Connect with us

Hi, what are you looking for?

သတင်း

မြဝတီမြို့နယ်တောင်ဘက်ခြမ်းတွင် စစ်‌ကောင်စီတပ်က လက်နက်ကြီးများနှင့် တရစပ်ပစ်နေ

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် မဲကနယ်ကျေးရွာအတွင်းရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း တစ်ကျောင်းအပါအဝင် နေအိမ်အများအပြား ထိခိုက်ပျက်စီးသွားခဲ့ရပြီး ဒေသခံပြည်သူအများအပြားသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ရသည်။

မြဝတီမြို့နယ်တောင်ဘက်ခြမ်းတွင် စစ်‌ကောင်စီတပ်က လက်နက်ကြီးများနှင့် တရစပ်ပစ်နေ
မြဝတီမြို့နယ်တောင်ဘက်ခြမ်းတွင် စစ်‌ကောင်စီတပ်က လက်နက်ကြီးများနှင့် တရစပ်ပစ်နေ

မြ၀တီမြို့နယ် တောင်ဘက်ခြမ်းတွင် ယနေ့ နံနက်အစောပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းကနေတိုက်ခိုက်နေသလို လက်နက်ကြီးနှင့်လည်း တရစပ်ပစ်ခတ်နေကြောင်း တော်လှန်ရေးပူးပေါင်းစစ်ကြောင်းများအဖွဲ့ထံမှ သိရသည်။

“နံနက်(၁)နာရီမှာ လေယာဉ်(၃)ခါတိတိလာကျဲပြီး အခုမနက် ထိုင်းစံတော်ချိန် (၉)နာရီ (၁၅)မိနစ်မှာ (လက်နက်ကြီး) ၁၂၀ နဲ့ မြေပြင်မှ တောက်လျှောက်ပစ်နေသလို လေကြောင်းမှလည်း တိုက်ခိုက်နေပါတယ်” ဟု ယနေ့နံနက် စစ်ကောင်စီတပ်၏ ပစ်ခတ်တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး VENOM PDF စစ်ကြောင်း သတင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။

မြဝတီမြို့နယ်တောင်ဘက်ခြမ်းတွင် စစ်‌ကောင်စီတပ်က လက်နက်ကြီးများနှင့် တရစပ်ပစ်နေ
မြဝတီမြို့နယ်တောင်ဘက်ခြမ်းတွင် စစ်‌ကောင်စီတပ်က လက်နက်ကြီးများနှင့် တရစပ်ပစ်နေ

တော်လှန်ရေးပူးပေါင်းစစ်ကြောင်းများ လုံခြုံရေးတာဝန်ယူထားသော နယ်မြေများအတွင်းသို့ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာလေယာဉ်ဖြင့် ယနေ့ ဧပြီလ(၂၂)ရက်နေ့ နံနက်(၁)နာရီအချိန်ခန့်တွင် ထပ်မံလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုမရှိကြောင်း ကျားသစ်နက်စစ်ကြောင်းအဖွဲ့မှလည်း ယနေ့တွင် ထုတ်ပြန်ထားသည်။

ဧပြီလ(၂၁)ရက် နေ့လည်ပိုင်းအချိန်ကလည်း စစ်ကောင်စီတပ်က လေယာဉ်ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သလို လက်နက်ကြီးများ၊ အတွဲလိုက်ပစ်ဒုံးများဖြင့် နေ့ရော၊ ညပါ ပစ်ခတ်လျက်ရှိရာ ကျားသစ်နက်စစ်ကြောင်းမှ ရဲဘော်တစ်ဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ ကျန်ရစ်ခဲ့သော လက်နက်၊ ကျည်များနှင့် အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ကျားသစ်နက်စစ်ကြောင်းက ဆိုထားသည်။

စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်(BGF)တို့သည် မြ၀တီမြို့နယ် မဲကနယ်ဒေသဘက်သို့ ပြီးခဲ့သည့်မတ်လကုန်ပိုင်းမှစ၍ မြေပြင်ကနေတစ်ဆင့် အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးတိုက်ခိုက်လာပြီး လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် မဲကနယ်ကျေးရွာအတွင်းရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း တစ်ကျောင်းအပါအဝင် နေအိမ်အများအပြား ထိခိုက်ပျက်စီးသွားခဲ့ရပြီး ဒေသခံပြည်သူအများအပြားသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေမှာ တိုက်ပွဲဖြစ်နေချိန် စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းထဲနဲ့ စံပြရပ်ကွက်ထဲကို ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ် ၁ဦးသေဆုံးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ပါတယ်။

Facebook