Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရွေးကောက်ပွဲအာဏာရှင်စနစ်ဆိုး သားစဉ်မြေးဆက်ခံရမှာဖြစ်လို့ ဆန့်ကျင်သင့်ဟု KNU တာဝန်ရှိသူတိုက်တွန်း

အာဏာသိမ်းစစ်ကောင်စီကျင်းပတဲ့ရွေးကောက်ပွဲဟာအာဏာရှင်စနစ်ဆိုးကိုသက်ဆိုးရှည်စေဖို့လုပ်ဆောင်တာ ဖြစ်သလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပြန်လည်အသက်သွင်းတာဖြစ်တယ်လို့ကရင်အမျိုးသားအစည်း အရုံး(KNU)နဲ့ မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD) တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲဆန့်ကျင်ရေး ဆွေးနွေးပွဲပြုလုပ်နေစဉ်။ ဓာတ်ပုံ - Screen Grab

အောက်တိုဘာ-၂၆၊ ၂၀၂၅။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီကျင်းပတဲ့ရွေးကောက်ပွဲဟာအာဏာရှင်စနစ်ဆိုးကိုသက်ဆိုးရှည်စေဖို့လုပ်ဆောင်တာ ဖြစ်သလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပြန်လည်အသက်သွင်းတာဖြစ်တယ်လို့ကရင်အမျိုးသားအစည်း အရုံး(KNU)နဲ့ မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD) တာဝန်ရှိသူတွေက ပြောပါတယ်။

KNU ဗဟိုကဒီနေ့ထုတ်ပြန်ခဲ့တဲ့စစ်ကောင်စီလုပ်မယ့်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆွေးနွေးပွဲ စကားဝိုင်း အစီစဉ် အပိုင်း(၂)မှာ KNU ဒူးပလာယာခရိုင် ခရိုင်အမြဲတမ်းကော်မတီဝင် ပဒိုစောမောင်ရွှေ၊ NMSP (AD) နိုင်ငံရေးနဲ့ စစ်ရေးဦးဆောင်ကော်မတီဝင် နိုင်စိုက်ချမ်းအောင် တို့က အခုလိုဆွေးနွေးခဲ့တာပါ။

အဲဒီ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆွေးနွေးပွဲ စကားဝိုင်းကိုအောက်တိုဘာ၂၀ရက်ကကျင်းပခဲ့တာဖြစ်ပြီး KNU ဗဟိုက စကားဝိုင်းရုပ်သံကိုအပိုင်းလိုက်ဖော်ပြနေတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အတုအယောင်ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိဟု ရှင်းလင်းစွာထုတ်ပြန်ထားပြီးဖြစ်ကြောင်း KNU တပ်မဟာ(၆) ဒူးပလာယာခရိုင် တာဝန်ရှိသူက ပြောပါတယ်။

” ဘာကြောင့်လဲဆိုတော့ ဒီရွေးကောက်ပွဲသည် ပြည်သူလူထုက မဲမပေးရင်လည်း သူတို့က အတင်းအဓမ္မ မဲထည့်ခိုင်းမှာရှိတယ်။ အတင်းအဓမ္မခြိမ်းခြောက်ပြီးတော့ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့သူတွေကို မည်ကဲ့သို့အရေးယူမယ်ဆိုတဲ့ ဥပဒေ ပုဒ်မတွေထုတ်ထားတာရှိတယ်။အဲဒါကြောင့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလူထုကို ချပြရမယ်ဆိုရင် ဒီရွေးကောက်ပွဲသည် အတုအယောင် ရွေးကောက်ပွဲ နောက်ပြီးတော့ ဒီရွေးကောက်ပွဲသည် အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေမယ့် ရွေးကောက်ပွဲ၊ ကျနော်တို့သားစဉ်မြေးဆက်တွေ ဆက်ခံရမယ် ရွေးကောက်ပွဲဖြစ်တယ်”လို့ ပဒိုစောမောင်ရွှေက ပြောပါတယ်။

အဲဒါကြောင့်မို့လို့ နိုင်ငံရေးပါတီဖြစ်ဖြစ်၊အစုအဖွဲ့ဖြစ်ဖြစ်အဲဒီရွေးကောက် ပွဲကို ပံ့ပိုးကူညီတဲ့အဖွဲ့အစည်း ဖြစ်ဖြစ် မိမိလုပ်ရပ်ဟာ တရားမျှတမှု ရှိသလားဆိုတာကို ပိုင်းခြားသုံးသပ်ရမှာလို့ ပြောပါတယ်။

