Connect with us

Hi, what are you looking for?

သတင်း

မုန်တိုင်းကြောင့် မိုးသည်းပြီး ပုဂံ ဘုရားအချို့ ထိခိုက်ပျက်စီး

စူဠာမဏိဘုရားပရဝဏ်ထဲ ရေကြီးလို့ မီးသတ်က ရေစုပ်စက်နဲ့ စုပ်ထုပ်နေရတာလည်း တွေ့ရပါတယ်။လူသိများထင်ရှားတဲ့ အာနန္ဒာဘုရားပရဝဏ်လည်းရေဝင်တာတွေရှိခဲ့ပါတယ်။

ဓာတ်ပုံ −လူမှုကွန်ရက်
ဓာတ်ပုံ −လူမှုကွန်ရက်

ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့်ညောင်ဦးမြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး ပုဂံဒေသက နာမည်ကြီး ဘုရားအချို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ ဒေသခံအချို့ဆီက စုံစမ်းသိရပါတယ်။

မုန်တိုင်း မြန်မာနိုင်ငံကိုမဖြတ်သန်းမီ တစ်ရက်အလိုမေလ ၁၃ ရက်ကစတင်ပြီး ညောင်ဦးမြို့နယ်ထဲမှာ မိုးကြီးခဲ့တာပါ။

ဓာတ်ပုံ −လူမှုကွန်ရက်
ဓာတ်ပုံ −လူမှုကွန်ရက်

မေလ ၁၃ ရက်နဲ့ မေလ ၁၄ ရက်တွေမှာ မိုးကြီးပြီး ပုဂံဘုရားတွေမှာ မိုးရေယိုကျတာ ၊ ဘုရာပရဝုဏ်ထဲ ရေဝင်တာ ၊ ရင်ပြင် ၊ မုဒ်ဦးနဲ့ တံတိုင်းတွေ ပြိုကျတာတွေ ရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

ပျက်စီးမှုရှိခဲ့တဲ့ နာမည်ကြီး ဘုရားတွေမှာ သဗ္ဗညုဘုရား ရဲ့ အုတ်တံတိုင်းပဲ့ကျတာ ၊ ဓမ္မရာဇကဘုရားရင်ပြင်အုတ်ခုံပြိုတာ ၊ပုထိုးသားများဘုရားရဲ့ မုဒ်အဝင် ပဲ့ကျတာ တွေ ရှိခဲ့တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ −လူမှုကွန်ရက်
ဓာတ်ပုံ −လူမှုကွန်ရက်

ဒါအပြင် အာဏာသိမ်းစစ်ခေါင်းဆောင် ထီးတင်ခဲ့တဲ့ ထီးလိုမင်းလိုဘုရားရဲ့အရှေ့ဘက်ခြမ်းမုဒ်အဝင်တံတိုင်းလည်း ၈ ပေခန့် ပဲ့ကျသွားတယ်လို့ ဒေသခံသတင်းရင်းမြစ်ဆီကသိရပါတယ်။

စူဠာမဏိဘုရားပရဝဏ်ထဲ ရေကြီးလို့ မီးသတ်က ရေစုပ်စက်နဲ့ စုပ်ထုပ်နေရတာလည်း တွေ့ရပါတယ်။လူသိများထင်ရှားတဲ့ အာနန္ဒာဘုရားပရဝဏ်လည်းရေဝင်တာတွေရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

နိုင်ငံတကာ

အားကောင်းတဲ့ မုန်တိုင်းတစ်ခုကြောင့် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဒေသတွေမှာ လေပြင်းတွေတိုက်၊ မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး အရေးပေါ် ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ခဲ့ရပါတယ်။

ဆောင်းပါး

"မီးတောက်တွေကလည်း များလိုက်တာ။ အမေတို့ ပြေးဖို့ပြင်လိုက်အုန်းမယ်"

သတင်း

ရှေးဟောင်းမြို့တော် ပုဂံ၊ညောင်ဦးမြို့က စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် နောင်နောင်အပါအဝင် ၆ ဦးကို တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ လူထုနွေဦးက စုံစမ်းသိရပါတယ်။