Connect with us

Hi, what are you looking for?

News

အိုးအိမ်ပျက်စီးဆုံးရှုံးမှုများအတွက် တရားမျှတမှုရရေး ပြည်သူ့အစိုးရအာဏာအပြည့်အ၀ရချိန် ဆောင်ရွက်မည်ဟု NUG​ အာမခံ

ဝယ်ယူငှားရမ်း ပူးပေါင်းဆောင်ရွက်သူများအား အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေအပါအဝင် တည်ဆဲ ဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင် ရွက်သွားမည်ဖြစ်သည်ဟု ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ပြည်သူလူထုများ အိုးအိမ်ပျက်စီးဆုံးရှုံးခဲ့ရမှုများအတွက် တရားမျှတမှု ရရေး ပြည်သူ့အစိုးရ အာဏာအပြည့်အ၀ ကျင့်သုံးနိုင်ခွင့် ရချိန်၌ ဆောင်ရွက်မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ ထုတ်ပြန်သည်။

အာဏာသိမ်းစစ်ကောင်စီနှင့် ယင်း၏ လက်အောက်ခံ အဖွဲ့အစည်းများ၏ တရားမဲ့ပြုကျင့် ဆောင်ရွက်မှု များကြောင့် နိုင်ငံသူ နိုင်ငံသားများ ပိုင်ဆိုင်သည့် နေအိမ်၊ အဆောက်အဦး၊ ဥပစာနှင့် ပစ္စည်းများအပါ အဝင် ပိုင်ဆိုင်မှုနှင့် အကျိုးစီးပွားများ ပျက်စီး ဆုံးရှုံးနစ်နာမှုများအပေါ် ပြည်သူ့အစိုးရအာဏာ အပြည့် အ၀ ကျင်သုံးနိုင်ခွင့်ရရှိသည့်အခါ တရားမဲ့ ပျက်စီး ဆုံးရှုံးနစ်နာခဲ့ရမှုများအတွက် ဥပဒေနှင့်အညီ တရား မျှတမှု ပြန်လည်ရရှိနိုင်ရေးအစွမ်းကုန် အာမခံ ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဟု ဖော်ပြခဲ့သည်။

နိုင်ငံပိုင်မြေနှင့် အဆောက်အဦနှင့် မြေကွက်များကို အကြမ်းဖက် စစ်ကောင်စီမှ တနည်း နည်းဖြင့် လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ငှားရမ်းခြင်း၊ အကျိုးတူပူးပေါင်း ဆောင်ရွက်ခြင်းများသည် တရားဝင်မှု လုံး၀မရှိသော ကြောင့် ပြည်သူ့အစိုးရ အာဏာအပြည့်အ၀ ကျင့်သုံးနိုင်ခွင့်ရရှိချိန်တွင် ချွင်းချက်မရှိ ပြန်လည် သိမ်းယူသွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။

ထို့ပြင် ဝယ်ယူငှားရမ်း ပူးပေါင်းဆောင်ရွက်သူများအား အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေအပါအဝင် တည်ဆဲ ဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင် ရွက်သွားမည်ဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

နိုင်ငံသူ နိုင်ငံသားများအနေဖြင့် အာဏာသိမ်းစစ်ကောင် စီနှင့် အယင်း၏ လက်အောက်ခံအဖွဲ့အစည်း အဆင့် ဆင့်၏ တရားမံ ပြုမူဆောင်ရွက်ချက်များကို အထောက် အထားများဖြင့် စနစ်တကျ မှတ်တမ်းတင်ထားခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ရှိ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တရားဝင် ဖွင့်လှစ်ထားရှိသည့် တိုင်းတန်းရမည့်နေရာများသို့ သတင်းပေးပို့ တိုင်တန်းခြင်းများကို ဆောင်ရွက်ကြရန်လည်း NUGက တိုက်တွန်းပန်ကြားထားသည်။

စစ်ကောင်စီအနေဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေးငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သည့် ပြည်သူလူထုများကို အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ခဲ့သည့်အပြင် ကျေးရွာများသို့ ဝင်ရောက်စီးနင်းကာ ဒေသခံများအား သတ်ဖြတ်ခြင်း၊ ပြည်သူလူထုပိုင်ပစ္စည်းများလုယူခြင်း၊ နေအိမ်များကို မီးရှို့ခြင်းများ နေရာဒေသ အသီးသီး၌ ဆောင်ရွက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။