Connect with us

Hi, what are you looking for?

News

မိုးကောင်းတွင် စစ်ကောင်စီတပ်ကို KIA ကြားဖြတ်တိုက်ခိုက်

KIA တပ်မဟာ(၂)၊ တပ်ရင်း ၁၁ နယ်​မြေသို့စက်တင်ဘာ ၂၃ရက် နံနက်က စစ်ရေးလှုပ်ရှားလာသည့် အာဏာသိမ်းစစ်တပ်ကို ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု KIA သတင်းနှင့် ပြန်ကြားရေးဌာန Kachinnet Burmese က သတင်းဖော်ပြသည်။

မိုးကောင်းမြို့နယ် နမ္မတီးမြို့ လဝါးနှင့် မရန်ကထောင်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်ကို ကချင်လက်နက် ကိုင်အဖွဲ့(KIA)က ယနေ့ ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

KIA တပ်မဟာ(၂)၊ တပ်ရင်း ၁၁ နယ်​မြေသို့စက်တင်ဘာ ၂၃ရက် နံနက်က စစ်ရေးလှုပ်ရှားလာသည့် အာဏာသိမ်းစစ်တပ်ကို ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု KIA သတင်းနှင့် ပြန်ကြားရေးဌာန Kachinnet Burmese က သတင်းဖော်ပြသည်။

အာဏာသိမ်းစစ်တပ်များသည် မိုးကောင်းမြို့ စ.က.ခ (၃)တပ်မှ စစ်ကားများဖြင့် ၈မိုင်ဘက်မှစစ်ရေးလှုပ်ရှားထွက်လာခြင်းဖြစ်ကြောင်း၊ မရန်ကထောင်မှတစ်ဆင့် ခြေလျင်ဖြင့် ခရီးဆက်လာချိန် KIAက ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပါရှိသည်။ တိုက်ပွဲတွင် နှစ်ဖက် ထိခိုက် ကျဆုံးမှုရှိ၊မရှိကို ဖော်ပြမထားပေ။

အာဏာသိမ်းစစ်တပ်မှ တိုက်ပွဲဖြစ်ပွားရာအနီးပတ်ဝန်း ကျင်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အပြင် ခရီးသွားပြည်သူများကို မွန်းလွဲ ၂နာရီခန့်ထိ မရန်ကထောင် ဂိတ်တွင်စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း Kachinnet Burmese က ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

Facebook