Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးနယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းမီးရှို့နေ၍ ဒေသခံခုနစ်ထောင်ခန့် ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကောင်စီတ​ပ်သည် မေလ ၇ ရက် နံနက်ပိုင်းတွင် ဧရာဝတီမြစ်ကူး၍ ခင်ဦးမြို့နယ်သို့ အင်အား ၂၀၀ခန့်ဖြင့် ခြေလျင်စစ်ကြောင်းထိုးလာခဲ့ခြင်း ဖြစ်သည်။

(ထွက်ပြေးတိမ်းရှောင်လာရသော ဒေသခံပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)
(ထွက်ပြေးတိမ်းရှောင်လာရသော ဒေသခံပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

▪︎စစ်အုပ်စုနှင့်တိုက်ပွဲ ရဲဘော်တစ်ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ခုဖြင့် စစ်ကြောင်းထိုးနေ၍ ဒေသခံပြည်သူ ခုနစ်ထောင်ခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စစ်ကြောင်းတစ်ခုမှာ ခင်ဦးမြို့နယ် အရှေ့ခြမ်းရှိ ကဘွက်ရွာနှင့် ကုတ္တက်ကျေးရွာကို မီးရှို့ ဖျက်ဆီးခဲ့သော အင်အား ၂၀၀ခန့်ဖြင့် စစ်ကြောင်းသည် ယနေ့နံနက်တွင် ဘေးပတ်ဝန်းကျင်ကျေးရွာများအား လက်နက်ကြီး၊ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေသောကြောင့် ဒေသခံများမှာ ထွက်ပြေးတိမ်း‌ရှောင်နေရသည်ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးထားသည်။

နောက်ထပ် စစ်ကြောင်းတစ်ခုမှာ ခင်ဦးမြို့နယ် အနောက်ခြမ်းရှိ ရွာသစ်ကုန်းကျေးရွာမှ ပျူစောထီးများနှင့်ရေဦးမြို့မှ ယမန်နေ့ညကတက်လာသော အင်အား၇၀ကျော်စစ်ကြောင်းသည် ယနေ့နံနက်တွင် မြကန်ကျေးရွာမှ တစ်ဆင့် အောင်သာရွာ၊ ကုန်းသာကျေးရွာကို လက်နက်ကြီး၊ငယ်များဖြင့် ပစ်ခတ်၍ ခြေလျင်စစ်ကြောင်းထိုးလာမှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဆိုသည်။ အဆိုပါ ‌အရှေ့ခြမ်းနှင့် အနောက်ခြမ်းပေါင်းပါက စစ်ရှောင် ဦးရေ ၇,၀၀၀ခန့်ရှိနေသည်ဟု ထပ်မံ အသိပေးထားသည်။

(ထွက်ပြေးတိမ်းရှောင်လာရသော ဒေသခံပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)
(ထွက်ပြေးတိမ်းရှောင်လာရသော ဒေသခံပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ – ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

မေလ ၆ ရက်က မန္တလေးမြို့မှလာသော စစ်ကောင်စီစစ်ကြောင်းသည် စဥ့်ကူးမြို့နယ်၊ ရွှေကျင်ကျေးရွာနှင့်အင်းဇောက်ကြီးကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီတ​ပ်သည် မေလ ၇ ရက် နံနက်ပိုင်းတွင် ဧရာဝတီမြစ်ကူး၍ ခင်ဦးမြို့နယ်သို့ အင်အား ၂၀၀ခန့်ဖြင့် ခြေလျင်စစ်ကြောင်းထိုးလာခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စစ်ကောင်စီတပ်သည် နံနက် ၁၀နာရီခန့်တွင် ကဘွက်ရွာရှိ နေအိမ်များကိုလည်းကောင်း၊ ညနေပိုင်းတွင် ကုတ္တက်ကျေးရွာရှိ နေအိမ်များကိုလည်းကောင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထိုစစ်ကြောင်းနှင့် ဒေသခံကာကွယ်ရေးတို့ ထိတွေ့တိုက်ပွဲဖြစ်ရာ ရဲဘော်တစ်ဦး ကျဆုံး၍ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

“ရဲဘော်နှစ်ဦးက စစ်ကြောင်းက ရွာကိုအဝင် ခံပစ်ရင်း တစ်ဦးက ကျသွားတယ်။ တစ်ဦးက ဒဏ်ရာတွေနဲ့ ထွက်ပြေးလွတ်မြောက်လာတယ်။ မီးလောင်ဆုံးရှုံးမှုအခြေအနေကတော့ မသိရသေးဘူး။ ပြည်သူတွေကတော့မနေ့ကတည်းက လက်နက်ကြီးတွေနဲ့ပစ်နေလို့ ပြေးကြတယ်။ ဒီနေ့လည်းကျန်တဲ့သူတွေ ထပ်ပြေးကြရတယ်။”ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်းဟာ ဒေသခံတွေရဲ့ နေအိမ်အလုံး ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ယာကြီးပြင်ကျေးရွာမှာ တပ်စွဲထားတယ်လို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေရှိတဲ့ မကွေးတိုင်း၊ ချောက်မြို့နယ်က ပခန်းငယ်(ခ)ပုဂံငယ် ကျေးရွာကို စစ်တပ်က ၀င်ရောက်မီးရှို့ ဖျက်ဆီးနေတယ်လို့ မ‌ကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(မကွေးတိုင်း ပကဖ)က ထုတ်ပြန်ပါတယ်။