” ဒီရွေးကောက်ပွဲသည် ဒီမိုကရေစီ ကို အကျိုးပြုသလား အာဏာရှင်ကို အကျိုးရှိသလား အဲဒါတွေကျနော်တို့ ပြည်သူလူထုနဲ့ နိုင်ငံရေးပါတီတွေ ပိုင်းခြားသုံးသပ်ဖို့ လိုအပ်တယ်။ အကယ်၍ ဒီရွေးကောက်ပွဲကိုပံ့ပိုးကူညီမယ်ဆိုရင် ကျနော်တို့ သားစဉ်မြေးဆက်တွေ အာဏာရှင်စနစ်ဆိုးရဲ့အောက်မှာ ကမ္ဘာတည် သရွေ့ ဆက်ခံရအုံးမှာပဲ”လို့ ပဒိုစောမောင်ရွှေက ပြောပါတယ်။

ဒါ့အပြင် အမျိုးသားရေးနဲ့ပြောပါက လူမျိုးပါမကျန် ပပျောက်သွားနိုင်တယ်လို့ သတိပေးပါတယ်။

ဘာကြောင့်လဲဆိုတော့ စစ်အာဏာရှင်တွေဟာ လူထုကို အကြောက်တရားနဲ့ အုပ်ချုပ်သလို လူထုပညာမတက်အောင်လည်း အုပ်ချုပ် တယ် လို့ ပြောပြပါတယ်။

” လူထုရဲ့ ကိုယ်ကျင့်တရားပျက်ပြားအောင်လည်း သူအုပ်ချုပ်တယ်။ လူထုရဲ့ စာရိတ္တ ပျက်ပြားအောင်အုပ်ချုပ်သလို လူထုရဲ့ အခွင့်အလမ်းကို လုံး၀ ပိတ်ပင်ထားတဲ့အပေါ်မှာ ကျနော်တို့ ဒီစနစ်ဆိုးရဲ့ အောက်မှာ ကူညီသင့်သလား ဆန့်ကျင်သင့်သလားဆိုတာ ကျနော်တို့က ပိုင်းခြားသုံးသပ်ဖို့ လိုအပ်လာပြီ”လို့ ပဒိုစောမောင်ရွှေက ပြောပါတယ်။

လုပ်သင့်လုပ်ထိုက်တာကို မလုပ်ဘူးဆိုရင်အမှားကျူးလွန်ရာရောက်သလို မလုပ်သင့်တာ လုပ်ရင်လည်း အမှားကျူးလွန်ရာရောက်တယ်လို့ သူက ပြောပါတယ်။

ဆွေးနွေးပွဲမှာ NMSP(AD) နိုင်ငံရေးနဲ့ စစ်ရေးဦးဆောင်ကော်မတီဝင် နိုင်စိုက်ချမ်းအောင်က ပါဝင်ဆွေးနေါးခဲ့ရာ NMSP-ADရဲ့ ရွေးကောက်ပွဲဆိုင်ရာ သဘောထားကို ပြောပြပါတယ်။

စစ်ကောင်စီ ရွေးကောက်ပွဲက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသက်သွင်းဖို့နဲ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေဖို့ လုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲအဖြစ်သာ မြင်ကြောင်း သူက ပြောပါတယ်။

“အဲဒီရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်တဲ့ နိုင်ငံရေးပါတီတွေ ၊ ပုဂ္ဂိုလ်တွေ ကို ကျနော်တို့က ခြေဥ ပြန်လည်အသက်သွင်းတဲ့သူ စစ်ကော်မရှင် စစ်အာဏာရှင်သက်ဆိုးရှည်အောင်ဝိုင်းဝန်း ပံ့ပိုးတဲ့သူအဖြစ် ကျနော်တို့ သတ်မှတ်ထားတယ်”လို့ နိုင်စိုက်ချမ်းအောင်က ပြောပါတယ်။

KNUနဲ့ NMSP-ADအပါအဝင် တော်လှန်ရေးအင်အားစုတွေဟာ စစ်အုပ်စုကျင်းပမယ့် ရွေးကောက်ပွဲကို နည်းမျိုးစုံနဲ့ ဆန့်ကျင်ကြဖို့ တိုက်တွန်းချက်တွေ သဘောထားတွေထုတ်ပြန်ထားသလို သက်ဆိုင်ရာဒေသမှာလည်း စစ်ရေးအရ၊နိုင်ငံရေးအရ၊လူထုနည်းလမ်းအရဖိအားပေးမှုတွေလုပ်ဆောင်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။