Connect with us

Hi, what are you looking for?

သတင်း

ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်ပြည်နယ်အကြား စစ်တွေမြို့အနီးကနေမုန်တိုင်းဖြတ်မယ်လို့ အိန္ဒိယမိုးဇလဆို

လက်ရှိမှာတော့ မုန်တိုင်းဟာ စစ်တွေမြို့ရဲ့ တောင် − အနောက်တောင်ဘက် မိုင် ၅၀၀ ကျော်အကွာ ပင်လယ်ပြင်မှာ ဗဟိုပြုနေတယ်လို့ အိန္ဒိယ မိုးဇလရဲ့ခန့်မှန်းချက်အရသိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်ပြည်နယ်အကြား စစ်တွေမြို့အနီးကနေမုန်တိုင်းဖြတ်မယ်လို့ အိန္ဒိယမိုးဇလဆို
ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်ပြည်နယ်အကြား စစ်တွေမြို့အနီးကနေမုန်တိုင်းဖြတ်မယ်လို့ အိန္ဒိယမိုးဇလဆို

ဆိုင်ကလုန်းမုန်တိုင်းဟာ လာမယ့်တနင်္ဂနွေနေ့ ( မေလ ၁၄ ရက် ) နေ့လယ်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့နဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကြား စစ်တွေမြို့အနီးက ဖြတ်သန်းဝင်ရောက်မယ်လို့ အိန္ဒိယ မိုးဇလက ဒီနေ့ညနေပိုင်းမှာထုတ်ပြန်ပါတယ်။

မုန်တိုင်းဖြတ်ကျော်ချိန်မှာ တစ်နာရီကို အမြင့်ဆုံးလေတိုက်နှုန်းဟာ ၁၀၈ မိုင်ခန့် ရှိမယ်လို့ အိန္ဒိယ မိုးဇလက ခန့်မှန်းပါတယ်။

လက်ရှိမှာတော့ မုန်တိုင်းဟာ စစ်တွေမြို့ရဲ့ တောင် − အနောက်တောင်ဘက် မိုင် ၅၀၀ ကျော်အကွာ ပင်လယ်ပြင်မှာ ဗဟိုပြုနေတယ်လို့ အိန္ဒိယ မိုးဇလရဲ့ခန့်မှန်းချက်အရသိရပါတယ်။

စစ်ကောင်စီရဲ့ မိုးဇလ ကတော့ မုန်တိုင်းအရှိန်ကြောင့် နောက် ၂၄ နာရီအတွင်း မကွေးတိုင်း ၊ ပဲခူးတိုင်း ၊ ရန်ကုန်တိုင်း ၊ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်မှာ အမြင့်ဆုံးလေတိုက်နှုန်းဟာ တစ်နာရီကို မိုင် ၄၀ကနေ ၄၅ မိုင်ခန့်အထိ တိုက်ခတ်နိုင်တယ်လို့ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

မုန်တိုင်းဖြတ်ကျော်မယ့် မေလ ၁၄ ရက်နေ့မှာတော့ ရေပြင် ၊ မြေပြင်လေဟာ တစ်နာရီကို မိုင် ၉၀ မှ မိုင်၁၁၀ ခန့် တိုက်ခိုက်နိုင်တယ်လို့စစ်ကောင်စီမိုးဇလက ခန့်မှန်းပါတယ်။

လှိုင်းအမြင့်ဟာလည်း မြစ်ဝကျွန်းပေါ် ၊ ရခိုင်ကမ်းရိုးတန်းတလျောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တွေမှာ ၁၃ ပေမှ ၁၆ ပေခန့်အထိရှိနိုင်တယ်လို့ ခန့်မှန်းထားတာတွေ့ရပါတယ်။

မုန်တိုင်းဖြတ်ကျော်ချိန်မှာ မုန်တိုင်းဒီရေဟာ ရခိုင်ပြည်နယ် စစ်တွေနဲ့ မောင်တော ဒေသတွေက မြစ်ဝ၊မြစ်လက်တက်တွေမှာ ၁၀ပေမှ ၁၄ ပေခန့်အထိ နဲ့ ကျောက်ဖြူ ဒေသ မြစ်ဝ၊မြစ်လက်တက်တွေမှာ ၇ ပေ မှ ၁၀ ပေခန့်အထိ မြင့်တက်လာနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ နာမည်တပ်ပြီး အာရက္ခတပ်တော်(AA)နယ်မြေတွေဆီ ထိုးစစ်ဆင်တဲ့စစ်တပ်ကို အထိနာတပ်ဆုတ်ပြေးတဲ့အထိ ခုခံတိုက်ခိုက်ပြီးနောက်စစ်တွေမြို့နယ် အမြင့်ကျွန်း၊ ကံ့ကော်ကျွန်းနဲ့ တောကန်အနီး ဝန်းကျင်တို့ရှိ စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​တွေမှာစက်တင်ဘာ၄​နောက်ပိုင်းစစ်သား ၂၀၀ခန့်​သေဆုံးဟုဆို

နိုင်ငံတကာ

BRICS စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ရဲ့ ထိပ်သီးညီလာခံ တက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေ အိန္ဒိယ နိုင်ငံမှာ တွေ့ဆုံခဲ့ကြပါတယ်။

Facebook