လုပ်နေလို့ ကလေးငယ်တွေ အပါအဝင် ပြည်သူ ရာချီသေဆုံးထိခိုက်ခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေ ရှိနေကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်ခဲ့ပြီး မြို့နယ်အတွင်း ပြည်သူတွေ အနေနဲ့ နေအိမ် တိုင်း ပုန်းခိုကျင်းတွေ တူးကြဖို့ နှိုးဆော် ထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ကျေးရွာလေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကျောင်းသားကလေးငယ် ၃ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရတဲ့ကလေးငယ် ၅ ဦးထက်မနည်းရှိနေကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။