Connect with us

Hi, what are you looking for?

သတင်း

ကျောက်ပန်းတောင်း ပွေးကျစ်ရဲစခန်း သိမ်းပိုက်စဥ် ရဲ ၂ဦးသေဟု NUG ထုတ်ပြန်

ပွေးကျစ်ရဲစခန်းတိုက်ခိုက်ခြင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြင်းခြံခရိုင် တပ်ရင်း အမှတ်(၃)၊ ညောင်ဦး PDF၊ ကျောက်ပန်းတောင်း PDF၊ ဒီပဲရင်း PDFနှင့် Burmese Guerrilla Force တို့ ပူးပေါင်း စစ်ဆင်ရေးလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးသည်။

(​ပွေးကျစ်တိုက်နယ်ရဲစခန်းကိုPDF များကတိုက်ခိုက်သိမ်းပိုက်ပြီး​နောက် သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်း၊ဆက်စပ်ပစ္စည်းများနှင့်စခန်းကိုမီးရှို့ပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-NUG)
(​ပွေးကျစ်တိုက်နယ်ရဲစခန်းကိုPDF များကတိုက်ခိုက်သိမ်းပိုက်ပြီး​နောက် သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်း၊ဆက်စပ်ပစ္စည်းများနှင့်စခန်းကိုမီးရှို့ပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-NUG)

▪︎လက်နက်တိုက်ကိုဖောက်ပြီး လက်နက် ၈လက်နှင့် ကျည်ခဲယမ်းများ သိမ်းဆည်းခဲ့ဟု ဖော်ပြ

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် ပွေးကျစ်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့်ပူးပေါင်းတပ်များက ယမန်နေ့တွင် ဝင်ရောက်စီးနင်း သိမ်းပိုက်ခဲ့ရာ ရဲ၂ဦးသေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် (စစ်ရုံးချုပ်) က ယနေ့ထုတ်ပြန်သည်။

မေလ ၂ရက် နေ့လည်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မြင်းခြံခရိုင်၊ တပ်ရင်း (၃) နှင့်ပူးပေါင်းအဖွဲ့များက ပွေးကျစ်ရဲစခန်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ ရန်သူ့ဘက်မှ ပြန်လည်ပစ်ခတ်နိုင်ခြင်းမရှိပဲ ရဲ (၂) ဦး သေဆုံးကာ ရဲတပ်ကြပ်ကြီး (၁) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဖော်ပြသည်။

အဆိုပါ ရဲစခန်း၌ အင်အား ၁၃ဦးရှိရာ ၈ဦးသည် တရားရုံးချိန်းသွားနေချိန် လျှပ်တပြတ် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးသည်။

ရဲစခန်းအတွင်းရှိ ရန်သူ့မိသားစုဝင် အမျိုးသမီးနှင့်ကလေးများကို လွှတ်ပေးခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

(​ပွေးကျစ်တိုက်နယ်ရဲစခန်းကိုPDF များကတိုက်ခိုက်သိမ်းပိုက်ပြီး​နောက် သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်း၊ဆက်စပ်ပစ္စည်းများနှင့်စခန်းကိုမီးရှို့ပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-NUG)
(​ပွေးကျစ်တိုက်နယ်ရဲစခန်းကိုPDF များကတိုက်ခိုက်သိမ်းပိုက်ပြီး​နောက် သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်း၊ဆက်စပ်ပစ္စည်းများနှင့်စခန်းကိုမီးရှို့ပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-NUG)

တိုက်ပွဲပီးဆုံးချိန်တွင် ပွေးကျစ်ရဲစခန်းကို မီးရှို့ ဖျက်ဆီးခဲ့ပြီး ရန်သူ့လက်နက်တိုက်ကို ဖွင့်ကာ G-4 (၁) လက်၊ G-3 (၂) လက်၊ အူစီ (၁) လက်၊ ခြောက်လုံးပူး (၄) လက်၊ လက်ပစ်ဗုံး (၈) လုံး၊ ရုံးသုံး Laptop (၁) လုံး၊ ကျင်စက် (၂) ခု၊ လက်ထိတ် (၁) ခုနှင့် ကျည် (၉၃၅) တောင့် သိမ်းဆည်းခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

ပွေးကျစ်ရဲစခန်းတိုက်ခိုက်ခြင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြင်းခြံခရိုင် တပ်ရင်း အမှတ်(၃)၊ ညောင်ဦး PDF၊ ကျောက်ပန်းတောင်း PDF၊ ဒီပဲရင်း PDFနှင့် Burmese Guerrilla Force တို့ ပူးပေါင်း စစ်ဆင်ရေးလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးသည်။

(​ပွေးကျစ်တိုက်နယ်ရဲစခန်းကိုPDF များကတိုက်ခိုက်သိမ်းပိုက်ပြီး​နောက် သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်း၊ဆက်စပ်ပစ္စည်းများနှင့်စခန်းကိုမီးရှို့ပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-NUG)
(​ပွေးကျစ်တိုက်နယ်ရဲစခန်းကိုPDF များကတိုက်ခိုက်သိမ်းပိုက်ပြီး​နောက် သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်း၊ဆက်စပ်ပစ္စည်းများနှင့်စခန်းကိုမီးရှို့ပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-NUG)

ပွေးကျစ်ရဲစခန်း တိုက်ခိုက်ခံရမှုအပေါ်ဒေသခံအချို့က ဝမ်းသာကျေနပ်ကြောင်း လူမှုကွန်ရက်၌ရေးသားခဲ့ကြသည်။ တိုက်ပွဲဝင် PDF ရဲဘော်များ ဘေးကင်လုံခြုံစေရန်လည်း အချို့က ဆုတောင်းပေးကြသည်။ ယခင်က တိုက်ပွဲမရှိသည့် ဒေသ၌ စခန်းသိမ်း တိုက်ခိုက်မှု ဖြစ်ပေါ်လာသည့်အပေါ် ဒေသခံ အချို့က စိုးရိမ်ကြောင်းပြောသည်။

ပြည်သူတစ်​ယောက်က”စခန်းမှူးနဲ့ အကြပ်ကြီးက ထွက်ပြေးသွားတာထင်တယ်။ ပြည်သူ့ဖက်တော်သားPDF​တွေဘေးအန္တရာယ်ကင်းပြီးတိုက်ပွဲတိုင်းမှာအောင်မြင်ကြပါစေ”ဟု မှတ်ချက်ပြုသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook