Connect with us

Hi, what are you looking for?

သတင်း

ပေါင်မြို့နယ်မှ ပြည်သူ့စစ်ခေါင်းဆောင်၏နေအိမ် Mon-SOF ဝင်ရောက်တိုက်ခိုက်

အဆိုပါစီးနင်းမှုကို မေလ ၁ ရက် နံနက် ၄ နာရီခွဲတွင် ‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုအတွင်း အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကာ ပြည်သူ့စစ်ခေါင်းဆောင် ဦးဖိုးချစ်ဆိုသူနှင့် အဖွဲ့ဝင်များ ဒဏ်ရာများနှင့် ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဟု ဆိုသည်။

ပေါင်မြို့နယ်မှ ပြည်သူ့စစ်ခေါင်းဆောင်၏နေအိမ် Mon-SOF ဝင်ရောက်တိုက်ခိုက်
ပေါင်မြို့နယ်မှ ပြည်သူ့စစ်ခေါင်းဆောင်၏နေအိမ် Mon-SOF ဝင်ရောက်တိုက်ခိုက်

စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်များစုဝေးနေသည့် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဗြုချောင်ကျေးရွာရှိ ပြည်သူ့စစ်ခေါင်းဆောင်​၏ နေအိမ်တစ်အိမ်အား MON – S.O.F ရဲဘော်များက ၀င်ရောင်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F မှ တာ၀န်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါစီးနင်းမှုကို မေလ ၁ ရက် နံနက် ၄ နာရီခွဲတွင် ‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုအတွင်း အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကာ ပြည်သူ့စစ်ခေါင်းဆောင် ဦးဖိုးချစ်ဆိုသူနှင့် အဖွဲ့ဝင်များ ဒဏ်ရာများနှင့် ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဟု ဆိုသည်။

ထို့နောက် ၎င်း​၏နေအိမ်အား ဆက်လက်ရှာဖွေရာ M16 အမျိုးအစား သေနတ် တစ်လက်၊ M1 အမျိုးအစားရိုင်ဖယ် တစ်လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၂၀၀ တောင့်၊ ဖုန်း နှစ်လုံး သိမ်းဆည်းရမိခဲ့ကြောင်း S.O.F က အသိပေးသည်။

Public Service Announcement
Public Service Announcement

“ပြည်သူ့စစ်တွေစခန်းချတဲ့နေရာလို့တော့ ကျနော်တို့ မသတ်မှတ်ဘူး။ ဒါပေမဲ့ အဲဒီမှာ သူတို့ လူစုတယ်။ ညဘက်ကြရင်လည်း သူတို့သုံးယောက်လေးရောက် လုံခြုံရေးချထားတယ်လို့ ကျနော်တို့ သတင်းရတာပေါ့။ ပြီးတော့ အဲဒီအိမ်မှာ ညဘက်လူစုပြီး သောက်တယ်စားတယ်၊ ဖဲရိုက်တယ်လို့ သတင်းရထားတာပေါ့။ အဲဒီအိမ်က သဗြုချောင်ရွာသား ပြည်သူ့စစ်ခေါင်းဆောင်ရဲ့နေအိမ်။ သူက ရငြိမ်းနယ်ဘက်က ပြည်သူ့စစ်တွေအားလုံးရဲ့ခေါင်းဆောင်ပါ”ဟု ၀င်ရောက်စီးနင်းခဲ့သည့်နေအိမ်နှင့်စပ်လျဉ်းပြီး S.O.F မှ တာ၀န်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အဆိုပါပြည်သူ့စစ်ခေါင်းဆောင်ဆိုသူသည် ပေါင်မြို့နယ်အတွင်း CDM ပြုလုပ်သူများနှင့် အပြစ်မဲ့လူ ငယ်များအား ဖမ်းဆီးခြင်း၊ မတရားနှိပ်စက်ခြင်း၊ ခြိမ်းခြောက်ငွေကြေးတောင်းခံခြင်းနှင့် တရားမဝင်လောင်းကစားလုပ်ငန်းမျိုးစုံကို စစ်‌ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်နေ​သောကြောင့် ယခုကဲ့သို့ စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း S.O.F က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

ပြည်သူ့စစ်တွေအသတ်ခံရပြီးနောက် စစ်တပ်အင်အား၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုး

သတင်း

ကချင်ပြည်နယ် မြစ်ကြီးနား-တနိုင်းသွား လီဒိုလမ်းမပေါ်က နောင်းမီရွာဒေသခံ ၄ဦးကို စစ်တပ် လက်အောက်ခံ မင်းဇေသန့်ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း အဲဒီအဖွဲ့က ဝန်ခံခဲ့ပေမဲ့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေ ပြန်ပေးအပ်တာမရှိဘူးလို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနား-တနိုင်းသွားလမ်း လီဒိုလမ်းမတလျှောက်ရှိ ကျေးရွာအချို့က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်တာတွေမလုပ်ဖို့ စစ်တပ်လက်အောက်ခံ မင်းဇေသန့်ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က ခြိမ်းခြောက်တားမြစ်ထားတယ်လို့ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ကချင်သတင်းရင်းမြစ်အချို့က ပြောပါတယ်။

Facebook