Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့တွင် တိုက်ပွဲပြင်းထန် စစ်ကောင်စီတပ် ၁၅ဦးသေ

အထိနာနေသော စစ်ကောင်စီတပ်က နံနက် ၁၁နာရီခန့်တွင် လေယာဥ်ဖြင့် နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်မှုရှိခဲ့ကာ လူနေအိမ်အချို့ ထိခိုက်ပျက်စီးမှုရှိခဲ့သည်။

(စစ်ကောင်စီတပ်အား တိုက်ခိုက်နေသည့် မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအားတွေ့ရစဥ်။ ဓာတ်ပုံ - မိုးဗြဲ PDF)
(စစ်ကောင်စီတပ်အား တိုက်ခိုက်နေသည့် မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအားတွေ့ရစဥ်။ ဓာတ်ပုံ - မိုးဗြဲ PDF)

▪️နှစ်ဦးအရှင်ဖမ်းမိကာ လက်နက်၊ခဲယမ်းများ သိမ်းဆည်းရရှိဟုဆို

ရှမ်းပြည်နယ်နှင့် ကရင်နီပြည်အစပ်ရှိ မိုးဗြဲမြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ဦးသေဆုံး ပြီး နှစ်ဦးအရှင်ဖမ်းမိကာ လက်နက်၊ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း မိုးဗြဲ PDFတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ယနေ့( ဧပြီ ၂၆ ရက်) နံနက် ၆နာရီမှ ၁၀နာရီအထိ ညောင်ဝိုင်းရပ်ကွက်၌ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ညောင်ဝိုင်းမှာတပ်စွဲထားတဲ့ စကစတပ်ကိုဝင်တိုက်တာ မနက်အစောကတည်းက။ လက်နက်နဲ့ ခဲယမ်းအခြေအနေကို တပ်ရင်းက အသေးစိတ်ထုတ်ပြန်ပေးပါလိမ့်မယ်”ဟု အထက်ပါ တပ်ဖွဲ့ဝင်က အသိပေးသည်။

အထိနာနေသော စစ်ကောင်စီတပ်က နံနက် ၁၁နာရီခန့်တွင် လေယာဥ်ဖြင့် နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်မှုရှိခဲ့ကာ လူနေအိမ်အချို့ ထိခိုက်ပျက်စီးမှုရှိခဲ့သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“လေယာဥ်နဲ့ လာပစ်တာ နေအိမ်နှစ်လုံးတော့ထိသွားတယ်။ လူထုထိခိုက်မှုတော့ ကျွန်တော်တို့မကြားသေးဘူး။ တိုက်ပွဲအခြေအနေကတော့ တပ်ဖွဲ့တွေက သီးခြားအသိပေးပါလိမ့်မယ်။အခြေအနေကောင်းတယ်”ဟု Mobye Rescue team တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်က စက်တော်ရာတောင် နှင့် ညောင်ဝိုင်းရပ်ကွက်တို့တွင် ယခုနှစ်ဆန်းပိုင်းကတည်းက တပ်စွဲထားခြင်းဖြစ်သည်။

လက်ရှိ တိုက်ပွဲအခြေအနေကြောင့်လည်း မိုးဗြဲ – ဖယ်ခုံလမ်းမတစ်လျှောက် ဖြတ်သန်းသွားလာခြင်း မပြုလုပ်ရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က သတိပေးထားသည်။

ရှမ်း-ကရင်နီပြည်နယ်အစပ် သို့ ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များကြာနေ့စဉ်တိုက်ပွဲဖြစ်ပွားနေသည်။

ယခုလ ၂၃ ရက်ကလည်း ရှမ်း – ကယား(ကရင်နီ) ဒေသ အစပ် ဖယ်ခုံမြို့နယ်၊မြောက်စလုံးရွာ တိုက်ပွဲ၌ စစ်ကောင်စီတပ်သား ၂၀ ထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းများစွာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က သိမ်းဆည်းရရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။