Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးအဖွဲ့အချင်းချင်း မညီညွတ်အောင် စစ်အုပ်စုကပြဿနာမျိုးစေ့ချနေတာ သတိထား သင်ခန်းစာယူဖို့ PNLOဥက္ကဋ္ဌ တိုက်တွန်း

တော်လှန်ရေးဟာ ကာလကြာရှည်နေပြီး အဆုံးမသတ်နိုင်သေးတာဟာ စစ်အုပ်စုက တော်လှန်ရေးအင်အားစုတွေ မညီညွတ်အောင် ဖန်တီးနေတာကြောင့်ဖြစ်တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ခွန်သူရိန်က ပြောကြားလိုက်ပြီး သမိုင်းသင်ခန်းစာ ယူဖို့ တိုက်တွန်းလိုက်ပါတယ်။

PNLO ဥက္ကဋ္ဌ ဗိုလ်ချုပ်ခွန်သူရိန်ကို တွေ့ရစဉ်။ ဓာတ်ပုံ − Screengrab

မတ် ၂၊ ၂၀၂၆။ထားမြတ်/People’s Spring

တော်လှန်ရေးဟာ ကာလကြာရှည်နေပြီး အဆုံးမသတ်နိုင်သေးတာဟာ စစ်အုပ်စုက တော်လှန်ရေးအင်အားစုတွေ မညီညွတ်အောင် ဖန်တီးနေတာကြောင့်ဖြစ်တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ခွန်သူရိန်က ပြောကြားလိုက်ပြီး သမိုင်းသင်ခန်းစာ ယူဖို့ တိုက်တွန်းလိုက်ပါတယ်။

ဒီကနေ့ မတ်လ ၂ရက်မှာ ကျရောက်တဲ့ ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)နဲ့ PNLO တို့ ပူးပေါင်းကျင်းပခဲ့ရာ ဗိုလ်ချုပ်ခွန်သူရိန်က အခမ်းအနားမှာ အမှာစကား ပြောကြားပြီး စစ်အုပ်စုရဲ့ သွေးခွဲမှုလုပ်ရပ်တွေအပေါ် အခုလို သတိပေးခဲ့ပါတယ်။

” ဘာဖြစ်လို့ တော်လှန်ရေးက အဆုံးမသတ်သလဲ အပြီးတိုင် ဘာဖြစ်လို့မရောက်သလဲဆိုတဲ့ အချက်ကို ပြန်ဆန်းစစ်ကြည့်မယ်ဆိုရင် ကျနော်တိုပ အချင်းချင်းအကြားက အက်ကြောင်းရာကလေးကို အကြောင်းပြုပြီးတော့မှ ခေတ်အဆက်ဆက် ဖိနှိပ်အုပ်ချုပ်သူတွေဟာ အသုံးချပြီးတော့မှ အက်ကွဲထဲကို ပြဿနာမျိုးစေ့တွေ ချလိုက်တဲ့အခါမှာ တော်လှန်ရေးအဖွဲ့အချင်းချင်းအကြား မညီမညွတ်ဖြစ်အောင်ဖန်တီးပြီး သွေးကွဲစေတဲ့ ပုံသဏ္ဍန်လုပ်လာတာ ဒီကနေ့အထိပဲဖြစ်ပါတယ်” လို့ ဗိုလ်ချုပ်ခွန်သူရိန်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီလို သွေးခွဲမှုကို တော်လှန်ရေးအင်အားစုတွေအနေနဲ့ တော်လှန်ရေး သတိ နိုင်ငံရေးသတိနဲ့ အထူးသတိထား ကုစားဖို့ လိုအပ်ကြောင်း ပြောပါတယ်။

“ထပ်ဖြစ်မလာအောင်လည်း ကာကွယ်နိုင်ဖို့လည်း အင်မတန်အရေးကြီးတယ်ဆိုတာ သမိုင်းကနေ ပြတဲ့ သင်ခန်းစာတွေမြောက်များစွာ ကျနော်တို့ တွေ့ရှိရပါတယ်။” လို့ ဗိုလ်ချုပ်ခွန်သူရိန်က ပြောပါတယ်။

ဒါ့အပြင် ဘယ်လိုအခြေအနေတွေ ကြုံရသည်ဖြစ်စေ အလျှော့မပေးတဲ့ အမှန်တရား စိတ်ဓာတ်ကို လက်ကိုင်ထားပြီး အောင်ပွဲရတဲ့အထိ ညီညီညွတ်ညွတ် ၀ိုင်းဝန်းဆောင်ရွက်ဖို့လည်း ဗိုလ်ချုပ်ခွန်သူရိန်က တိုက်တွန်းပါတယ်။စစ်အာဏာရှင်စနစ် ပြုတ်ကျရေး လက်နက်ကိုင်တဲ့နည်းအပြင် နိုင်ငံတကာဖိအားတွေ တော်လှန်ရေးအင်အားစုတွေရဲ့ စည်းလုံးညီညွတ်မှုအားတွေကို အခြေခံပြီး ဆောင်ရွက်ဖို့အရေးကြီးကြောင်း ပြောပါတယ်။

” ပြင်ပဖိအားက ဘယ်လောက်က ဘယ်လောက်ပင်ကြီးကြီး ကိုယ့်ရဲ့ အတွင်းအားက မကြီးမားဘူးဆိုရင် ရန်သူကိုဖြုတ်ချဖို့ဆိုတာ အင်မတန်မှခဲယဉ်းပါတယ်”လို့ ဗိုလ်ချုပ်ခွန်သူရိန်က ပြောကြားပါတယ်။

တော်လှန်ရေးအင်အားစုတွေ စည်းလုံးညီညွတ်စွာနဲ့ စစ်အာဏာရှင်စနစ်ကို အောင်ပွဲရတဲ့အထိ တွန်းလှန် တိုက်ခိုက် တော်လှန်ကြဖို့လည်း PNLO ဥက္ကဋ္ဌက နှိုးဆော်ပါတယ်။

PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းကလည်း အခမ်းအနားမှာ မိန့်ခွန်းပြောကြားခဲ့ရာ စစ်ဘုရင်လက်သစ်တွေ ခေါင်းထောင်လာပြီး လူထုအပေါ် လက်နက်ကိုင်ဗိုလ်ကျ အနိုင်ကျင့်တာ၊ ပအိုဝ်းလူငယ်တွေနဲ့ ပအိုဝ်းအချင်းချင်းကိုတိုက်ခိုင်းတာတင်မကဘဲ ကျန် ညီနောင်တိုင်းရင်းသားတွေကိုလည်း တိုက်ခိုက်ခိုင်းနေကြောင်း ပြောပါတယ်။

ဦးအောင်ခမ်းထီ ဦးဆောင်တဲ့ PNO/PNAဟာ စစ်အာဏာရှင်အောက်ကနေ ကိုယ့်အချင်းချင်းကို ရက်ရက်စက်စက် သတ်ဖြတ်နေတဲ့ လုပ်ရပ်ဟာ ကြေကွဲစရာဖြစ်ကြောင်းလည်း ခွန်မြင့်ထွန်းက ပြောပါတယ်။စစ်အုပ်စုဟာ ပအိုဝ်းအချင်းချင်းသာမက ကျန်တဲ့ ကရင်နီအပါအဝင် အခြားတိုင်းရင်းသားတွေနဲ့ ရန်တိုက်ထားတာ ဖြစ်ကြောင်းလည်း ခွန်မြင့်ထွန်းက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။