Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုနယ် သေးဆူလဲရွာတပ်စွဲထားသော စစ်ကောင်စီတပ်အား KNDF တိုက်ခိုက်

ဒီးမော့ဆို၏ မြောက်ဘက်ခြမ်းတွင်ရှိသော သေးဆူလဲကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ်က ယခုနှစ်ဆန်းပိုင်းတွင် ပြန်လည်တပ်စွဲထားခြင်း ဖြစ်သည်။

(ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း - ၅ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ - KNDF)
(ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း - ၅ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ - KNDF)

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ သေးဆူလဲကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)တပ်ရင်း – ၅က ယနေ့ ထုတ်ပြန်သည်။

ဒီးမော့ဆို၏ မြောက်ဘက်ခြမ်းတွင်ရှိသော သေးဆူလဲကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ်က ယခုနှစ်ဆန်းပိုင်းတွင် ပြန်လည်တပ်စွဲထားခြင်း ဖြစ်သည်။

ထို့ကြောင့် မေလ ၁၄ရက်တွင် KNDF တပ်ရင်း(၅)က သေးဆူလဲ၌ တပ်စွဲထားသော စစ်ကောင်စီတပ်များအား ကင်းထောက်လှမ်းရင်း ရှောင်တခင်ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

ထိုသို့တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးပြီး နှစ်ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“ကုန်းသာ၊သေးဆူလဲ၊ပူဖားနဲ့ ဒေါကမီးနယ်မြေမှာက စစ်ကောင်စီက အင်အား ၈၀လောက်နဲ့တပ်စွဲထားတယ်။မနှစ်ကဒီဇင်ဘာလောက်က ကာကွယ်ရေးတပ်ဖွဲ့တွေက နယ်မြေစိုးမိုးရေး ဝင်တိုက်ခဲ့ဖူးတာရှိတယ်။ အခုက ဒီးမော့ဆိုမှာက နယ်မြေဘက်ပေါင်းစုံ တိုက်ပွဲဖြစ်နေတယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

လက်ရှိတွင်လည်း ဒီးမော့ဆိုအရှေ့ဘက်ခြမ်းဒေသ၌ စစ်ကောင်စီက အင်အားတိုး၍ ထိုးစစ် ဆင်နေသည်ဟု ၎င်းက ဆိုသည်။

ထို့အတူ ယမန်နေ့ကလည်း သေးဆူလဲတွင် တပ်စွဲထားသောစစ်ကောင်စီအား ထပ်မံဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲမှာ (၂)နာရီဝန်းကျင်ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဖက်မှထိခိုက်မှုများရှိကာ ရဲဘော်များက အခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း KNDF တပ်ရင်း(၅)က အသိပေးသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။