Connect with us

Hi, what are you looking for?

သတင်း

မြဝတီ မဲကနယ်ဒေသတိုက်ပွဲအထိနာသည့် စစ်ကောင်စီတပ်က အမြောက်များအလွန်အကျွံသုံး တုံ့ပြန်

ဧပြီ ၁၈ရက်နှင့် ၁၉ရက် တိုက်ပွဲများ၌လည်း စစ်ကောင်စီတပ်ထံမှ လက်နက် ၊ ခဲယမ်း ကျည်များ သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။

(စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်၍ ကျောက်မိုင်းနယ်မြေရှိ အဆောက်အဦးတချို့ ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - ကော်ဘရာ)
(စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်၍ ကျောက်မိုင်းနယ်မြေရှိ အဆောက်အဦးတချို့ ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - ကော်ဘရာ)

▪️ယနေ့တိုက်ပွဲ စစ်ကောင်စီတပ် တစ်ဦးသေဟု ကော်ဘရာအသိပေး

ကရင်ပြည်နယ် မြ၀တီမြို့နယ်ရှိ မဲကနယ်ရွာအနီးတိုက်ပွဲတွင် အထိနာသည့် စစ်ကောင်စီတပ်သည် ယနေ့ (ဧပြီ ၂၁ရက်) အမြောက်များ တစ်နေကုန်အသုံးပြုပြီး တိုက်ခိုက်ခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ဧပြီ ၁၈ရက်နှင့် ၁၉ ရက်တိုက်ပွဲများ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံးခဲ့သည့် မဲကနယ်ရွာအနီး ကျောက်မိုင်းဒေသသို့ အမြောက်များဖြင့် ပစ်ခတ်၍ အဆောက်အဦးထိခိုက်မှုရှိပြီး ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် တစ်ဦးဒဏ်ရာရခဲ့ကြောင်း အသိပေးသည်။

Public Service Announcement
Public Service Announcement

“ရန်သူဘက်မှ လက်နက်ကြီး၊ ဟောင်ဝစ်ဇာ အမြှောက်များဖြင့် အကြိမ်ရေများစွာ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် မိမိတို့ ပူးပေါင်းတပ်ဖွဲ့ဘက်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရန်သူတစ်ဦး သေဆုံးခဲ့ပြီး ရန်သူထိခိုက်ဒဏ်ရာရရှိမှုအား စုံစမ်း စီစစ်ဆဲဖြစ်သည်။ ရန်သူဘက်မှ တနေကုန် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကျောက်မိုင်းနယ်မြေရှိ အဆောက်အဦးတချို့ ထိခိုက်ပျက်စီးခဲ့ပြီး မိဘပြည်သူများပို့သသောမေတ္တာကြောင့် မိမိတို့ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် တစ်ဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့သည်”ဟု ကော်ဘရာ စစ်ကြောင်းက ယနေ့ ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ (ဧပြီ ၂၀ရက်)တွင်လည်း တိုက်ပွဲဖြစ်ပွားရာသို့ တိုက်လေယာဉ်များ အသုံးပြုပြီး လေကြောင်းပစ်ကူဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်။ ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် အထိနာခဲ့ကြောင်း၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်းလည်း ကော်ဘရာက အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဧပြီ ၁၈ရက်နှင့် ၁၉ရက် တိုက်ပွဲများ၌လည်း စစ်ကောင်စီတပ်ထံမှ လက်နက် ၊ ခဲယမ်း ကျည်များ သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။