Connect with us

Hi, what are you looking for?

သတင်း

မူးမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာများအတွင်းပစ်ခတ်၍ ဒေသခံပြည်သူ ရှစ်ထောင်ကျော်ထွက်ပြေးရဟု KNU အသိပေး

မေလ ၁၁ရက်မှစတင်၍ အဆိုပါဒေသသို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ် ပူးပေါင်းစစ်ကြောင်းနှင့် KNLA တပ်ရင်း(၈) ပူးပေါင်းတပ်တို့ ရေအိုးစဉ်ရွာတွင် တိုက်ပွဲဖြစ်ခဲ့သည်ဟုဆိုသည်။

(ထွက်ပြးတိမ်းရှောင်နေရသော မူးမြို့နယ်အတွင်းမှ ဒေသခံပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - KNU)
(ထွက်ပြးတိမ်းရှောင်နေရသော မူးမြို့နယ်အတွင်းမှ ဒေသခံပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - KNU)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃) ညောင်လေးပင်ခရိုင် မူးမြို့နယ်အတွင်း၌ အာဏာသိမ်းစစ်ကောင်စီတပ်များက ကျေးရွာများအတွင်းသို့ ဝင်ရောက်ပစ်ခတ်မှု များကြောင့် ဒေသခံပြည်သူ ရှစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU ဗဟိုက ယနေ့ ထုတ်ပြန်သည်။

မေလ ၁၄ရက် နံနက်က မူးမြို့နယ်အတွင်း ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၈) ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်များက ကျေးရွာများအတွင်း ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့ကြောင့် ဒေသခံများ အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြ ရကြောင်း ဖော်ပြသည်။

မေလ ၁၁ရက်မှစတင်၍ အဆိုပါဒေသသို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ် ပူးပေါင်းစစ်ကြောင်းနှင့် KNLA တပ်ရင်း(၈) ပူးပေါင်းတပ်တို့ ရေအိုးစဉ်ရွာတွင် တိုက်ပွဲဖြစ်ခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် မေလ ၁၃ရက်တွင် စစ်ကောင်စီတပ်များက မီးတိုင်တောကျေးရွာအတွင်းသို့ ဝင်ရောက်လာခဲ့ပြီး နှစ်ဖက်တိုက်ပွဲ မိနစ်အနည်းငယ်ကြာဖြစ်ပွားခဲ့ကြောင်း၊ မေလ ၁၄ရက် နံနက်တွင်လည်း ကျောင်းစု(ပေါ်ပီဒဲ)ရွာတွင် တိုက်ပွဲထပ်မံဖြစ်ခဲ့ကြောင်း ဖော်ပြသည်။

(ထွက်ပြးတိမ်းရှောင်နေရသော မူးမြို့နယ်အတွင်းမှ ဒေသခံပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - KNU)
(ထွက်ပြးတိမ်းရှောင်နေရသော မူးမြို့နယ်အတွင်းမှ ဒေသခံပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ – KNU)

ယင်းသို့ တိုက်ပွဲများထပ်မံဖြစ်ပွားခဲ့သောကြာင့် အနီးအနားရှိ ကျေးရွာနေပြည်သူလူထုများမှာ ကြောက်လန့်ကာ ထွက်ပြေးတိမ်းရှောင် နေကြရကြောင်း၊ လက်ရှိတွင် စစ်ကောင်စီတပ်သည် ကျောင်းစုရွာအတွင်း တပ်စွဲထားကြောင်း၊ ပြည်သူလူထုများအား ဖမ်းဆီးခြင်း၊ ပစ်ခတ်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း ထွက်ပြေး တိမ်းရှောင်လာသည့်ဒေသခံများ၏ ပြောကြားချက်ကို KNU ဗဟိုက ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

ကောက်ခံရရှိထားသည့် စာရင်းများအရ တိမ်းရှောင်ပြည်သူအရေအတွက်မှာ ကျေးရွာ (၈)ရွာမှ အိမ်ခြေ ၁,၇၀၀ ကျော်၊ လူဦးရေ ၈၆၀၀ ကျော်ဖြစ်သည်ဟု ဖော်ပြထားသည်။

တိမ်းရှောင်ပြည်သူများမှာ အခက်အခဲများစွာ ကြုံနေကြရသည်ဟုလည်း ထုတ်ပြန်ထားသည်။

(ထွက်ပြးတိမ်းရှောင်နေရသော မူးမြို့နယ်အတွင်းမှ ဒေသခံပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - KNU)
(ထွက်ပြးတိမ်းရှောင်နေရသော မူးမြို့နယ်အတွင်းမှ ဒေသခံပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ – KNU)

အဆိုပါ စစ်ကောင်စီတပ် စစ်ကြောင်းများသည် မေလ ၁၀ ရက်က မုန်းမြို့နယ် ညောင်ပင်သာရွာက ဒေသခံ ၁၉ဦးကို မီးရှို့သတ်ဖြတ်ခဲ့ပြီး တစ်ဦးကို နှိပ်စက်သတ်ဖြတ်ခဲ့သည့် စစ်ကြောင်းဖြစ်ကြောင်း KNU က အသိပေးထားသည်။ ထို့ပြင် စစ်ကောင်စီတပ်သည် အမျိုးသမီး သုံးဦး အပါအဝင် ပြည်သူ ခုနစ်ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း KNUက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။