Connect with us

Hi, what are you looking for?

LuduNwayOo

News

မိုးကောင်းတွင် စစ်ကောင်စီတပ်ကို KIA ကြားဖြတ်တိုက်ခိုက်

KIA တပ်မဟာ(၂)၊ တပ်ရင်း ၁၁ နယ်​မြေသို့စက်တင်ဘာ ၂၃ရက် နံနက်က စစ်ရေးလှုပ်ရှားလာသည့် အာဏာသိမ်းစစ်တပ်ကို ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု KIA သတင်းနှင့် ပြန်ကြားရေးဌာန Kachinnet Burmese က သတင်းဖော်ပြသည်။

မိုးကောင်းမြို့နယ် နမ္မတီးမြို့ လဝါးနှင့် မရန်ကထောင်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်ကို ကချင်လက်နက် ကိုင်အဖွဲ့(KIA)က ယနေ့ ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

KIA တပ်မဟာ(၂)၊ တပ်ရင်း ၁၁ နယ်​မြေသို့စက်တင်ဘာ ၂၃ရက် နံနက်က စစ်ရေးလှုပ်ရှားလာသည့် အာဏာသိမ်းစစ်တပ်ကို ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု KIA သတင်းနှင့် ပြန်ကြားရေးဌာန Kachinnet Burmese က သတင်းဖော်ပြသည်။

အာဏာသိမ်းစစ်တပ်များသည် မိုးကောင်းမြို့ စ.က.ခ (၃)တပ်မှ စစ်ကားများဖြင့် ၈မိုင်ဘက်မှစစ်ရေးလှုပ်ရှားထွက်လာခြင်းဖြစ်ကြောင်း၊ မရန်ကထောင်မှတစ်ဆင့် ခြေလျင်ဖြင့် ခရီးဆက်လာချိန် KIAက ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပါရှိသည်။ တိုက်ပွဲတွင် နှစ်ဖက် ထိခိုက် ကျဆုံးမှုရှိ၊မရှိကို ဖော်ပြမထားပေ။

အာဏာသိမ်းစစ်တပ်မှ တိုက်ပွဲဖြစ်ပွားရာအနီးပတ်ဝန်း ကျင်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အပြင် ခရီးသွားပြည်သူများကို မွန်းလွဲ ၂နာရီခန့်ထိ မရန်ကထောင် ဂိတ်တွင်စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း Kachinnet Burmese က ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

KIA ပူးပေါင်းတပ်များသည် ဖေဖော်ဝါရီ ၁၀ ရက်တွင် ဆင်ဘိုမြို့ကိုသိမ်းပိုက်ပြီးနောက် မြို့အနီးရှိ စစ်ကောင်စီတပ်ရင်း ခလရ(၁၄၁)ကို ထိုစဉ်ကတည်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။