Connect with us

Hi, what are you looking for?

News

ကျောက်ကြီးမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၃၀ ခန့်သေ

တိုက်ပွဲဖြစ်ပွားချိန်မှာ ယမန်နေ့(စက်တင်ဘာ ၂၂)နံနက် ၁၁ နာရီခွဲမှ ညနေ ၆ နာရီခွဲအထိ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ယနေ့တွင်လည်း တိုက်ပွဲဆက်ဖြစ်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

People's Spring
People's Spring

တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်အတွင် စစ်ကောင်စီတပ်နှင့် ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့(BPDF- Yoma)နှင့် KNU/KNLA ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၃၀ ခန့်သေဆုံးကြောင်း BPDF-Yoma က ယနေ့ထုတ်ပြန်သည်။

“EO နှင့် တော်လှန်ရေးတပ်သားများ အထိအခိုက် ဒဏ်ရာ အကျအဆုံးမရှိခဲ့ပါ။ ကျောက်ကြီး စက်လဲရွာအနီးဝန်းကျင်နှင့် ကျောက်ကြီးချောင်းဘေးဝန်းကျင်များတွင် စစ်ခွေးဘက်မှ စုစုပေါင်း ၃၀ နီးပါးကျဆုံးကာ ထိခိုက်ဒဏ်ရာရသူများနေပါတယ်”ဟု ထုတ်ပြန်ချက်က ဆိုသည်။

တိုက်ပွဲဖြစ်ပွားချိန်မှာ ယမန်နေ့(စက်တင်ဘာ ၂၂)နံနက် ၁၁ နာရီခွဲမှ ညနေ ၆ နာရီခွဲအထိ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ယနေ့တွင်လည်း တိုက်ပွဲဆက်ဖြစ်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီတပ်များဘက်မှ အင်အား ၂၀၀ ကို ၅၀ စီခွဲကာ တပ်ရင်းသုံးရင်းဖြင့် KNU တပ်မဟာ(၃)၏ ထိန်းချုပ်နယ်မြေအတွင်း စစ်ရေးလှုပ်ရှားနေခြင်းဖြစ် သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။