Connect with us

Hi, what are you looking for?

သတင်း

မြန်မာနိုင်ငံတွင်စီးပွားရေးလုပ်ငန်းအများစု ဘဏ်စနစ်ကိုမသုံးတော့ဟု ကမ္ဘာ့ဘဏ်ဆို

ကမ္ဘာ့ဘဏ်က ပြည်တွင်းစီးပွားရေးလုပ်ငန်း ၅၀၀ခန့်ကို ရန်ကုန်၊ မန္တလေး၊ ချင်းနှင့် နိုင်ငံအလယ်ပိုင်းခြောက်သွေ့ဇုန်၊ မြစ်ဝကျွန်းပေါ်နှင့်ကမ်းရိုးတန်းနှင့် တောင်တန်းဒေသဟူ၍ ဇုန် ၅ခုခွဲ၍ စစ်တမ်းကောက်ခဲ့သည်။

(စစ်တပ်အာဏာသိမ်းလိုက်သဖြင့် CDM မလုပ်ဘဲစစ်​ကောင်စီလက်​အောက်ဖွင့်​သောဘဏ်များကို ပြည်သူများက သပိတ်​မှောသည့်အ​နေဖြသ့်ဘဏ်တွင်​အပ်ထား​သော​ငွေများပြန်ထုတ်ကြရာမှ ဘဏ်များအကျပ်အတည်းဆိုက်ခဲ့ပြီး​ ​ စစ်​ကောင်စီကငွေသားထုတ်​ပေးမှုကိုကန့်သတ်ခဲ့သည်။ထို့သို့ကန့်သတ်သဖြင့်ဘဏ်များအ​ပေါ် ပြည်သူများမယုံကြည်​မှုတိုးလာပြီး ဘဏ်တွင်အပ်ထား​သောမိမိတို့၏ငွေများကို အလုအယက်ပြန်ထုတ်ယူရန် ၂၀၂၁ ​မေလက ကြိုးစား​နေကြစဥ်။ဓါတ်ပုံ-The New York Times)

▪︎၂၀၂၂ခုနှစ်တွင်ကျပ်ငွေတန်ဖိုး သုံးပုံတစ်ပုံကျဆင်းခဲ့

၂၀၂၂ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်း သုံးပုံနှစ်ပုံခန့်မှာ ဘဏ်လုပ်ငန်းကို အသုံးမပြုတော့ကြောင်းနှင့် ကျပ်ငွေတန်ဖိုးမှာလည်း သုံးပုံတစ်ပုံကျဆင်းခဲ့​ကြောင်းကမ္ဘာ့ဘဏ်က ဧပြီလတွင်ထုတ်ပြန်သည့် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ စစ်တမ်းတွင် ဖော်ပြထားသည်။

ကမ္ဘာ့ဘဏ်က ပြည်တွင်းစီးပွားရေးလုပ်ငန်း ၅၀၀ခန့်ကို ရန်ကုန်၊ မန္တလေး၊ ချင်းနှင့် နိုင်ငံအလယ်ပိုင်းခြောက်သွေ့ဇုန်၊ မြစ်ဝကျွန်းပေါ်နှင့်ကမ်းရိုးတန်းနှင့် တောင်တန်းဒေသဟူ၍ ဇုန် ၅ခုခွဲ၍ စစ်တမ်းကောက်ခဲ့သည်။

လုပ်ငန်း ၅၀၀မှာ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်မှု၊လက်လီလုပ်ငန်းနှင့်ဝန်ဆောင်မှု ကဏ္ဍ ၄ခုတွင် စစ်တမ်းကောက်ခဲ့ခြင်းဖြစ်သည်ဟု ကမ္ဘာ့ဘဏ်က ရှင်းလင်းသည်။

မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများသည် ဘဏ်စနစ်ကိုယုံကြည်မှုနည်းပါးဆဲပြီး ဘဏ်ကိုငွေလွှဲလုပ်ငန်းများအတွက်သာ အဓိကအသုံးပြုခဲ့သည်ဟု ​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စီးပွားရေးလုပ်ငန်းများ၏ ၉၁ ရာခိုင်နှုန်းသည် ငွေသားဖြင့်သာဆောင်ရွက်​နေကြသည်ဟုသိရသည်။ထိုအပြင် ဘဏ်လုပ်ငန်းသုံးသည့် စီးပွားရေးလုပ်ငန်းများထဲမှ ၉၇ ရာခိုင်နှုန်းကလည်း ဘဏ်ကို ငွေလွှဲရန်အတွက်သာ အသုံးပြုသည်ဟု ကမ္ဘာဘဏ်ကဆိုသည်။

ရန်ကုန်မြို့အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက“ငွေသားပြန်ထုတ်ဖို့ခက်ခဲကြလို့ ဘဏ်စနစ်ကိုမသုံးကြတာ”ဟုပြောသည်။

ထိုအပြင် ၂၀၂၂ခုနှစ်အတွင်း ကျပ်ငွေတန်ဖိုးသည်လည်း အမေရိကန်ဒေါ်လာ နှင့်နှိုင်းယှဉ်ပါက သုံးပုံတစ်ပုံခန့်ကျဆင်းခဲ့ပြီး သွင်းကုန်ကုန်စရိတ်နှင့် စိန်ခေါ်မှုများလည်း မြင့်တက်လာခဲ့သည်ဟု ကမ္ဘာ့ဘဏ်ကသုံးသပ်​ဖော်ပြသည်။ အမေရိကန်ဒေါ်လာသည် စစ်တပ်အာဏာမသိမ်းခင်က တစ်ဒေါ်လာကို ၁၃၃၇ ကျပ်သာရှိခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၂ခုနှစ်ဩဂုတ်လကုန်ပိုင်းစတင်ပြီး ဒေါ်လာဈေးတရှိန်ထိုးမြင့်တက်လာပြီးတွင် တစ်ဒေါ်လာ ၄၅၅၀ကျပ်အထိ မြင့်တက်ခဲ့သည်။ ၂၀၂၂ခုနှစ်ဒီဇင်ဘာလတွင် တစ်ဒေါ်လာကိုကျပ် ၂၈၀၀ ကျပ်​ဈေး​​ပေါက် သည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ့ငွေကြေးဖောင်းပွမှု ၃၄ ရာခိုင်နှုန်းထိရှိပြီး ပြည်သူများပိုမိုကြပ်တည်းလာကြောင်း ကမ္ဘာ့ဘဏ် ၏ စီးပွားရေးအစီရင်ခံစာသစ်တွင် ဖော်ပြသည်။

အတွေးအမြင်

ဟိုးတစ်ချိန်က ရန်ကုန်ကို “အရှေ့တိုင်းရဲ့” (Pearl of East) လို့ခေါ်ခဲ့ကြတယ်လို့ဖတ်ဖူးပါတယ်။ တချို့ကလည်း “အာရှတိုက်ရဲ့ပဲရစ်” (Paris of the East) လို့တောင်ညွှန်းခဲ့ကြပါသတဲ့။

ဆောင်းပါး

မတ်လက ငလျင်ကြီးလှုပ်ခတ်အပြီး တစ်လကျော်ပိတ်ထားခဲ့ရသည့် စတိုးဆိုင်အား ပြန်ဖွင့်ရန်ပြင်ဆင်သည့်အခါ မငယ်လေးတစ်ယောက် အကြပ်ရိုက်နေသည်။

သတင်း

ကမ္ဘာ့ရွှေစျေးတက်လာပြီးနောက် ပြည်တွင်းရွှေစျေး တစ်ကျပ်သား ကျပ်၇၇သိန်းဝန်းကျင်ရှိလာကြောင်း ရွှေအရောင်းအဝယ်စျေးကွက်ထံမှ သိရသည်။