Connect with us

Hi, what are you looking for?

သတင်း

ရွှေဘို – ဆိပ်ခွန်လမ်းပိုင်း၌ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ၍ ပြည်သူများသွားလာခြင်းမပြုရန် သတိပေး

ဧပြီ ၂၅ ရက် နံနက်ပိုင်းကလည်း ရွှေဘိုမြို့နယ်၊ ညောင်ပင်သာစိုက်သိပ္ပံမှထွက်လာသော စစ်ကောင်စီတပ်နှင့် ရွှေဘိုခရိုင်တပ်ရင်း(၄)တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုအထိအခိုက်များကြောင်း တပ်ရင်း(၄)က ထုတ်ပြန်ထားသည်။

(ယမန်နေ့ညက ထွက်ပြေးတိမ်းရှောင်လာရသော ရွှေဘိုအနောက်ခြမ်းကျေးရွာများမှ ပြည်သူများအား တွေ့ရစဥ်)
(ယမန်နေ့ညက ထွက်ပြေးတိမ်းရှောင်လာရသော ရွှေဘိုအနောက်ခြမ်းကျေးရွာများမှ ပြည်သူများအား တွေ့ရစဥ်)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ပိုင်း ရွှေဘို – ဆိပ်ခွန်လမ်းပိုင်းတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးပစ်ခတ်နေ၍ ပြည်သူများအနေဖြင့် သွားလာခြင်းမပြုရန် ဒေသတွင်းတော်လှန်ရေးအင်အားစုများက သတိပေးသည်။

ရွှေဘိုမြို့၊ ချီပါကျေးရွာအနီးတွင် ယမန်နေ့ညက ကား သုံးစီးဖြင့် ရောက်လာသော စစ်ကောင်စီတပ်သား အင်အား ၈၀ကျော်သည် ယနေ့ (ဧပြီ ၂၇ရက်) နံနက် ၅ နာရီခန့်မှစ၍ အဆိုပါနယ် အနောက်ပိုင်းရှိ ကျေးရွာများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ကာ စစ်ကြောင်းထိုးနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီတပ်သည် လမ်းဘေးရှိ တဲတစ်လုံးအားမီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာများအား ဝင်ရောက်မွှေနှောက်နေကြောင်း သိရသည်။

“ချီပါနဲ့ ရွှေဘိုကတစ်မိုင်ခွဲလောက်ပဲဝေးတယ်။ ဆိပ်ခွန်ရွာထိပ်မှာလည်း စစ်သားတွေက ပိတ်ထားတယ်။ ထွက်လို့မရဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထို့ကြောင့် ပြည်သူများ ဖြတ်သန်းသွားလာခြင်း လုံးဝမပြုလုပ်ကြပါရန် ဒေသတွင်းတော်လှန်ရေးအင်အားစုများက သတိပေးထားခြင်း ဖြစ်သည်။

ထို့အပြင် ယမန်နေ့ညက ရွှေဘိုမြို့နယ် အနောက်ခြမ်းကျေးရွာများဖြစ်သော ချီပါ၊ ဆိပ်ခွန်၊ ဗိုလ်တည်းကုန်း၊ တင့်တယ်၊ ကြောက်မြစ်၊ နံ့သာစသည့် ကျေးရွာများမှ ပြည်သူထောင်ချီ ထွက်ပြေး တိမ်းရှောင်နေရသည်။

ဧပြီ ၂၅ ရက် နံနက်ပိုင်းကလည်း ရွှေဘိုမြို့နယ်၊ ညောင်ပင်သာစိုက်သိပ္ပံမှထွက်လာသော စစ်ကောင်စီတပ်နှင့် ရွှေဘိုခရိုင်တပ်ရင်း(၄)တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုအထိအခိုက်များကြောင်း တပ်ရင်း(၄)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်တိုက်ပွဲမှာ အထိနာသွားတဲ့ စစ်တပ်က စစ်ကြောင်းထိုး မီးရှို့နေလို့ ကျေးရွာ ၁၀ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရှေးဟောင်းယဉ်ကျေးမှုမြို့တော် ပုဂံ၊ညောင်ဦးမြို့နယ်က ငါ့သရောက်နယ်မြေမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ် တိုက်ခိုက်ခံရပြီးနောက် စစ်သား ၂၀ လောက်ဟာ လက်နက်တွေယူပြီးထွက်ပြေးနေတယ်လို့ ပုဂံဘီလူးတပ်လို့ခေါ်တဲ့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။