Connect with us

Hi, what are you looking for?

News

အာဏာရှင်စနစ်ချုပ်ငြိမ်းရေး အားလုံးလက်တွဲဖော်ဆောင်ပေးရန် PNLO ပန်ကြားချက်ထုတ်ပြန်

ယနေ့ကာလတွင် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ် အမျိုးမျိုးတို့ကို ချုပ်ငြိမ်းစေပြီး ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်း တည်ဆောက်နိုင်ရေးကို အမျိုးသားရေးတာဝန်အဖြစ် သတ်မှတ်ခံယူ၍ ဆောင်ရွက်ရန် ကြေညာချက်၌ပါရှိသည်။

အာဏာရှင်စနစ်အားလုံး ချုပ်ငြိမ်းရေးအတွက် ပအိုဝ်းအမျိုးသားထုတစ်ရပ်လုံးက ပြည်ထောင်စုဘွား ညီနောင်တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုကြီးနှင့်အတူ လက်တွဲဖော်ဆောင်ပေးရန် ပန်ကြားကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)က ကြေညာချက်ထုတ်ပြန်သည်။

စက်တင်ဘာ ၂၄ရက်တွင် ကျရောက်သည့်(၄၆) နှစ် မြောက် ပအိုဝ်းအမျိုးသားအာဇာနည်နေ့ အထိမ်းအမှတ် အဖြစ်ထုတ်ပြန်သောPNLO၏ ကြေညာချက်တွင် ယခု ကဲ့သို့ ဖော်ပြခြင်းဖြစ်သည်။

ယနေ့ကာလတွင် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ် အမျိုးမျိုးတို့ကို ချုပ်ငြိမ်းစေပြီး ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်း တည်ဆောက်နိုင်ရေးကို အမျိုးသားရေးတာဝန်အဖြစ် သတ်မှတ်ခံယူ၍ ဆောင်ရွက်ရန် ကြေညာချက်၌ပါရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပအိုဝ်းအမျိုးသားလက်နက် ကိုင်အဖွဲ့အစည်းများ၊ ပအိုဝ်းအမျိုးသား နိုင်ငံရေးပါတီများ၊ စာပေယဉ်ကျေးမှုနှင့် လူငယ်အမျိုးသမီးစသည့် ပအိုဝ်းအရပ်ဖက်လူမှုအဖွဲ့အစည်းများ အပါအဝင် ဒေသပေါင်းစုံ၊အလွှာပေါင်းစုံမှ ပအိုဝ်းအမျိုးသားထုတစ်ရပ်လုံးက ပြည်ထောင်စုဘွား ညီနောင်တိုင်းရင်းသား လူမျိုးပေါင်းစုံ ပြည်သူလူထုကြီးနှင့်အတူ လက်တွဲ ဖော်ဆောင်ပေးရန် အလေးအနက် ပန်ကြားကြောင်း ကြေညာခဲ့သည်။

Public Service Announcement

Public Service Announcement

PNLOသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်ပြီး စစ်တပ်အာဏာ သိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ကြောင်း အခြားအပစ်ရပ်အဖွဲ့များနှင့်အတူ ပူးတွဲကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ်ဆိုးကို ဆန့်ကျင်ကြောင်းနဲ့ တော်လှန်ရေးတရပ်လုံးကိုယ်စားပြုနိုင်တဲ့ ခိုင်မာကျယ်ပြန့်အားကောင်းတဲ့ ဦးဆောင်မှု ဖြစ်ပေါ်ရေး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်မယ်လို့ ပအိုဝ်းမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA)ရဲ့ ဗဟိုကော်မတီမျက်နှာစုံညီအစည်းအဝေးက ထုတ်ပြန်ကြေညာပါတယ်။

သတင်း

တော်လှန်ရေးဟာ ကာလကြာရှည်နေပြီး အဆုံးမသတ်နိုင်သေးတာဟာ စစ်အုပ်စုက တော်လှန်ရေးအင်အားစုတွေ မညီညွတ်အောင် ဖန်တီးနေတာကြောင့်ဖြစ်တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ခွန်သူရိန်က ပြောကြားလိုက်ပြီး သမိုင်းသင်ခန်းစာ ယူဖို့ တိုက်တွန်းလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီကျင်းပတဲ့ရွေးကောက်ပွဲဟာအာဏာရှင်စနစ်ဆိုးကိုသက်ဆိုးရှည်စေဖို့လုပ်ဆောင်တာ ဖြစ်သလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပြန်လည်အသက်သွင်းတာဖြစ်တယ်လို့ကရင်အမျိုးသားအစည်း အရုံး(KNU)နဲ့ မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD) တာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီပြုလုပ်ခဲ့သည့်ငြိမ်းချမ်းရေးဖိုရမ်ဆိုသည်မှာစစ်အာဏာရှင်စနစ်သက်ဆိုးရှည်ရန်ငြိမ်းချမ်းရေးတံဆိပ်ကပ်ပြီးတရားမဝင် အတုအယောင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုးပမ်းမှုသာဖြစ်ကြောင်းပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းကပြောကြားသည်။