Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုနယ် သေးဆူလဲရွာတပ်စွဲထားသော စစ်ကောင်စီတပ်အား KNDF တိုက်ခိုက်

ဒီးမော့ဆို၏ မြောက်ဘက်ခြမ်းတွင်ရှိသော သေးဆူလဲကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ်က ယခုနှစ်ဆန်းပိုင်းတွင် ပြန်လည်တပ်စွဲထားခြင်း ဖြစ်သည်။

(ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း - ၅ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ - KNDF)
(ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း - ၅ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ - KNDF)

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ သေးဆူလဲကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)တပ်ရင်း – ၅က ယနေ့ ထုတ်ပြန်သည်။

ဒီးမော့ဆို၏ မြောက်ဘက်ခြမ်းတွင်ရှိသော သေးဆူလဲကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ်က ယခုနှစ်ဆန်းပိုင်းတွင် ပြန်လည်တပ်စွဲထားခြင်း ဖြစ်သည်။

ထို့ကြောင့် မေလ ၁၄ရက်တွင် KNDF တပ်ရင်း(၅)က သေးဆူလဲ၌ တပ်စွဲထားသော စစ်ကောင်စီတပ်များအား ကင်းထောက်လှမ်းရင်း ရှောင်တခင်ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

ထိုသို့တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးပြီး နှစ်ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“ကုန်းသာ၊သေးဆူလဲ၊ပူဖားနဲ့ ဒေါကမီးနယ်မြေမှာက စစ်ကောင်စီက အင်အား ၈၀လောက်နဲ့တပ်စွဲထားတယ်။မနှစ်ကဒီဇင်ဘာလောက်က ကာကွယ်ရေးတပ်ဖွဲ့တွေက နယ်မြေစိုးမိုးရေး ဝင်တိုက်ခဲ့ဖူးတာရှိတယ်။ အခုက ဒီးမော့ဆိုမှာက နယ်မြေဘက်ပေါင်းစုံ တိုက်ပွဲဖြစ်နေတယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

လက်ရှိတွင်လည်း ဒီးမော့ဆိုအရှေ့ဘက်ခြမ်းဒေသ၌ စစ်ကောင်စီက အင်အားတိုး၍ ထိုးစစ် ဆင်နေသည်ဟု ၎င်းက ဆိုသည်။

ထို့အတူ ယမန်နေ့ကလည်း သေးဆူလဲတွင် တပ်စွဲထားသောစစ်ကောင်စီအား ထပ်မံဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲမှာ (၂)နာရီဝန်းကျင်ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဖက်မှထိခိုက်မှုများရှိကာ ရဲဘော်များက အခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း KNDF တပ်ရင်း(၅)က အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်း-ကရင်နီဒေသအစပ် မိုးဗြဲမြို့အနီးတိုက်ပွဲမှာ ရဲဘော် ၁ဦးကျဆုံးခဲ့တယ်လို့ ဒီးမော့ဆိုအမှတ် (၁၁၀၂ )တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။