Connect with us

Hi, what are you looking for?

သတင်း

မြန်မာနိုင်ငံတွင်စီးပွားရေးလုပ်ငန်းအများစု ဘဏ်စနစ်ကိုမသုံးတော့ဟု ကမ္ဘာ့ဘဏ်ဆို

ကမ္ဘာ့ဘဏ်က ပြည်တွင်းစီးပွားရေးလုပ်ငန်း ၅၀၀ခန့်ကို ရန်ကုန်၊ မန္တလေး၊ ချင်းနှင့် နိုင်ငံအလယ်ပိုင်းခြောက်သွေ့ဇုန်၊ မြစ်ဝကျွန်းပေါ်နှင့်ကမ်းရိုးတန်းနှင့် တောင်တန်းဒေသဟူ၍ ဇုန် ၅ခုခွဲ၍ စစ်တမ်းကောက်ခဲ့သည်။

(စစ်တပ်အာဏာသိမ်းလိုက်သဖြင့် CDM မလုပ်ဘဲစစ်​ကောင်စီလက်​အောက်ဖွင့်​သောဘဏ်များကို ပြည်သူများက သပိတ်​မှောသည့်အ​နေဖြသ့်ဘဏ်တွင်​အပ်ထား​သော​ငွေများပြန်ထုတ်ကြရာမှ ဘဏ်များအကျပ်အတည်းဆိုက်ခဲ့ပြီး​ ​ စစ်​ကောင်စီကငွေသားထုတ်​ပေးမှုကိုကန့်သတ်ခဲ့သည်။ထို့သို့ကန့်သတ်သဖြင့်ဘဏ်များအ​ပေါ် ပြည်သူများမယုံကြည်​မှုတိုးလာပြီး ဘဏ်တွင်အပ်ထား​သောမိမိတို့၏ငွေများကို အလုအယက်ပြန်ထုတ်ယူရန် ၂၀၂၁ ​မေလက ကြိုးစား​နေကြစဥ်။ဓါတ်ပုံ-The New York Times)

▪︎၂၀၂၂ခုနှစ်တွင်ကျပ်ငွေတန်ဖိုး သုံးပုံတစ်ပုံကျဆင်းခဲ့

၂၀၂၂ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်း သုံးပုံနှစ်ပုံခန့်မှာ ဘဏ်လုပ်ငန်းကို အသုံးမပြုတော့ကြောင်းနှင့် ကျပ်ငွေတန်ဖိုးမှာလည်း သုံးပုံတစ်ပုံကျဆင်းခဲ့​ကြောင်းကမ္ဘာ့ဘဏ်က ဧပြီလတွင်ထုတ်ပြန်သည့် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ စစ်တမ်းတွင် ဖော်ပြထားသည်။

ကမ္ဘာ့ဘဏ်က ပြည်တွင်းစီးပွားရေးလုပ်ငန်း ၅၀၀ခန့်ကို ရန်ကုန်၊ မန္တလေး၊ ချင်းနှင့် နိုင်ငံအလယ်ပိုင်းခြောက်သွေ့ဇုန်၊ မြစ်ဝကျွန်းပေါ်နှင့်ကမ်းရိုးတန်းနှင့် တောင်တန်းဒေသဟူ၍ ဇုန် ၅ခုခွဲ၍ စစ်တမ်းကောက်ခဲ့သည်။

လုပ်ငန်း ၅၀၀မှာ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်မှု၊လက်လီလုပ်ငန်းနှင့်ဝန်ဆောင်မှု ကဏ္ဍ ၄ခုတွင် စစ်တမ်းကောက်ခဲ့ခြင်းဖြစ်သည်ဟု ကမ္ဘာ့ဘဏ်က ရှင်းလင်းသည်။

မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများသည် ဘဏ်စနစ်ကိုယုံကြည်မှုနည်းပါးဆဲပြီး ဘဏ်ကိုငွေလွှဲလုပ်ငန်းများအတွက်သာ အဓိကအသုံးပြုခဲ့သည်ဟု ​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စီးပွားရေးလုပ်ငန်းများ၏ ၉၁ ရာခိုင်နှုန်းသည် ငွေသားဖြင့်သာဆောင်ရွက်​နေကြသည်ဟုသိရသည်။ထိုအပြင် ဘဏ်လုပ်ငန်းသုံးသည့် စီးပွားရေးလုပ်ငန်းများထဲမှ ၉၇ ရာခိုင်နှုန်းကလည်း ဘဏ်ကို ငွေလွှဲရန်အတွက်သာ အသုံးပြုသည်ဟု ကမ္ဘာဘဏ်ကဆိုသည်။

ရန်ကုန်မြို့အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက“ငွေသားပြန်ထုတ်ဖို့ခက်ခဲကြလို့ ဘဏ်စနစ်ကိုမသုံးကြတာ”ဟုပြောသည်။

ထိုအပြင် ၂၀၂၂ခုနှစ်အတွင်း ကျပ်ငွေတန်ဖိုးသည်လည်း အမေရိကန်ဒေါ်လာ နှင့်နှိုင်းယှဉ်ပါက သုံးပုံတစ်ပုံခန့်ကျဆင်းခဲ့ပြီး သွင်းကုန်ကုန်စရိတ်နှင့် စိန်ခေါ်မှုများလည်း မြင့်တက်လာခဲ့သည်ဟု ကမ္ဘာ့ဘဏ်ကသုံးသပ်​ဖော်ပြသည်။ အမေရိကန်ဒေါ်လာသည် စစ်တပ်အာဏာမသိမ်းခင်က တစ်ဒေါ်လာကို ၁၃၃၇ ကျပ်သာရှိခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၂ခုနှစ်ဩဂုတ်လကုန်ပိုင်းစတင်ပြီး ဒေါ်လာဈေးတရှိန်ထိုးမြင့်တက်လာပြီးတွင် တစ်ဒေါ်လာ ၄၅၅၀ကျပ်အထိ မြင့်တက်ခဲ့သည်။ ၂၀၂၂ခုနှစ်ဒီဇင်ဘာလတွင် တစ်ဒေါ်လာကိုကျပ် ၂၈၀၀ ကျပ်​ဈေး​​ပေါက် သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေအပါအဝင်စစ်တပ် ဝါဒဖြန့်ချိတဲ့ အကောင့် တစ်ရာကျော်ကို ဖေ့စ်ဘွတ်ခ်ရဲ့ ပလက်ဖောင်းကနေကဖယ်ရှားခဲ့တယ်လို့ Justice For Myanmar (JFM) ကအသိပေးထားပါတယ်။

နိုင်ငံတကာ

ကုန်စျေးနှုန်းနဲ့ လူနေစရိတ်တွေ မြင့်တက်လာမှုကို တန်ပြန်တဲ့ အနေနဲ့ ကုန်စည်တွေကို အထူးလျှော့စျေးနဲ့ အပတ်စဉ် ရောင်းချပေးမယ့် အစီအစဉ်ကို ထိုင်းအစိုးရက မိတ်ဆက်ခဲ့ပါတယ်။

သတင်း

ကမ္ဘာ​ကျော် Alibaba(အလီဘာဘာ)ရဲ့လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ Shop .com.mm(Shop App MM)ဟာမြန်မာနိုင်ငံကနေ ထွက်ခွာတော့မယ်လို့ ကြေညာလိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို အီရန်က ပိတ်ဆို့ထားခဲ့တဲ့ လုပ်ရပ်ဟာ စီးပွားရေး အကြမ်းဖက်မှု တစ်ခုလို့ အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ် ဒေးဗစ် ဗန့်စ်က ပြောကြားခဲ့ပါတယ်။